Tuesday , September 25 2018
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Entertainment / အိမ်ခြေယာမဲ့ကို အစားအစာဝယ်ကျွေးတဲ့ကျောင်းသား ပြန်ရလိုက်တဲ့အရာ

အိမ်ခြေယာမဲ့ကို အစားအစာဝယ်ကျွေးတဲ့ကျောင်းသား ပြန်ရလိုက်တဲ့အရာ

ဒီဖြစ်ရပ်ကတော့ တူသောအကျိုးပေးတယ်ဆိုတဲ့ စကားကို ပုံဖော်ခဲ့သလိုပါပဲ။
ဝမ်လို အမည်ရတဲ့ ကျောင်းသားတစ်ယောက်ဟာ တက္ကသိုလ်နားက ခုံးကျော်တံတားကို ဖြတ်လျှောက်သွားချိန်မှာ ခပ်ပါးပါး အ၀တ်အစားတွေ ၀တ်ထားတဲ့ အိမ်ခြေယာမဲ့ အမျိုးသားတစ်ဦးကို တွေ့ပြီး သနားစိတ်ယိုဖိတ်သွားခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ စားစရာကို အွန်လိုင်းကနေ မှာယူကြတာများလို့ ၀မ်ကလည်း အိမ်ခြေယာမဲ့အတွက် အွန်လိုင်းကနေ စားစရာတွေ မှာပေးခဲ့ပါတယ်။

ကူမင်းသိပ္ပံနဲ့ နည်းပညာတက္ကသိုလ်ကျောင်းသား ၀မ်ဟာ အိမ်ခြေယာမဲ့အတွက် ၀က်သားပြား၊ အသားပါတဲ့ တိုဖူးခေါက်ဆွဲ၊ ရွှေဖရုံသီးဟင်း စတဲ့ စားစရာတွေ မှာပေးခဲ့ပြီး တက္ကသိုလ်ကျောင်းရှေ့ ခုံးကျော်တံတားပေါ်က အိမ်ခြေယာမဲ့ကို ပို့ပေးပါလို့ မှာခဲ့တာပါ။ ပြီးတော့ သူ့ကို အစားအစာတွေ ပို့ပြီးပြီးချင်း ပြန်ဆက်သွယ်ပါလို့ စားသောက်ဆိုင်ကို မှာခဲ့ပါသေးတယ်။ ၀မ်ရဲ့ စေတနာတွေကို အားကျသွားခဲ့တဲ့ စားသောက်ဆိုင် မန်နေဂျာက အိမ်ခြေယာမဲ့အတွက် ထမင်းတစ်ပန်းကန်နဲ့ စားစရာတွေ ထပ်ထည့်ပေးခဲ့ပါသေးတယ်။

အဲဒီနောက်မှာတော့ ဒီအကြောင်းက တရုတ်လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့သွားပြီး အလီဘာဘာကုမ္ပဏီက ၀မ်ရဲ့ စေတနာကို အသိအမှတ်ပြုတဲ့အနေနဲ့ ယွမ်ငွေ ၅၀၀၀ လှူခဲ့ပါတယ်။ ဒါပေမဲ့ ၀မ်က အဲဒီပိုက်ဆံကို သူ့ကိုယ်ကျိုးအတွက် မသုံးဘဲ နာမကျန်းဖြစ်နေတဲ့ တစ်နှစ်အရွယ် ကလေးငယ်အတွက် ယွမ်ငွေ ၃၀၀၀ လှူပေးခဲ့ပြီး တက္ကသိုလ် ပရဟိတအဖွဲ့အတွက် ယွမ်ငွေ ၁၀၀၀၊ ခေါက်ဆွဲဆိုင်က မရှိဆင်းရဲသားစားဖို့ ထည့်ဝင်တဲ့ အလှူငွေထဲမှာ ယွမ်ငွေ ၁၀၀၀ ထည့်ခဲ့ပါတယ်။

ပစ်တိုင်းထောင်

Check Also

မြို့ပေါ်က မြန်မာသံတွေ အားမပေးတာကြောင့် ထမင်းကျွေးနေတဲ့ နယ်ဘက်ကို အားကိုးနေရတယ်လို့ ဗညားဟန် ရင်ဖွင့်လာ

ခေတ်မီလာတဲ့ခေတ် အခြေအနေကိုကြုံဆုံ နေရတဲ့ မြန်မာသံအဆိုတော်များ အနေနဲ့မြန်မာသံဂီတများကို မြို့နေလူတန်းစားများ အားပေးမှုမရှိကြခြင်းကြောင့် ထမင်းကျွေးနေတဲ့ တောနေပရိသတ်များကိုသာ အားကိုး နေရ တယ်လို့ မြန်မာသံအဆိုတော် ဗညားဟန်က ပွင့်လင်းစွာဖြင့်ရင်ဖွင့်လာပါတယ်။ …

Leave a Reply

Your email address will not be published. Required fields are marked *