Saturday , December 15 2018
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Featured / မယုံနိုင်စရာ ခန္ဓာကိုယ်အချိုးအစားပိုင်ဆိုင်ထားတဲ့ ကလေး ၇ ယောက်မိခင်

မယုံနိုင်စရာ ခန္ဓာကိုယ်အချိုးအစားပိုင်ဆိုင်ထားတဲ့ ကလေး ၇ ယောက်မိခင်

အသက်ကြီးလာတဲ့အခါ မက်လောက်စရာ ခန္ဓာကိုယ်အချိုးအစားနဲ့ အရေးအကြောင်းမထင်တဲ့ မျက်နှာပိုင်ဆိုင်ဖို့ ပိုပြီးခက်ခဲလာတတ်တာ ဖြစ်ရိုးဖြစ်စဉ်ပါပဲ။ အသက် ၄၀ အရွယ်မှာ မျက်နှာအသားအရေ တွန့်လာပြီး ခန္ဓာကိုယ်လည်း ပုံပျက်လာတတ်ပါတယ်။ ဒီလိုအချိန်မှာ လေ့ကျင့်ခန်းလုပ်ဖို့ကလည်း ပိုခက်ခဲလာပါတယ်။ အထူးသဖြင့် ကလေးရှိတဲ့ အမျိုးသမီးတွေဆိုရင် ကိုယ်ဝန်ဆောင်ရလို့ ခန္ဓာကိုယ် အချိုးအစားလှပဖို့ ပိုခက်ခဲသွားတတ်ပါတယ်။ ဒါပေမဲ့ အသက် ၄၃ နှစ်အရွယ်ရှိတဲ့ ကလေး ၇ ယောက်မိခင်ကတော့ မယုံနိုင်စရာ ခန္ဓာကိုယ်အချိုးအစား ပိုင်ဆိုင်ထားလို့ လူမှုကွန်ရက်ပေါ်မှာ သူ့ဓာတ်ပုံတွေ ပျံ့နှံ့သွားခဲ့ပါတယ်။

ယူတားပြည်နယ်မှာ နေထိုင်တဲ့ အသက် ၄၃ နှစ်အရွယ် ဂျက်စီကာဟာ ၁၉၉၄ ခုနှစ်က အသက် ၁၉ နှစ်အရွယ်မှာ ပထမဆုံးရင်သွေးမွေးဖွားခဲ့ပြီး အသက် ၂၁ နှစ်အရွယ်မှာ ဒုတိယကလေး ထပ်မွေးခဲ့ပါတယ်။ နောက်ထပ် ၁၉ နှစ်အတွင်းမှာ ဂျက်စီကာက အိမ်ထောင် နှစ်ဆက်နဲ့အတူ ကလေး ၅ ယောက် ထပ်မွေးခဲ့ပြီး အငယ်ဆုံးကလေးက ၂၀၁၃ ခုနှစ်မှာ မွေးဖွားခဲ့တာပါ။ ဒီလိုအနေအထားမှာ အမျိုးသမီး အများစု ဗိုက်ခေါက်ထွက်ပြီး ခန္ဓာကိုယ် အချိုးအစားပျက်သွားတတ်ပေမယ့် ဂျက်စီကာကတော့ မယုံနိုင်စရာကောင်းအောင် နုပျိုနေပါတယ်။

သူလည်း ပထမဆုံးကလေးမွေးပြီးတော့ တခြားမိခင်တွေလိုပဲ ဝလာပြီး ပုံပျက်သွားခဲ့ပါသေးတယ်။ ဒါပေမဲ့ ၂၀၁၃ ခုနှစ်မှာ နောက်ဆုံး ရင်သွေးမွေးခဲ့ပြီးနောက် သူ့ခန္ဓာကိုယ်ပုံစံကို စိတ်ပျက်လာတဲ့ ဂျက်စီကာဟာ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလမှာတော့ ခန္ဓာကိုယ် အချိုးအစားပြောင်းလဲအောင် လုပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ သူဟာ ဒီလို မဆုံးဖြတ်ခင်ကတည်းက နေ့တိုင်း Nutella (သစ်အယ်သီး၊ ကိုကိုး၊ သကြားတွေနဲ့ ထုတ်လုပ်ထားတဲ့အနှစ်)တစ်နေ့တစ်ဇွန်းစားလေ့ရှိပြီး Pinterest app မှာ တွေ့တဲ့ လေ့ကျင့်ခန်းတွေလည်း လုပ်ခဲ့ပါတယ်။ သူဟာ ကလေးတွေ ကျောင်းသွားချိန်ဆိုရင် တစ်ပတ်ကို Gym သုံးကြိမ် သွားကစားလေ့ရှိပြီး မနက်တိုင်း အိပ်ယာစောစောထလို့ နှလုံး လေ့ကျင့်ခန်း လုပ်လေ့ရှိပါတယ်။

အချိုးအစားကျတဲ့ ခန္ဓာကိုယ်ပိုင်ဆိုင်ထားတဲ့ ဂျက်စီကာဟာ လူမှုကွန်ရက်ပေါ်မှာ ထောက်ခံအားပေးသူ ထောင်ပေါင်းများစွာ ရရှိထားပါတယ်။ အများစုကတော့ ဂျက်စီကာကို စံနမူနာယူပြီး လေ့ကျင့်ခန်း လုပ်ကြတဲ့သူတွေ ဖြစ်ပါတယ်။ ဂျက်စီကာကတော့ ခန္ဓာကိုယ် အချိုးအစားလှပချင်တဲ့ ကလေးအမေတွေအနေနဲ့ ”လဲရင်ပြန်ထ၊ ဒါဘဝ”ဆိုတဲ့ စကားကို နှလုံးသွင်းထားရမယ်လို့
ပြောပါတယ်။

#ပစ်တိုင်းထောင်

Check Also

ဆင်းရဲသားအဘိုးက တန်ဖိုးကြီး BMW ကားကို ထိခိုက်မိသည့်အတွက် လျော်ပေးမည်ဖြစ်ကြောင်း စာရေးပြီးထားခဲ့

လူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် စိတ်ဓာတ်ခြင်း မတူညီကြပါဘူး။ ငွေ ရှိတာ မရှိတာနဲ့ မဆိုင်ပါဘူး။ စိတ်ဓာတ် ကောင်းဖို့က ပထမ ငွေရှိဖို့က ဒုတိယပါ။ တရုတ်ပြည်မှာ …

Leave a Reply

Your email address will not be published. Required fields are marked *