Tuesday , September 25 2018
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Sports / Football / ဟယ်ရီကိန်းဟာ ပြီးပြည့်စုံတဲ့ တိုက်စစ်မှူးတစ်ဥိးပါ – ခီဒီယာ
Tottenham Hotspur's Harry Kane celebrates scoring his side's first goal of the game during the Premier League match at the King Power Stadium, Leicester.

ဟယ်ရီကိန်းဟာ ပြီးပြည့်စုံတဲ့ တိုက်စစ်မှူးတစ်ဥိးပါ – ခီဒီယာ

zawgyi 1

ဂျူဗင်တပ် ကွင်းလယ်ကစားသမား ခီဒီယာက စပါးစ်အသင်းတိုက်စစ်မှူး ဟယ်ရီကိန်းဟာ ပြီးပြည့်စုံတဲ့ တိုက်စစ်မှူး တစ်ဦးဖြစ်ကြောင်း ချီးကျူးပြောဆိုခဲ့ပါတယ်။

ဟယ်ရီိကိန်းဟာ ပရီးမီးယားလိဂ် ဂိုးသွင်းအများဆုံး ကစားသမားဆုကို နှစ်နှစ်ဆက် ရရှိထားခဲ့သလို လက်ရှိအချိန်တွင်လည်း ပရီးမီးယားလိဂ် ဂိုးသွင်းအများဆုံး ကစားသမားစာရင်းမှာ ဦးဆောင်နေသူလည်း ဖြစ်ပါတယ်။

ဂျူဗင်တပ်အသင်းနဲ့ စပါးစ်တို့မှာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်အဖြစ် ယခုတစ်ပတ်အတွင်း ကစားသွားမှာဖြစ်ပြီး ဂျူဗင်တပ်ကွင်းလယ်ကစားသမား ခီဒီယာကတော့ သူ့အနေနဲ့ ဟယ်ရီကိန်းကိုရော သူ့ရဲ့ စပါးစ်အသင်းကိုပါ နှစ်သက်မြတ်နိုး အားကျမှုရှိတယ်လို့ ဆိုခဲ့ပါတယ်။

ခီဒီယာက “စပါးစ်ကစားတဲ့ ပွဲစဉ်တော်တော်များများကို ကြည့်ခဲ့ဖူးပါတယ်။ အာဆင်နယ်၊ လီဗာပူးတို့နဲ့ ကစားခဲ့တဲ့ ပွဲတွေအပါအ၀င်ပေါ့။ သူ့ဟာ ကောင်းမွန်တဲ့ ခံစစ်၊ တကယ်တော်တဲ့ ကွင်းလယ်ပိုင်းနဲ့ ထက်မြက်တဲ့ တိုက်စစ်ကစားပုံတွေရှိတဲ့ အသင်းကောင်းတစ်သင်းပါ။ နောက်ပြီး နည်းပြကလည်း တကယ်တော်ပါတယ်။ အဲဒီအသင်းဟာ လူငယ်တွေများစွာနဲ့ပါ။ အဲဒီအချက်က ကျွန်တော်တို့အတွက် ကောင်းမွန်တဲ့အရာ ဖြစ်လာနိုင်ပါတယ်။ ကျွန်တော်တို့ဒီပွဲအရာ အစွမ်းကုန် အာရုံစူးစိုက်မှုထားရမှာပါ။ သူတို့က ဥရောပရဲ့ အကောင်းဆုံးအသင်းတွေအနက်က တစ်သင်းဖြစ်နေလို့ပါပဲ။ ကိန်းကလည်း ပြီးပြည့်စုံတဲ့ တိုက်စစ်မှူး တစ်ဦးလို့ ကျွန်တော်မြင်ပါတယ်။ အဲဒီလိုတိုက်စစ်မှူးမျိုး လီဝန်ဒေါစကီးနဲ့ ဟီဂွာရင်တို့ ရှိနေပေမယ့် ကိန်းဟာ နည်းလမ်းမျိုးစုံနဲ့ ဂိုးသွင်းယူနိုင်စွမ်း ရှိသူပါ။ သူဟာ လက်ဖျားခါလောက်တဲ့ ကစားသမားဖြစ်သလို ငယ်ရွယ်မှုလည်း ရှိနေသူပါ။ သူ့လိုကစားသမားမျိုးကို စပါးစ်တို့ ရထားတာကတော့ ကံကောင်းခြင်းတစ်ခုပါပဲ” လို့ ပြောဆိုခဲ့ပါတယ်။

unicode



Check Also

ကိန်းဟာ မက်ဆီ၊ နေမာတို့လိုမျိုး အကောင်းဆုံးကစားနိုင်သူပါ – နေဗီးလ်

zawgyi 1 မန်ယူကစားသမားဟောင်း ဂရေနေဗီးလ်က စပါးစ်တိုက်စစ်မှူး ဟယ်ရီကိန်းဟာ မက်ဆီ၊ နေမာတို့ကောင်းသလိုမျိုး ခြေစွမ်းပြနေသူဖြစ်သည်ဟု ပြောဆိုခဲ့ပြီး ကိန်းမှာ အကောင်းဆုံးမဟုတ်ရင်တောင် အကောင်းဆုံးထဲက တစ်ယောက်ဟု ပြောလိုက်ပါတယ်။ …

Leave a Reply

Your email address will not be published. Required fields are marked *