Saturday , November 17 2018
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Entertainment / လူဆိုတာ ကိုယ့်သမိုင်းကို ရေးကြတာပါပဲ ကိုယ်ရေးတဲ့သမိုင်းမှာ သမိုင်းကြောင်း လှလှလေး ကျန်ချင်တယ်ဆိုတဲ့ စိုးပြည့်သဇင်

လူဆိုတာ ကိုယ့်သမိုင်းကို ရေးကြတာပါပဲ ကိုယ်ရေးတဲ့သမိုင်းမှာ သမိုင်းကြောင်း လှလှလေး ကျန်ချင်တယ်ဆိုတဲ့ စိုးပြည့်သဇင်

အနုပညာ လောကကို အပြင်လူတွေ ဝေဖန်ကြတယ် ရင်ရှုပ် ရုပ်ရှင်လို့ ပြောကြတယ်။ တချို့ အနုပညာသမားတွေဆို ရုပ်ရှင်ကို ခုတုံးလုပ်ပြီးရင် စပွန်ဆာပဲ ရှာနေတဲ့သူရှိသလို တချို့ အနုပညာသမားတွေဆို ကိုယ်ချစ်တဲ့အနုပညာကိုပဲ  ရိုးရိုးသားသားလေးနဲ့ကြိုးစားနေကြတဲ့သူတွေလည်းရှိပါတယ်။ အဲ့ဒီထဲကမှ ရိုးရိုးသားသားလေးနဲ့ကြိုးစားနေတဲ့အနုပညာကြယ်ပွင့်လေး တပွင့်ဖြစ်တဲ့သရုပ်ဆောင် အကယ်ဒမီစိုးပြည့်သဇင်ကို ကိုယ့်နာမည်ကောင်း တခုဖြစ် ခုလိုရပ်နည်နေနိုင်ဖို့ကိုယ့်ကိုယ်ကို ဘယ်လိုကောင်းအောင်ထိန်သိမ်းနေထိုင်ခဲ့လဲ ဆိုတာ မေးကြည့်တော့

“လူဆိုတာကိုယ့်သမိုင်းကိုရေးကြတာပါပဲ ကိုယ်ရေးတဲ့သမိုင်းမှာ သမိုင်းကြောင်းလှလှလေးကျန်ချင်တယ်။ ဒါစိုးပြည့် အနုပညာလောကထဲကို မဝင်ခင် အချိန်ထဲက စိုးပြည့်ရဲ့ခံယူချက်ပါ။ စိုးပြည့်ကြောင့်စိုးပြည့်ကိုချစ်တဲ့သူတွေ မိဘဆွေမျိုးတွေ မိဘမောင်နှမတွေ စိုးပြည့်ကိုချစ်ခင်တဲ့စိတ်နဲ့အားပေးနေကြတဲ့ fan တွေ မျက်နှာ မငယ်စေချင်ပါဘူး။

နောက်တခုစိုးပြည့်ကစိုးပြည့်ရဲ့မိန်းကလေးတယောက်ရဲ့ ရှိသင့်ရှိထိုက်တဲ့ဂုဏ်သိက္ခာကို အရမ်းတန်ဖိုးထားလို့ပါ။ ကိုယ်ကိုတိုင်ကလည်း Celebrity သာဖြစ်တာ အသက်တွေကြီးလာလို့ အနုပညာအလုပ်တွေ မလုပ်ဖြစ်တော့ဘူးဆိုရင် သာမန် မိန်းကလေး တယောက်အဖြစ်နဲ့ ဘဝကိုရပ်တည်ရမှာလေ ခုလည်းစိုးပြည့်ကသာမန် မိန်ကလေး တစ်ယောက်ပါပဲ။ အဲဒီတော့ကိုယ်သမိုင်းကိုရေးရမှာပဲ ကောင်းတာပဲရေးလို့ရသလိုဆိုးတာလည်းရေးလို့ရတာပဲလေ။ ကိုယ့်ကိုယ်ကို ကောင်းတာတွေပဲ ရေးမှာပေါ့လို့” အခုလို ပြောလာခဲ့ပါတယ်။

ဓာတ်ပုံ – စိုးပြည့်သဇင်

Check Also

အလုပ်တွေများလာတာကြောင့် သင်္ကြန်တွင်း ချစ်သူနဲ့ မလည်ဖြစ်တဲ့ ကျော်ကျော်

အနုပညာ အလုပ်တွေ များပြားလာခြင်းကြောင့် သင်္ကြန်တွင်း ချစ်သူနဲ့ မလည်ဖြစ်တော့ ဘူးဆိုပြီး သရုပ်ဆောင် ကျော်ကျော်က ဆိုလာပါတယ်။ “သင်္ကြန်မှာ ကဲချင်တဲ့ စိတ်တော့ ရှိပါတယ်။ဒါပေမဲ့ အလုပ်တွေ …

Leave a Reply

Your email address will not be published. Required fields are marked *