Saturday , December 15 2018
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Entertainment / ရိုးသားစွာကြိုးစားခဲ့လို့ အခုရလာတဲ့ ဇာတ်ပို့ဆိုတဲ့ နေရာလေးကို တန်ဖိုးအရမ်းထားတယ် ဒါကိုတော့ မစော်ကားပါနဲ့ လိုပြောလာတဲ့ ထူးခြား

ရိုးသားစွာကြိုးစားခဲ့လို့ အခုရလာတဲ့ ဇာတ်ပို့ဆိုတဲ့ နေရာလေးကို တန်ဖိုးအရမ်းထားတယ် ဒါကိုတော့ မစော်ကားပါနဲ့ လိုပြောလာတဲ့ ထူးခြား

ဆောင်းနှင်းရည် ထုတ်လုပ်ဖြန့်ချီရေးနဲ့ စာချူ ပ်ဖျက်တော့မယ်လို့ လူမှုကွန်ယက်စာမျက်နှာထက်မှာတင်လာတဲ့ သရုပ်ဆောင်ထူးခြားကို အခုလိုတွေ့ဆုံပြီး ဘယ်လိုကြောင့် စာချူ ပ်ဖျက်မယ်ဆိုတာမေးကြည့်ခဲ့တော့

“ကျွန်တော်နဲ့video (၁၀)ကားစာချုပ်ချုပ်ထားတဲ့ companyနဲ့စာချူ ပ်ဖျက်လိုက်ပါပြီ။ကျွန်တော်အမျိုးသမီးဆီကို ဒါရိုက်တာကျော်နှင်းဆီက ဖုန်းဆက်ပြောတယ်။ ထူးခြားကိုမပြောခင်ညီမလေးကို အရင်အသိပေးတာပါတဲ့ ဒီရက်ပိုင်းထဲမှာ ဖုန်းဆက်ပြောတဲ့ ဒါရိုက်တာနဲ့ရိုက်ထားတဲ့ ကျွန်တော်ဇာတ်ပို့နေရကနေ ရိုက်ထားတဲ့ video တစ်ကားဖြန့်တယ်ဆိုင် ၄၈၀ကျော်ဘဲတက်တယ်ဆိုလား ပြောတယ်။ အသံဖိုင်ရှိပါတယ်။သူပြောချင်တဲ့လိုရင်းက ကျွန်တော်နဲ့ဆက်အလုပ်လုပ်လို့ရပါ့မလားတဲ့။ဘယ်သူ့ကိုမှကျွန်တော်ပြောတာမဟုတ်ပါဘူး(ဆောင်းနှင်းရည် ထုတ်လုပ်ဖြန့်ချီရေး)က producer မစန်းသီတာကိုပြောတာပါ။ကျွန်တော်ကစပြီး ခေါင်းဆောင်မင်းသားတင်ရိုက်ပေးပါလို့ မပြောခဲ့ဘူး၊company ဘက်ကစပြီးကမ်းလှမ်းခဲ့တာ။အဲဒီအပေါ်မှာလည်း ကျွန်တော်ဘက်ကမိသားစုလိုသဘောထားပြီးဘာအခွင့်အရေးမှမတောင်းခဲ့ဘူး။ ကျွန်တော့်ရဲ့ကျေးဇူးရှင်လို့သတ်မှတ်ပြီး စာရွက် plainပေါ်မှာ လက်မှတ်ထိုးပေးခဲ့တာပါ။ ဒီနေ့ဒီအချိန်အထိ တစ်လေးတစ်စားတန်ဖိုးထားပြီး အလုပ်လုပ်ခဲ့တာ။ခေါင်းဆောင်အနေနဲ့ရိုက်ခဲ့တဲ့၂ကားအပါအဝင်ဆောင်းနှင်းရည်နဲ့ရိုက်ဖူးခဲ့တဲ့ကားတွေမှာကျွန်တော့်ကြောင့် စိတ်အနှောင်အယှက် တခုမှမဖြစ်ခဲ့ဘူးဆိုတာ အားလုံးအသိပါ”

“ကျွန်တော့်ကို ချစ်လို့လာပြီး ကူညီပေးကြတဲ့ အနုပညာအပြင် ဘယ်လိုအကူအညီမျိုးကိုမဆို ကျွန်တော့် ကားကောင်းဖို့အတွက်ဘဲ အသုံးပြုခဲ့တာ။

အလုပ်စလုပ်မယ် ဆိုကတည်းက ကျွန်တော်ထူးခြား ကိုယ့်ကို ကိုယ်အာမခံတယ်ပြောပြီး အပြောနဲ့အလုပ် ညီအောင်လုပ်ခဲ့တယ်။ ကျွန်တော့်ရဲ့မိသားစုလို သဘောထားပြီး ပြောဆိုဆက်ဆံခဲ့တယ်။ကျွန်တော်နဲ့အတူတူအလုပ်လုပ်ခဲ့တဲ့ ကျွန်တော့် Crewအပေါ်မှာကျွန်တော်ဘက်ကတတ်နိုင်သလောက် စောင့်ရှောက်ခဲ့တယ်။သူတို့ဘက်ကပြောတဲ့(အစ်မတို့ဘက်ကဘယ်လိုမှပြန်ရှာလို့ ရမှာမဟုတ်ဘူး)ဆိုတဲ့စကားက မစန်းသီတာ ကျွန်တော်ခေါင်းဆောင်အနေနဲ့ရိုက်ထားတဲ့ကားဖြန့်ပြီးပြီလား။ကျွန်တော့်ကိုစော်ကားတဲ့အတွက် ကျွန်တော့်ပရိတ်သတ်နဲ့အနုပညာလောက က ညီအစ်ကိုမောင်နှတွေ၊လူကြီးတွေသိအောင်ကျွန်တော်ဒီလိုပြောရတာပါ”လို့ပြောပြလာပါတယ်။
“ကျွန်တော်ဘက်ကမှားတာရှိရင် ကြိုက်သလိုအပြစ်ပေးလို့ရတယ်။ အခု( ဆောင်းနှင်းရည် company)မှ producer လုပ်ရပ်ကြောင့် ကျွန်တော့် စိတ်ဒုက္ခအများကြီး ရပါတယ်။

