Tuesday , September 25 2018
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Entertainment / ဒီနှစ်အကယ်ဒမီ မအူဝဲကိုရစေချင်တယ်လို့ မယ်လိုဒီပြော

ဒီနှစ်အကယ်ဒမီ မအူဝဲကိုရစေချင်တယ်လို့ မယ်လိုဒီပြော

မကြာမှီရက်ပိုင်းအတွင်း ကျင်းပတော့မည့်မြန့်ရုပ်ရှင်ထူးချွန်ဆု ပေးပွဲမှာ အကယ်ဒမီအတွတ် တစ်ကြို ပြေးနေတဲ့ အနုပညာရှင်တွေ အကြောင်းဘယ်သူတွေရနိုင်လဲဆိုတာ သရုပ်ဆောင် အကယ်ဒမီမယ်လိုဒီနဲ့မေးကြည့်တော့
“ဒီနှစ်တော့ မအူဝဲရမယ်ထင်တယ်။ ရလည်း ရစေချင်တယ်။ မအူဝဲကိုရစေချင်တာက သူတစ်ကယ်လည်းတော်တယ် သူရတဲ့ ဆုကနည်းနေသလားလို့။ မျိုးကတော့ ဒီနှစ်မရနိုင်ဘူးလေ။ မျိုးရဲ့ကားတွေ မပါဘူးဆိုတော့ အမျိုးသား သရုပ်ဆောင်ကတော့ ဘယ်သူရမလဲတော့ မသိဘူး။

အမျိုးသားဆုတော့မျိုး မမှန်းတတ်ဘူးလို့ပြောလာတဲ့ မယ်လိုဒီကို ဒီနှစ်အကယ်ဒမီ ဆုပေးပွဲမှာ သက်ကြီး အနုပညာရှင်တွေအတွက် “တစ်သက်တာထာဝရဆု”ဆိုပြီးဆုတဆု တိုးလာတဲ့ အပေါ်သူမရဲ့စိတ်ခံစားမှု ပီတိဝမ်းသာစကားလေးကို အခုလိုပြောပြလာခဲ့တာက”အနုပညာသမားတွေ အတွတ်အောင်မြင်မှုပန်းတိုင်ဆိုတာ မီးရှုးမီးပန်းလိုပဲရွှီးကနဲ အပေါ်ရောက်သွားပြီး အရမ်းအရောင်လင်းလက်တောက်ပပြီးဖောက်ခနဲ ဆိုပျောက်ကွယ်သွားတာမျိုးလည်း ရှိတယ်။အနုပညာသမားတွေ အနုပညာသမား စစ်ရင်ပြသနာကရှိတယ်။


တခါတလေကျတော့ အနုပညာအလုပ်ကို လုပ်ရင်းစီးပွားရေး အတွေးအခေါ်လေးထည့်လုပ်သင့်တယ်။ အိုစာမင်းစာလေး ရှာသင့်တယ်။လှူ ဒါန်းဖို့လေးလည်းစုသင့်တယ်လေ။အသက်ကြီးလာရင် လူနေမှုဘဝက ချိန်းသွားနိင်တယ်လေ လူတိုင်းကမွေးရာပါ ချမ်းသာတာမဟုတ်တဲ့အတွက်မွေးရာပါ ချမ်းသာပြီး Back groundရှိနေရင် လည်းတမျိုးပေါ့။ အခုဒီနှစ်မှာ အသက်ကြီးတဲ့သူတွေကိုအဲ့လိုလေး လုပ်ပေးတဲ့အတွက်ဝမ်းသာပါ တယ်တစ်ဖြေးဖြေးချင်းကောင်းတဲ့ဘက်ကို သွားနေတော့လေ”လို့ပြောပြခဲ့သလို ရွှေကြိုတွေအတွက် အနုပညာရှင်တွေရဲ့သားသမီးတွေကိုရွေးချယ်တဲ့အပေါ် သူမသဘောထားက”အဓိကတော့ရှုပ်ရှုပ်တွေဘာမှမကြားရတော့ဘူးပေါ့ ဟုတ်တာတွေရော မဟုတ်တာတွေရောကောလဟာလတွေပေါ့နော် ကိုယ်ရဲ့အနုပညာရှင်ထဲက ကလေးတွေဆိုတော့ မစိမ်းတော့ဘူးပေါ့နော်”လို့ပြောပြလာသလို လတ်တစ်လောမှာတော့ အကယ်ဒမီမှာလွှင့်ဖို့ အတွက် Life Cosmetic ကြော်ငြာလေး ရိုက်ကူးနေတယ်လို့ ပစ်တိုင်းထောင်အွန်လိုင်းမီယာကို ပြောပြလာခဲ့ပါတယ်။

ဓါတ်ပုံ-မယ်လိုဒီ facebook

Check Also

မြို့ပေါ်က မြန်မာသံတွေ အားမပေးတာကြောင့် ထမင်းကျွေးနေတဲ့ နယ်ဘက်ကို အားကိုးနေရတယ်လို့ ဗညားဟန် ရင်ဖွင့်လာ

ခေတ်မီလာတဲ့ခေတ် အခြေအနေကိုကြုံဆုံ နေရတဲ့ မြန်မာသံအဆိုတော်များ အနေနဲ့မြန်မာသံဂီတများကို မြို့နေလူတန်းစားများ အားပေးမှုမရှိကြခြင်းကြောင့် ထမင်းကျွေးနေတဲ့ တောနေပရိသတ်များကိုသာ အားကိုး နေရ တယ်လို့ မြန်မာသံအဆိုတော် ဗညားဟန်က ပွင့်လင်းစွာဖြင့်ရင်ဖွင့်လာပါတယ်။ …

Leave a Reply

Your email address will not be published. Required fields are marked *