Tuesday , October 23 2018
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Entertainment / ဇာတ်ကားတစ်ကား လက်ခံရင် ဇာတ်လမ်းကိုကြည့်တယ် ဒါရိုက်တာနဲ့ ကိုယ့် ကာရိုက်တာကိုကြည့်ပြီး လက်ခံတယ်ဆိုတဲ့ သက်မွန်မြင့်

ဇာတ်ကားတစ်ကား လက်ခံရင် ဇာတ်လမ်းကိုကြည့်တယ် ဒါရိုက်တာနဲ့ ကိုယ့် ကာရိုက်တာကိုကြည့်ပြီး လက်ခံတယ်ဆိုတဲ့ သက်မွန်မြင့်

လက်တစ်လောမှာ “ဥပါယ်တံမျဉ်”ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပရိတ်အားပေးမှု ရရှိနေတဲ့ သရုပ်ဆောင်တွေထဲမှာ အကယ်ဒမီ သက်မွန်မြင့်လည်း ပါရှိပါတယ်။ လက်တစ်လောမှာ “စားကျက်”ဇာတ်ကား ရိုက်ကူးနေတယ်ဆိုတာကြောင့် သက်မွန်ရဲ့ဇာတ်ကားတွေ ရိုက်ကူးမှု ကတော့ တစ်လတစ်ကားလောက် ဆက်နေတယ်။ အခုကတော့ ပုပ္ပါးမှာလည်း ဇာတ်ကားတစ်ကား ရိုက်ဖြစ်တယ်။ အောင်ပန်းမှာ ကိုဘုဏ်းသိုက်က ဒါရိုက်တာ အနေနဲ့ စားကျက်ရုပ်ရှင် ဇာတ်ကားကြီးကို ကိုနိုင်းနိုင်းရယ်၊ ဘုဏ်းသိုက်လည်း ပါဝင်သရုပ်ဆောင်မယ်။

မတ်၂၅ ရက်နေ့က စရိုက်ကြတာပါ။ သင်္ကြန်ပြီးရင် ကိုစတီးလ်(ဒွေးမေတ္တာ)၊ကိုနိုင်းနိုင်း၊ ထွန်းကိုကို တို့နဲ့ဇာတ်ကားတစ်ကား ရိုက်ဖို့လည်း ရှိပါတယ်လို့ ပြောပြလာတဲ့ သရုပ်ဆောင်သက်မွန်မြင့်ကို စားကျက်ထဲက ကာရိုက်တာ အကြောင်းမေးကြည့်တော့ သက်မွန်က ဒီဇာတ်ကားမှာတော့ သိုးတွေကို ထိန်းကျောင်းတဲ့သား တစ်ယောက်ရဲ့ အမေမုဆိုးမနေရာက သရုပ်ဆောင်ရမှာပါ။

အခုလောလောဆယ်တော့ ကိုဘုဏ်းသိုက်လိုချင်တာလေးတွေ ဖြည့်ဆည်းနေတယ်။ ရှမ်းပြည်ဘက်ကို သွားရောက်ရိုက်ကူးမှာ ဆိုတော့ ရှမ်းပြည်ဘက်က မုဆိုးမတစ်ယောက်ရဲ့ ဘ၀ကိုတစ်ယောက်ထဲရင်ဆိုင်ရတဲ့ ကာရိုက်တာပီပြင်အောင် ၀တ်စားပိုင်းစီစဉ်နေတယ်။

ဒီဇာတ်ကားထဲက ကောင်မလေးရဲ့စိတ်နေစိတ်ထားတွေကို ကိုဘုဏ်းသိုက်က အသေးစိတ်ပြောပြတာကို စိတ်ထဲမှာလည်း  ထည့်ထားပါတယ်” လို့ပြောပြလာတဲ့ သက်မွန်ကို ဥပါယ်တံမျဉ် မှာ သရုပ်ဆောင်သစ်တွေနဲ့ တွဲရိုက်ပြီးအောင်မြင်တော့ နောက်ထပ် သရုပ်ဆောင် သစ်တွေနဲ့တွဲရိုက်ဖို့ရှိလား ဆိုတာမေးကြည့်တော့ “သက်မွန်က အဓိကဇာတ်လမ်းကို ကြည့်တယ်။

နောက် သက်မွန်ရဲ့ကာရိုက်တာနဲ့ ဒါရိုက်တာကိုလည်း ကြည့်ဖြစ်ပါတယ်။ သရုပ်ဆောင် အသစ်တွေ ဘာတွေဆိုတာကတော့ ဒီလိုပဲလက်တွဲခေါ်ရမှာပဲ။ ကိုယ့်ကိုလည်း ဒီလိုပဲလက်တွဲခေါ်ခဲ့ကြတာပဲ ဆိုတော့ ကိုယ့်ရဲ့တာဝန်လို့သဘော ထားပါတယ်။ ကိုယ်ကတော့ ပရိတ်သတ်အတွက် ပေးစပ်နိုင်အောင်ကြိုးစား ရမှာပေါ့လို့ ပစ်တိုင်းထောင် အွန်လိုင်းမီဒီယာကို ပြောပါတယ်။

Check Also

မြို့ပေါ်က မြန်မာသံတွေ အားမပေးတာကြောင့် ထမင်းကျွေးနေတဲ့ နယ်ဘက်ကို အားကိုးနေရတယ်လို့ ဗညားဟန် ရင်ဖွင့်လာ

ခေတ်မီလာတဲ့ခေတ် အခြေအနေကိုကြုံဆုံ နေရတဲ့ မြန်မာသံအဆိုတော်များ အနေနဲ့မြန်မာသံဂီတများကို မြို့နေလူတန်းစားများ အားပေးမှုမရှိကြခြင်းကြောင့် ထမင်းကျွေးနေတဲ့ တောနေပရိသတ်များကိုသာ အားကိုး နေရ တယ်လို့ မြန်မာသံအဆိုတော် ဗညားဟန်က ပွင့်လင်းစွာဖြင့်ရင်ဖွင့်လာပါတယ်။ …

Leave a Reply

Your email address will not be published. Required fields are marked *