Tuesday , September 25 2018
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Entertainment / အဝတ်အစားမလုံ့တလုံနဲ့ ငှက်ပျောသီး စားပြခဲ့တဲ့ သီချင်းဗီဒီယိုကြောင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရ

အဝတ်အစားမလုံ့တလုံနဲ့ ငှက်ပျောသီး စားပြခဲ့တဲ့ သီချင်းဗီဒီယိုကြောင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရ

သီချင်းဗီဒီယို ရိုက်ကူးရာမှာ အဝတ်အစား မလုံ့တလုံဝတ်ပြီး ငှက်ပျောသီးစားပြခဲ့တဲ့ အီဂျစ် အဆိုတော်ကို အီဂျစ်တရားရုံးက ရာဂစိတ် နိုးကြားအောင် လှုံ့ဆော်တယ်ဆိုတဲ့ စွဲချက်နဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ပါတယ်။

ရှိုင်းမာလို့ လူသိများတဲ့ အသက် ၂၅ နှစ်အရွယ် အဆိုတော် ရှိုင်းမာအာမတ်ရဲ့ I Have Issues ဆိုတဲ့ သီချင်းဗီဒီယိုကြောင့် ကွန်ဆာဗေးတစ် အမြင်ရှိတဲ့ အီဂျစ်နိုင်ငံမှာ မကျေနပ်မှုတွေ ပေါ်ပေါက်ခဲ့ပြီး ပြီးခဲ့တဲ့လက သူ့ကို ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။ ဖမ်းဆီးခြင်း မခံရမီ ရှိုင်းမာက အဲဒီသီချင်းဗီဒီယို ကြည့်ခဲ့တဲ့သူတွေကို ပြန်တောင်းပန်ခဲ့ပါတယ်။
အဲဒီဗီဒီယို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာကိုလည်း တရားရုံးက မျက်ကွယ်ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ပါတယ်။

 

ခွင့်ပြုချက် မရှိဘဲ သတင်းများကို ကူးယူခြင်း မပြုပါရန် မေတ္တာ ရပ်ခံအပ်ပါသည်။

Check Also

မြို့ပေါ်က မြန်မာသံတွေ အားမပေးတာကြောင့် ထမင်းကျွေးနေတဲ့ နယ်ဘက်ကို အားကိုးနေရတယ်လို့ ဗညားဟန် ရင်ဖွင့်လာ

ခေတ်မီလာတဲ့ခေတ် အခြေအနေကိုကြုံဆုံ နေရတဲ့ မြန်မာသံအဆိုတော်များ အနေနဲ့မြန်မာသံဂီတများကို မြို့နေလူတန်းစားများ အားပေးမှုမရှိကြခြင်းကြောင့် ထမင်းကျွေးနေတဲ့ တောနေပရိသတ်များကိုသာ အားကိုး နေရ တယ်လို့ မြန်မာသံအဆိုတော် ဗညားဟန်က ပွင့်လင်းစွာဖြင့်ရင်ဖွင့်လာပါတယ်။ …

Leave a Reply

Your email address will not be published. Required fields are marked *