Tuesday , September 25 2018
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Entertainment / စိတ်ရင်းနဲ့ပေါင်းခဲ့လို့ အောင်မြင်ကျော်ကြားသူအဖြစ် ရပ်တည်ခွင့်ရနေတယ်လို့ ဆိုတဲ့ အိချောပို

စိတ်ရင်းနဲ့ပေါင်းခဲ့လို့ အောင်မြင်ကျော်ကြားသူအဖြစ် ရပ်တည်ခွင့်ရနေတယ်လို့ ဆိုတဲ့ အိချောပို

(ရန်ကုန်၊ ဇန်န၀ါရီ – ၁၈)

ရုပ်ရှင် ဗီဒီယိုဇာတ်ကား အတော်များများမှာ ပါဝင်သရုပ်ဆောင်ခွင့်ရနေတဲ့ အပြင် ရုံတင်ပြသနေတဲ့ ဇာတ်ကားတိုင်းမှာလည်း အနုပညာ အရည်အသွေးတွေ တက်လာတဲ့ အိချောပို က လူတိုင်းကို စိတ်ရင်းနဲ့ပေါင်းခဲ့လို့သာ အောင်မြင်ကျော်ကြားသူအဖြစ် ရပ်တည်ခွင့်ရနေတယ်လို့ ဆိုလိုက်ပါ တယ်။

“ဒါကလည်း ပရိသတ်ရဲ့ ကျေးဇူးတွေကြောင့်ပါပဲ။အိချော တို့ရဲ့ အနုပညာ လုပ်ဖော်ကိုင်ဖက်တွေဖြစ်တဲ့ ထုတ်လုပ်သူတွေ၊ ဒါရိုက်တာတွေ၊ စီနီယာ မင်းသား မင်းသမီးတွေ ကျေးဇူးကြောင့်လည်း ပါပါတယ်။ အကုန်လုံးရဲ့ ကျေးဇူးကြောင့်ပါပဲ။အားလုံးက ၀ိုင်းဝန်းပံ့ပိုးပေးမှုနဲ့အတူ အိချော ကလည်း အားလုံးနဲ့ အဆင်ပြေအောင် လိုက်လျောညီထွေစွာနဲ့ နေပါတယ်။ ဘယ်လိုအကြောင်း အမျိုးမျိုးပဲရှိရှိ အဆင်ပြေစွာနေပါတယ်။ အဆင်ပြေအောင် နေတာထက်စာရင် စိတ်ရင်းနဲ့ အားလုံးကိုပေါင်းတယ်။ အမြဲတမ်းလည်း ဘယ်သူ့ကိုမဆို ကိုယ့်ရင်ထဲက စိတ်ရင်းအတိုင်းပဲ ပေါင်းပါတယ်။ အဲလိုပဲနေတတ်တယ်။နောက်ဆုံးပြောရရင် ကိုယ့်ကိုအားပေးနေတဲ့ ပရိသတ်ကိုလည်း စိတ်ရင်းနဲ့ပဲ ပေါင်းတတ်ပါတယ်။ အဲဒီတော့ သူတို့က အိချော ကို ပြန်ချစ်ကြပါတယ်။ အဲ့ဒါကြောင့်လဲ အိချော အလုပ်တွေ လုပ်ခွင့်ရလာတယ်လို့ မြင်ပါတယ်” ဟု အိချောပို က ဆိုပါတယ်။

၂၀၁၇ ခုနှစ် အတွင်းပိုင်းနဲ့ ၂၀၁၈ ခုနှစ် အစမှာတော့ ရုံတင်ပြသတဲ့ ရုပ်ရှင်များမှာ အိချောပို ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတိုင်းလိုလိုကို မြင်တွေ့ရတာ များလာတာဟာ သူမရဲ့ အနုပညာအရည်အသွေးတွေ မြင့်တက်လာပြီး ၀င်ငွေအများဆုံးသော ထိပ်တန်းမင်းသမီးစာရင်းမှာ ပါဝင်လာခြင်း ဖြစ်ပါတယ်။

အခုလည်း ဇာတ်ကားတွေ ပြန်လည်ရိုက်ကူးပြီဖြစ်တဲ့ ရဲတိုက် ရဲ့ ပထမဆုံးဗီဒီယိုဇာတ်ကားဖြစ်တဲ့ “မှန်” ဇာတ်ကားကို အိချောပို နဲ့ ရိုက်ကူးတာက ဈေးကွက်ဝင် မင်းသမီးတစ်လက် ဖြစ်နေတာကြောင့် ရဲတိုက် ကို အိချောပို နဲ့ ဈေးကွက်ပြန်လည်ထိုးဖောက်ခြင်း ဖြစ်တယ်လို့ သုံးသပ်မိပါတယ်။

ဒီဇာတ်ကားမှာ ဇာတ်ဝင်ခန်းအရ ထောင်ကထွက်လာတဲ့ ရဲတိုက် ကို သနားပြီး ချစ်သူရည်စားဖြစ်ခဲ့တဲ့ အိချောပို က ဘယ်လိုကာကွယ်မှုတွေ လုပ်သွားမယ်ဆိုတာ ဒါရိုက်တာ သားညီ ရိုက်ကူးပုံဖော် ထုဆစ်နေတဲ့ “မှန်” ဇာတ်ကားမှာ တွေ့မြင်ရဦးမှာပါ။

မြင့်မိုရ်ကိုကို

ပစ်တိုင်းထောင်၏ မိတ်ဖက်မီဒီယာ ဖြစ်သော Opinion Leaders News မှ ပြန်လည်ဝေမျှ ပေးပါသည်။
Photo- Ei Chaw Po FB

Check Also

မြို့ပေါ်က မြန်မာသံတွေ အားမပေးတာကြောင့် ထမင်းကျွေးနေတဲ့ နယ်ဘက်ကို အားကိုးနေရတယ်လို့ ဗညားဟန် ရင်ဖွင့်လာ

ခေတ်မီလာတဲ့ခေတ် အခြေအနေကိုကြုံဆုံ နေရတဲ့ မြန်မာသံအဆိုတော်များ အနေနဲ့မြန်မာသံဂီတများကို မြို့နေလူတန်းစားများ အားပေးမှုမရှိကြခြင်းကြောင့် ထမင်းကျွေးနေတဲ့ တောနေပရိသတ်များကိုသာ အားကိုး နေရ တယ်လို့ မြန်မာသံအဆိုတော် ဗညားဟန်က ပွင့်လင်းစွာဖြင့်ရင်ဖွင့်လာပါတယ်။ …

Leave a Reply

Your email address will not be published. Required fields are marked *