Tuesday , June 19 2018
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Entertainment / အလေးချိန် ၂ တန်ရှိကားကို ဆံပင်နဲ့ချည်ပြီး ဆွဲပြနိုင်ခဲ့တဲ့ ကောင်မလေး

အလေးချိန် ၂ တန်ရှိကားကို ဆံပင်နဲ့ချည်ပြီး ဆွဲပြနိုင်ခဲ့တဲ့ ကောင်မလေး

အသက် ၁၆ နှစ် အရွယ်ရှိအာမေးနီးယားနိုင်ငံသူတစ်ဦး ဟာ ၂ တန်ရှိတဲ့ ကားကို ကြိုးနဲ့ချည်ပြီးနောက် အဲဒီကြိုးကို သူ ဦးခေါင်းဆံပင် မှာ ထပ်ချည်ပြီး ကားကိုရွှေအောင်ဆွဲပြခဲ့ရာတွေမြင့်ရသူအများ စိတ်ဝင်စားအံသြခဲ့ပါတယ်။ ဆံပင် ဟာ အမျိုးသမီးတွေရဲ့ လှပမှုကိုပြသနိုင်ဖို့ အဓိ က အရေးပါတဲ့ အစိတ်အပိုင်း အဖြစ် ရှိနေရာ အသက် ၁၆ နှစ် အရွယ်ရှိကာရင် ဆာယမ် ဟာ သူအလှကို ပြသရုံသာမက သူ ဆံပင် တောင့်တင်းခိုင်မာမှုကို ပြသနိုင်ခဲ့တယ်လို့သိရပါတယ်။ ဆာယမ် ဟာ ၂ တန်ရှိတဲ့ ကားကို ဆံပင်နဲ့ချည်ပြီးဆွဲပြမှုကို အာမေးနီးယားနိုင်ငံ Yerevan မြို့ မှာပြုလုပ်ပြခဲ့တာဖြစ်ပြီး ကား ကိုဆွဲနိုင်ဖို့ သူမ ဆံပင်ကို ကျစ်ဆံမြီးကျစ်ခဲ့ကာ နောက်မှချထားခဲ့ပြီး သူဆံပင် နဲ့ ကြိုးကို ချည်ကာ အဲဒီ ကြိုးကို ကားမှာထပ်ချည်ပြီး ဆွဲခဲ့တာဖြစ်တယ်လို့ သတင်းတွေကဖော်ပြပါတယ်။

အသက် ၁၆ နှစ် အရွယ်ရှိ အာမေးနီယားကောင်မလေး ဟာလက်ဝှေ့ သမားတစ်ဦးဖြစ်သလို ကိုယ်ကာယလေကျင့်ခန်းကို နှစ်သက်ခံစားမှုရှိသူလည်းဖြစ်ပါတယ်။ ဆာယမ် ကသူ အဓိက အိမ်မက်မှာ ဂင်းနစ် စံချိန်တင်နိုင်ဖို့ နဲ့ ကမ္ဘာလက်ဝှေ့ချန်ပီယံဖြစ်ဖို့ လို့ပြောခဲ့ပါတယ်။ ဆာယမ် ဟာ ခန္ဓာကိုယ်ကြံခိုင်မှုဖြစ်အောင် လေကျင့် ခန်းလုပ်ဖို့ စိတ် အားထက်သန်သူလည်းဖြစ်ပါတယ်။ သူ ဖခင် ဟာ အာမေးနီယားနိုင်ငံမှာ လူသိများတဲ့အားကစားသမားတစ်ဦးဖြစ်ပါတယ်။ အခုလိုမျိုး ကားကိုဆံပင်နဲ့ချည်ပြီး ဆွဲပြနိုင်မှု ဟာ ဆာယမ်အတွက် ပထမဆုံး အကြိမ်မဟုတ်ဘဲလွန်ခဲ့တဲ့ ၅ နှစ်ကျော်ကလည်း လေးဘီးတပ်ကားကို ဆံပင်ကိုအသုံးပြုပြီး ရွှေလျားအောင် ဆွဲပြခဲ့ဖူးပါတယ်။

Check Also

မြို့ပေါ်က မြန်မာသံတွေ အားမပေးတာကြောင့် ထမင်းကျွေးနေတဲ့ နယ်ဘက်ကို အားကိုးနေရတယ်လို့ ဗညားဟန် ရင်ဖွင့်လာ

ခေတ်မီလာတဲ့ခေတ် အခြေအနေကိုကြုံဆုံ နေရတဲ့ မြန်မာသံအဆိုတော်များ အနေနဲ့မြန်မာသံဂီတများကို မြို့နေလူတန်းစားများ အားပေးမှုမရှိကြခြင်းကြောင့် ထမင်းကျွေးနေတဲ့ တောနေပရိသတ်များကိုသာ အားကိုး နေရ တယ်လို့ မြန်မာသံအဆိုတော် ဗညားဟန်က ပွင့်လင်းစွာဖြင့်ရင်ဖွင့်လာပါတယ်။ …

Leave a Reply

Your email address will not be published. Required fields are marked *