Tuesday , June 19 2018
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Entertainment / အိုဘားမား ဇနီးနဲ့ သမီးရဲ့ မြင်ရခဲတဲ့ ဓာတ်ပုံတွေ

အိုဘားမား ဇနီးနဲ့ သမီးရဲ့ မြင်ရခဲတဲ့ ဓာတ်ပုံတွေ

အမေရိကန်သမ္မတကတော်ဟောင်း မီရှယ်အိုဘားမားနဲ့ အကြီးဆုံးသမီး မာလီယာတို့ မီယာမီကမ်းခြေမှာ အတိုအပြတ်ဝတ်စုံတွေနဲ့ ပျော်မြူးနေတဲ့ ရှားရှားပါးပါး ဓာတ်ပုံတွေ ထွက်ပေါ်လာခဲ့ပါတယ်။

အသက် ၅၃ နှစ်အရွယ်ရှိတဲ့ မီရှယ်အိုဘားမားဟာ အဖြူရောင်
အတွင်းခံအင်္ကျီ၊ အပြဲစတိုင် အဖြူရောင်ဘောင်းဘီတိုတွေကို ၀တ်ဆင်ထားပြီး ဖိနပ်ကိုလက်မှာကိုင်လို့ မီယာမီကမ်းခြေမှာ ခြေဗလာနဲ့ လမ်းလျှောက်နေတာ တွေ့ရပါတယ်။ အသက် ၁၉ နှစ်အရွယ် သမီးဖြစ်သူ မာလီယာကတော့ အနက်ရောင် အကျီလက်ရှည်၊
အနက်ရောင်အတွင်းခံဘောင်းဘီတိုကို ၀တ်ဆင်ထားပါတယ်။

သူတို့နှစ်ဦးနဲ့အတူ အိုဘားမားအစိုးရရဲ့ ထိပ်တန်းအကြံပေး ပုဂ္ဂိုလ်ဟောင်း ဂျာရက်နဲ့ ထောက်လှမ်းရေးအရာရှိတွေ အပါအ၀င်
ရင်းနှီးတဲ့ မိတ်ဆွေတွေ လိုက်ပါခဲ့ပေမယ့် သမ္မတဟောင်း အိုဘားမားနဲ့ သမီးအငယ် ဆာရှာတို့ လိုက်ပါခဲ့ဖွယ်မရှိပါဘူး။ သမ္မတဟောင်း
အိုဘားမားက မနှစ်တုန်းက သမီးအကြီး မာလီယာကို ပထမဆုံးအကြိမ် တက္ကသိုလ် လိုက်ပို့ပြီးချိန်မှာ တော်တော်စိတ်မကောင်းဖြစ်ရတယ်လို့ပြောခဲ့ဖူးပါတယ်။

Check Also

မြို့ပေါ်က မြန်မာသံတွေ အားမပေးတာကြောင့် ထမင်းကျွေးနေတဲ့ နယ်ဘက်ကို အားကိုးနေရတယ်လို့ ဗညားဟန် ရင်ဖွင့်လာ

ခေတ်မီလာတဲ့ခေတ် အခြေအနေကိုကြုံဆုံ နေရတဲ့ မြန်မာသံအဆိုတော်များ အနေနဲ့မြန်မာသံဂီတများကို မြို့နေလူတန်းစားများ အားပေးမှုမရှိကြခြင်းကြောင့် ထမင်းကျွေးနေတဲ့ တောနေပရိသတ်များကိုသာ အားကိုး နေရ တယ်လို့ မြန်မာသံအဆိုတော် ဗညားဟန်က ပွင့်လင်းစွာဖြင့်ရင်ဖွင့်လာပါတယ်။ …

Leave a Reply

Your email address will not be published. Required fields are marked *