Tuesday , June 19 2018
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Featured / ပလတ်​စတစ်​ဆာဂျရီလုပ်​တာလက်​လွန်​သွားလို့ ​လေဆိပ်​ဝန်​ထမ်း​တွေ​တောင်​ မမှတ်​မိ​တော့​​လောက်​​အောင်​​ပြောင်းလဲသွားခဲ့သူ

ပလတ်​စတစ်​ဆာဂျရီလုပ်​တာလက်​လွန်​သွားလို့ ​လေဆိပ်​ဝန်​ထမ်း​တွေ​တောင်​ မမှတ်​မိ​တော့​​လောက်​​အောင်​​ပြောင်းလဲသွားခဲ့သူ

အသက်​ ၂၈ နှစ်​အရွယ်​အမျိုးသမီးတစ်​​ယောက်​ဟာ ပလတ်​စတစ်​ ဆာဂျရီလုပ်ခဲ့ပြီး​နောက်​မှာ မျက်​နှာက အရမ်း​ပြောင်းလဲသွားတာ​ကြောင့်​ ​သူမရဲ့မှတ်​ပုံတင်​က ဓာတ်​ပုံနဲ့​တောင်​ မတူ​တော့တဲ့အတွက်​ ​လေဆိပ်​ဝန်​ထမ်းများက တားဆီးခဲ့ရတဲ့ ဖြစ်​ရပ်​တစ်​ခု တရုတ်​နိုင်​ငံမှာ ဖြစ်​ပွားခဲ့ပါတယ်​။

သူမရဲ့ နာမည်​ဟာ ဇန်​ (Zhang) လို့အမည်​ရပြီး ပြီးခဲ့တဲ့ တနင်္ဂ​နွေ ​နေ့က ချန်​ဒူမြို့မှ ရှန်​ဟိုင်းမြို့သို့ ​လေယာဉ်​နဲ့ ခရီးသွားချိန်​မှာ ဒီအဖြစ်​အပျက်​ ဖြစ်​ခဲ့တာ ဖြစ်​ပါတယ်​။ ရှန်​ဟိုင်းမြို့သို့ ​လေယာဉ်​နဲ့ သွားချိန်​မှာ ​သူမရဲ့ မျက်​နှာက ​လေဆိပ်​က မျက်​နှာ Scan ဖတ်​စနစ်​မှာ မ​ပေါ်တဲ့အတွက်​ သူမကို ​လေဆိပ်​က လုံခြုံ​ရေးဝန်​ထမ်းများက တားဆီးခဲ့ရတာ ဖြစ်​ပါတယ်​။

Chengdu Business Daily သတင်းစာအရ သူမဟာ ပလတ်​စတစ်​ဆာဂျရီလုပ်​ခဲ့လို့ မျက်​နှာ​ပြောင်းလဲသွားတာဖြစ်ေ​ကြာင်း ​လေဆိပ်​လုံခြုံ​ရေး​တွေကို ရှင်းပြခဲ့​ပေမဲ့ လုံခြုံ​ရေးဝန်​ထမ်းများက လက်​မခံခဲ့ဘဲ သူမကို ရဲစခန်းသို့ ​လွှဲ​ပြောင်း​ပေးခဲ့တာ ဖြစ်​ပါတယ်​။

ဇန်​ဟာ သူမဟာ မှတ်​ပုံတင်​ထဲက လူပဲ ဖြစ်​​ကြောင်းရှင်းပြခဲ့တဲ့အချိန်​တင်​ ၄ နာရီ​လောက်​ကြာသွားခဲ့တဲ့အတွက်​ ​လေယာဉ်​မမှီ ​တော့ဘဲ ရှန်​ဟိုင်းကို ရထားစီးပြီး သွားခဲ့ရ​ကြောင်း သိရပါတယ်​။

အခုလိုမျိုးအဖြစ်​အပျက်​​တွေ မကြာခဏ ဖြစ်​ပွားဖူး​တာ​ကြောင့်​ တရုတ်​ လူဝင်​မှုကြီးကြပ်​​ရေးဝန်​ထမ်းများက ခရီးသွား​တွေကို ပလတ်​စတစ်​ ဆာဂျရီမလုပ်​ခင်​ သူတို့ရဲ့ သက်​​သေအ​ထောက်​အထား​တွေကို ​သေချာခိုင်​လုံ​အောင်​ပြုလုပ်​ပြီးမှ ခရီးသွားဖို့ ညွှန်​ကြားထား​ကြောင်းသိရပါတယ်​။

Slash (ပစ်​တိုင်း​ထောင်​)

Ref : Nextshark

Check Also

၁၃ နှစ်သားက အဖွားကို သေနတ်ဖြင့် ပစ်သတ်

အီတလီနိုင်ငံမှာ အသက် ၆၇ နှစ်အရွယ် အဖွားအိုတစ်ယောက်ဟာ မြေးဖြစ်သူရဲ့ သေနတ်နဲ့ ပစ်သတ်ခြင်းကို ခံလိုက်ရပါတယ်။ သေနတ်ဟာ တရားခံရဲ့ ဖခင်ဖြစ်သူ လိုင်စင်နဲ့ ကိုင်ဆောင်တဲ့ အမဲလိုက်ရိုင်ဖယ် …

Leave a Reply

Your email address will not be published. Required fields are marked *