သူတို့သိအောင်ထက်ပြောပြမယ် ဒီလောကကို ကျွန်တော် ဇာတ်ပို့နေရာကပြန်ရောက်လာပြီး ရိုးရိုးသားသားကြိုးစားခဲ့လို့ အခုရလာတဲ့ ဇာတ်ပို့ဆိုတဲ့နေရာလေးကို ကျွန်တော်တန်ဖိုးအရမ်းထားတယ်။ အဲဒါကိုတော့ မစော်ကားပါနဲ့။ အခု ကျွန်တော်ဘက်က ဘာအမှားမှမလုပ်ရဘဲနဲ့ စော်ကားခံရတယ်။ကျွန်တော်ခေါင်းဆောင်အနေနဲ့ရိုက်ထားတဲ့ ကားဖြန်လို့တစ်ကားမရောင်းရဘူးဆိုရင် ခင်များတို့ပြောစရာမလိုဘူး ကျွန်တော်ဒီအနုပညာလောက ကနေအပြီးထွက်သွားပေးလိုက်မယ်။အခုဟာ ကဘာမှအဓိပ္ပါယ်မရှိဘဲနဲ့ ကျွန်တော့်ကိုစိတ်ဒုက္ခရောက်အောင် လုပ်တာပါ။ကျွန်ေ်ပြောချင်တာကအနုပညာဆိုတာနဲ့ စီးပွားရှာနေကြတာ နောက်ထပ်ဘယ်သူ့ကိုမှအခုလို ပြီးစလွယ်မလုပ်ပါနဲ့။ကျွန်တော်ရိုက်ထားတဲ့၂ကားဖြန်လို့ ရှုံးတယ်ဆိုရင်ပြောပါကျွန်တော်ကတော့ပိုက်ဆံတော့ သိပ့်မရှိဘူး စောက်ဂရုလည်းမစိုက်ဘူး၊ကျွန်တော်အခုစီးနေတဲ့ ကားရောင်းပြီးပြန်ပေးလိုက်မယ်။ကျွန်တော်ဘက်ကမိသားစုလိုသဘောထားခဲ့တာပါ။သူတို့ဘက်အစကတည်းက မြတ်ချင်ရင် အတိုးပေးစားပါလား။

ဘာလို့ကျွန်တော်ကို ကြီးကြီးကျယ်ကျယ်နဲ့ မင်းသားတင်မယ်ဆိုပြီး အလုပ်လုပ်ခဲ့တာလဲ။အဲဒီ ကတည်းက သူတို့တို့မှားနေတာ။ ကျွန်တော်ဘက်က ထားခဲ့တဲ့စေတနာတွေအတွက်လိပ်ပြာလုံတယ်။ကျွန်တော်လည်း အနုပညာအလုပ်ကိုသေတဲ့အထိလုပ်မှာ။ထူးခြားနဲ့ဆောင်းနှင်းရည် ကုမ္ပဏီ အလုပ်လုပ်ခဲ့တဲ့အပေါ်မှာ ကျွန်တော်ဘက်က အမှားရှိခဲ့ရင် ရုပ်ရှင်အစည်းအရုံးကနေ တဆင့်အချိန်မရွေးခေါ်လိုက်ပါ။ကျွန်တော့်ဘက်ကစပြီ ဆောင်းနှင်းရည် ထုတ်လုပ်ရေးနဲ့နောက်နောင်ဘယ်တော့မှ အလုပ်မလုပ်တော့ပါဘူး လို့ပြောပါတယ်”လို့သူရဲ့ခံစားချက်တွေကို အခုလိုပစ်တိုင်းထောင်အွန်လိုင်းမီဒီယာ ပရိတ်သတ်အတွက် ရင်ဖွင့်ပြောပြသွားခဲ့ပါတယ်။

ဓာတ်ပုံ- ထူးခြား

Check Also

မြို့ပေါ်က မြန်မာသံတွေ အားမပေးတာကြောင့် ထမင်းကျွေးနေတဲ့ နယ်ဘက်ကို အားကိုးနေရတယ်လို့ ဗညားဟန် ရင်ဖွင့်လာ

ခေတ်မီလာတဲ့ခေတ် အခြေအနေကိုကြုံဆုံ နေရတဲ့ မြန်မာသံအဆိုတော်များ အနေနဲ့မြန်မာသံဂီတများကို မြို့နေလူတန်းစားများ အားပေးမှုမရှိကြခြင်းကြောင့် ထမင်းကျွေးနေတဲ့ တောနေပရိသတ်များကိုသာ အားကိုး နေရ တယ်လို့ မြန်မာသံအဆိုတော် ဗညားဟန်က ပွင့်လင်းစွာဖြင့်ရင်ဖွင့်လာပါတယ်။ …

Leave a Reply

Your email address will not be published. Required fields are marked *