Tuesday , September 25 2018
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Featured / ဆာလောင်နေတဲ့ ကျောင်းနေကလေးတွေအတွက် အခမဲ့မုန့်ဈေးတန်း ဖွင့်လှစ်

ဆာလောင်နေတဲ့ ကျောင်းနေကလေးတွေအတွက် အခမဲ့မုန့်ဈေးတန်း ဖွင့်လှစ်

ဆာလောင်နေတဲ့ ကျောင်းနေကလေးငယ်တွေကို လတ်ဆတ်တဲ့ စားစရာတွေ အခမဲ့ပေးဖို့ရည်ရွယ်ပြီး လန်ဒန်မြို့Stanhope မူလတန်းကျောင်းမှာ ပထမဆုံး အခမဲ့မုန့်ဈေးတန်း ဖွင့်လှစ်ပေးခဲ့ပါတယ်။ ကလေးတွေအနေနဲ့ အခမဲ့မုန့်ဈေးတန်းက မုန့်ကို အိမ်ယူသွားပြီးမှ စားလို့လည်း ရပါတယ်။ ဒါဟာ The Independent နဲ့ London Evening Standard သတင်းဌာနတွေရဲ့ ခရစ္စမတ်ကာလ ပန်ကြားမှုအစီအစဉ် (Help a Hungry Child)ကနေ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။

လန်ဒန်မြို့မှာ အစားအစာ လောက်လောက်ငင မစားရတဲ့ ကလေးငယ် ၇၀၀၀၀ နီးပါးရှိပြီး သူတို့တွေဟာ ဆာလောင်မွတ်သိပ်စွာနဲ့ အိပ်ယာဝင်နေရပါတယ်။ Help a Hungry Child အစီအစဉ်မှာ ရရှိလာတဲ့ အလှူငွေတွေကို The Felix Project တွေ အသုံးပြုသွားမှာပါ။ The Felix Project ဆိုတာ လန်ဒန်မြို့က ဆင်းရဲနွမ်းပါးတဲ့ စာသင်ကျောင်းတွေ ၁၂၀မှာ အစားအစာ အခမဲ့ပေးမယ့် မုန့်ဈေးတန်းတွေ ဖွင့်လှစ်သွားမယ့် စီမံကိန်းဖြစ်ပါတယ်။ ဒီစီမံကိန်းရဲ့ ရည်မှန်းချက်ကတော့ ဆာလောင်စိတ်နဲ့ အိပ်ယာဝင်ရတဲ့ကလေး မရှိစေရေးပါပဲ။

Check Also

ရုပ်ဆိုးလွန်းလို့ လှောင်ပြောင်တာတွေ မခံနိုင်တော့တဲ့အဆုံး မျက်နှာခွဲစိတ်ပြီး ချမ်းသာတဲ့သူနဲ့ လက်ထပ်နိုင်ခဲ့

ရုပ်ဆိုးဖူးမှ ရုပ်ဆိုးတဲ့ ခံစားချက်ကို နားလည်နိုင်မှာပါ။ ရုပ်ချောသူတွေကတော့ ရုပ်ဆိုးခြင်းရဲ့ ခံစားချက်ကို ဘယ်နားလည်နိုင်ပါ့မလဲနော်။   ဗီယက်နမ်နိုင်ငံမှ အသက် ၂၂ နှစ်အရွယ် မိန်းမကလေးဟာ ဘွဲ့ရပြီးပြီးခြင်းမှာလည်း …

Leave a Reply

Your email address will not be published. Required fields are marked *