Tuesday , June 19 2018
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Featured / ညတိုင်းညတိုင်း မိသားစုနဲ့ ​တွေ့ဖို့အတွက်​ ​မြေ​​အောက်​မီးရထားဘူတာက WIFI ကို ညတိုင်းလာသုံးသူ

ညတိုင်းညတိုင်း မိသားစုနဲ့ ​တွေ့ဖို့အတွက်​ ​မြေ​​အောက်​မီးရထားဘူတာက WIFI ကို ညတိုင်းလာသုံးသူ

ပြောင်း​ရွေ့​အ​ခြေချ အလုပ်​သမား​တွေရဲ့ ဘဝဟာခက်​ခဲကြမ်းတမ်းလွန်းလှပါတယ်​။ တရုတ်​နိုင်​ငံက ​ရွှေ့​ပြောင်းအလုပ်​သမား တစ်​​ယောက်​ဟာဆိုရင်လည်း နယ်​​မြေခြားက မိသားစုနဲ့ ဗီဒီယို​ကောလ်​ ​ခေါ်နိုင်​ဖို့အတွက်​ မီးရထားဘူတာရုံက Wifi ကို ညတိုင်းညတိုင်း လာသုံး​နေတဲ့ဓာတ်​ပုံ​တွေဟာ အင်​တာနက်​​ပေါ်မှာ လတ်​တ​လောပျံ့နှံ့လာခဲ့ပါတယ်​။

ဂီယွန်​ဇန်​ဆိုတဲ့ အလုပ်​သမားတစ်​​ယောက်​ဟာ တရုတ်​နိုင်​ငံ အလယ်​ပိုင်း ဟီနန်​ပြည်​နယ်​မှာ​နေထိုင်​သူတစ်​ဦးဖြစ်​ပြီး ​ပြီးခဲ့တဲ့ ​အောက်​တိုဘာလက ​ဘေဂျင်းမှာ လာ​ရောက်​ အလုပ်​လုပ်​​နေသူတစ်​​ယောက်​ဖြစ်​ပါတယ်​။

ဆောက်​လုပ်​​ရေး အလုပ်​သမားတစ်​​ယောက်​ဖြစ်​တဲ့ ယွန်​ဇန်​ဟာ ​တစ်​​နေ့ကို ယွမ်​ ၂၀၀ က​နေ ၃၀၀ ကြား (​ဒေါ်လာ ၃၀ က​နေ ၄၀ ကြား) ရသူတစ်​ဦး ဖြစ်​ပြီး သူတို့​​ဆောက်​လုပ်​​ရေးခွင်​အနီးက အ​ဆောင်​တစ်​ခုမှာ ​နေထိုင်​သူပါ။

ဒေါ်လာ ၃၀ ဆိုတာ မြန်​မာ​ငွေအ​နေနဲ့ဆိုရင်​ ကျပ်​ ၄ ​သောင်း​လောက်​ရှိပြီး များပြားတဲ့ပမာဏတစ်​ခုလို့​ပြောနိုင်​တယ်​ဆို​ပေမဲ့ မိသားစုကို စား​သောက်​ဖို့​ငွေသာဖယ်​ထားပြီး ကျန်​တာအကုန်​ပြန်​ပို့ရတဲ့ ယွန်​ဇန်​အတွက်​​တော့ နည်းပါးလွန်းပါတယ်​။ ဒါ​ကြောင့်​ ယွန်​ဇန်​ဟာ အင်​တာနက်​ဖိုးကို​တောင်​ မတတ်​နိုင်​တာ​ကြောင့်​ သူ​နေတဲ့ အ​​ဆောင်​အနီးက မီးရထားဘူ​တာကို ညတိုင်းသွားကာ မျသားစုနဲ့ ဗီဒီယို​ကောလ်​ ​ခေါ်ဖို့အတွက်​ Wifi သွားသုံးရတယ်​ လို့သိရပါတယ်​။

“ကျွန်​​တော်​ ​ငွေပိုသုံးဖို့​တော့မရှိဘူး​ဗျာ။ ဒါ​ပေမဲ့ ကျွန်​​တော်​မိသားစုကို အရမ်းလွမ်းလို့ အခုလို ညတိုင်း ဗီဒီယို​ကောလ်​ ​ပြောရတာကာလို့,” ယွန်​ဇန်​က South China Morning Post သတင်းစာကို​ပြောဆိုခဲ့ပါတယ်​။

စစ်​တမ်းများရ ၂၀၁၆ ခုနှစ်​အတွင်​ တရုတ်​နိုင်​ငံက ​ပြောင်း​ရွေ့လုပ်​သား ၇၆.၆၆ သန်းဟာ တရုတ်​နိုင်​ငံတစ်​ဝှမ်းလုပ်​ကိုင်​​နေကြ​ကြောင်းသိရပါတယ်​။

Slash (ပစ်​တိုင်း​ထောင်​)

Ref : Nextshark

Check Also

ကမ္ဘာ့ ပထမဆုံး လက်မပါတဲ့ အမျိုးသမီး လေယာဉ်မူး Jessica Cox

မွေးရာပါ လက်ပါတဲ့ မိန်းကလေး တစ်ယောက်ရဲ့ ရည်မှန်းချက်က လေယာဉ်မှုး ဖြစ်ချင်တာပါ။ Jessica Cox ဆိုတဲ့ အမေရိကန်က အမျိုးသမီးဟာ မွေးရာပါ လက်မပါခဲ့ပေမယ့် အခု …

Leave a Reply

Your email address will not be published. Required fields are marked *