၁။ တစ်ယောက်တည်း မနေတတ်တဲ့ သူမျိုး
မိမိဟာ အမြဲဆိုသလို တစ်ယောက်တည်း နေရာတာကို မနှစ်ခြိုက်ဘဲ တစုံတစ်ယောက် လိုအပ်နေတဲ့ စိတ်တွေ ရှိနေရင်တော့ အပျိုကြီး မလုပ်တာ အကောင်းပါ။ ဒါကြောင့် ချစ်တဲ့ သူတစ်ယောက်တော့ ဘဝအတွက် ရှာထားဖို့ လိုပါတယ်။
၂။ အထီးကျန်တာကို မုန်းသူ
မိမိဟာ အထီးကျန်ခြင်း ဆိုတဲ့ အရာကို မုန်းတီးတယ် ဆိုရင်တော့ အပျိုကြီး လုပ်ဖို့ မသင့်ပါဘူး။ ပျော်ရွှင်စရာ ကောင်းတဲ့ မိသားစုကို ဖန်တီးသင့်ပါတယ်။
၃။ အားငယ်တတ်သူ
မိမိဟာ အမြဲတန်း စိတ်အားငယ် တတ်လို့ အကူအညီလိုရင်တော့ အပျိုကြီး အဖြစ် ဘဝမှာ မရပ်တည်တာ အကောင်းဆုံးပါ။ မိမိချစ်တဲ့ သူနဲ့ ဘဝအခက်အခဲတွေကို ရင်ဆိုင်နိုင်အောင် ကြိုးစားပါ။
၎။ ကိုယ်ပိုင် မိသားစု ပိုင်ဆိုင်ချင်သူ
မိမိဘဝမှာ ကိုယ်ပိုင်မိသားစုလေး တစ်ခု ပိုင်ဆိုင်ချင်တဲ့ စိတ်တွေ ရှိနေရင်တော့ အပျိုကြီး မလုပ်သင့်ပါဘူး။ မိမိချစ်တဲ့ သူနဲ့ လက်ထပ်ပြီး စိတ်ဆန္ဒတွေကို အကောင်အထည် ဖော်တာ အကောင်ဆုံးပါ။
၅။ တစ်စုံတစ်ယောက်ကို ချစ်နေသူ
မိမိဟာ တစ်စုံတစ်ယောက်ကို အရမ်းချစ်မိနေပြီ ဆိုရင်တော့ အဲဒီ အချစ်တွေကို အကောင်အထည် ဖော်စေလိုပါတယ်။ တစ်သက်လုံး သူ့ကို လွမ်းနေရမယ့် အဖြစ်မျိုးကတော့ ဝေးအောင် ပြုလုပ်ပါ။