Tuesday , October 23 2018
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Entertainment / အတည်တကျ လက်တွဲဖော် တွေ့လာပြီဆိုရင် ပရိတ်သတ်ကို ပြောမှာပါ ဆိုတဲ့ အိချောပို

အတည်တကျ လက်တွဲဖော် တွေ့လာပြီဆိုရင် ပရိတ်သတ်ကို ပြောမှာပါ ဆိုတဲ့ အိချောပို

ပုပ္ပါးမှာ ” အကိတ် “ဆိုတဲ့ကားကို ကိုမင်းမော်ကွန်းနဲ့ ရိုက်ရမဲ့အခန်းပါလို့ ပုပ္ပါး သွားရိုက်ခဲ့တယ်လို့ ပြောပြလာတဲ့ ပရိသတ် အချစ်တော် စူစူ(ခ)အိချောပိုကို မိန်းကလေး တစ်ယောက်ရဲ့ ခန္ဓာကိုယ်လှပမှုကို ယောက်ကျားလေးတွေက “အကိတ်”လို့ပြောလာတဲ့ မပေါ်
စိတ်ခံစားမှုကို မေးကြည့်တော့ “အိချောကတော့ ဘယ်လိုမှ မနေပါဘူး ဒါက ခေတ်စကား fb မှာလည်း လူငယ်တွေပြောဆိုသုံးနေတဲ့ ခေတ်စကားပေါ့။ အိချောကတော့ ရုပ်ဘဲဖြစ်ဖြစ် ခန္ဓာကိုယ်ဘဲဖြစ်ဖြစ် ကိုယ့်ကိုပေးလာတာကို လက်ခံတယ်။

ဒီဘက် ခေတ်မှာတော့ ပြု့ပြင်ယူလို့ ရနေပေမယ့် အိချောကတော့ အဲ့လိုပြု့ပြင်ယူရမှာ ကြောက်တယ်။ မလုပ်ရဲဘူး လှသည်ဖြစ်စေ မလှသည်ဖြစ်စေ ဒီလောက်နဲ့ပရိတ်သတ်က လက်ခံထားတယ်ဆို အဲ့ဒါနဲ့ဘဲရှေ့ဆက်ဖို့ ရှိပါတယ်”လို့သူမကပြောပါတယ်။

အလှူ တစ်ခုမှာ သရုပ်ဆောင် ခန့်စည်သူပုံနဲ့တွဲပြီးတွေ့ကြတော့ ဝေဖန်ပြောဆိုရေးသားတဲ့ အပေါ်မေးကြည့်တော့ “ဒါကတော့ ရှင်းပါတယ် ဆရာတပည့်တွေပါဘဲ သာရေး နာရေးတွေရှိနေ သွားကြရမှာဘဲလေ။ တစ်ချို့လည်း ဘာအဓိပ္ပါယ်နဲ့ရေးကြလဲ ဆိုတာ မပြောတတ်ဖူးပေါ့။ ကိုခန့်က ဆရာပါဘဲ အိချော ၁၀ တန်းတောင် မတတ်ရသေးဘူး ကိုနိုင်(NVG)က ကြော်ငြာရိုက်ဖို့ ကင်မရာစမ်းဖို့ အိချောကို ခေါ်လာတယ်။ အဲ့ဒီကြော်ငြာမှာကို ခန့်လည်း ပါတယ် အဲ့ဒီကနေပြတော့ ကိုခန့်ကကားရိုက်ဖို့ စပ်မိသွားတာပေါ့။

နောက်ပိုင်း ပျိုးခင်းမှာ ပါဝင်လာနိုင်ပြီး ဒီနေ့ ဒီနေရာထိ ရောက်လာခဲ့ ရတယ်ပေါ့နော်။ အိချောရဲ့ဆရာတွေထဲက ဆရာပါဘဲလို့ ” သူမကို ဝေဖန်ပြောလာတဲ့ အပေါ် အခုလိုပြောပြ ခဲ့ပါတယ်။ သူမရဲ့ကိုယ်ပိုင်မယ့် မိသားစု ဘဝလေးအတွက် အချိန်သတ်မှတ်ထားလား ဘယ်တော့လောက် မင်္ဂလာသတင်းကြားရမလဲ မေးကြည့်တော့ ” လိုပါသေးတယ် အိချော အနုပညာအလုပ်တွေ လုပ်ပါဦးမယ် အတည်တကျလက်တွဲဖော် တွေ့လာပြီဆိုရင် ပရိတ်သတ်ကို ပြောမှာပါ ကိုယ်က သူနဲ့ကြိုက်နေပါတယ် ပြောပြီး မယူဖြစ်ရင်ဘယ်လိုလုပ်မလဲ အဲ့ဒါကြောင့် သေချာပြီ အတည်တစ်ကျတွေ့ပြီဆိုမှ ပြောပြပါမယ် “လို့ပြောပြလာခဲ့ပါတယ်။

Photo – စူးစူး

Check Also

အလုပ်တွေများလာတာကြောင့် သင်္ကြန်တွင်း ချစ်သူနဲ့ မလည်ဖြစ်တဲ့ ကျော်ကျော်

အနုပညာ အလုပ်တွေ များပြားလာခြင်းကြောင့် သင်္ကြန်တွင်း ချစ်သူနဲ့ မလည်ဖြစ်တော့ ဘူးဆိုပြီး သရုပ်ဆောင် ကျော်ကျော်က ဆိုလာပါတယ်။ “သင်္ကြန်မှာ ကဲချင်တဲ့ စိတ်တော့ ရှိပါတယ်။ဒါပေမဲ့ အလုပ်တွေ …

Leave a Reply

Your email address will not be published. Required fields are marked *