Saturday , July 21 2018
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Entertainment / အမြင်ကတ်လို့ အလုပ်မအပ်ကြတာ ဖြစ်မယ်လို့ ပြောလိုက်တဲ့ ဖိုးကျော်

အမြင်ကတ်လို့ အလုပ်မအပ်ကြတာ ဖြစ်မယ်လို့ ပြောလိုက်တဲ့ ဖိုးကျော်

သရုပ်ဆောင်အလုပ် လုပ်ကိုင်ရန်အတွက် ကမ်းလှမ်းခြင်းနည်းတာက ပြောဆိုတဲ့စကားများနဲ့ ပတ်သက်ပြီး အမြင်ကတ်တာကြောင့်လည်း ဖြစ်မှာပါလို့ ဖိုးကျော် က ပွင့်လင်းစွာ ရင်ဖွင့်ပြောကြားလာပါတယ်။
Image may contain: 2 people, people standing
“ဘာ့ကြောင့်လည်းဆိုတော့ အနုပညာလုပ်ငန်းကို လုပ်တဲ့သူတွေပေါ့။ဥပမာ-တချို့ထုတ်လုပ်ရေးတွေ၊ ဒါရိုက်တာတွေကပေါ့။အဲဒီလူတွေရဲ့ အမြင်မှာ ကျွန်တော့်ကို ကြည့်မရတာတွေလည်း ရှိမှာပေါ့။ကျွန်တော်ပြောတဲ့ စကားတွေကို အမြင်ကပ်တာလည်းပါမယ်။ဒါပေမဲ့ အဲဒါတွေ ကျွန်တော်မသိဘူး။သေချာတာ တစ်ခုကတော့ တော်တော်များများက ကျွန်တော့်ကို အလုပ်လုပ်ဖို့ကမ်းလှမ်းတာတွေ မရှိတာပါပဲ။တချို့ကမ်းလှမ်းကြတဲ့သူတွေက ဇာတ်တွေက ပေါ့ပေါ့ပါးပါးဖြစ်နေပြန်တော့ ကျွန်တော်က ထပ်ပြီး complain ပြုဖို့ကြတော့လည်း မသင့်တော်တဲ့ လူမျိုးကြရင် မအားဘူးလို့ပဲ ငြင်းလိုက်ပါတယ်။အားနာရမဲ့သူမျိုးဆိုရင် ကျွန်တော်ညှိကြည့်ပါတယ်။မရဘူးဆိုရင် ကျွန်တော်မရိုက်ပါဘူး။ကျွန်တော် ဒီဇာတ်ကောင်စရိုက်မျိုး မလုပ်နိုင်ဘူး။မလုပ်ချင်ဘူးပေါ့။တချို့ကတော့ သရုပ်ဆောင်တွေကိုယ်တိုင် လာငှားတာတွေ ရှိပါတယ်။အဲဒါဆိုရင်တော့ ကိုယ်မလုပ်နိုင်တဲ့ ဇာတ်ကောင်စရိုက်အတွက် မလုပ်နိုင်ဘူးလို့ ပေါ်တင်ပဲ ပြောလိုက်တယ်။မကြိုက်ဘူး ဆိုတာကို။ဘာလို့ဆို ပရိသတ်တွေကို အပေါကားတွေ မပေးချင်လို့ပါပဲ” လို့ ဆိုပါတယ်။
ဖိုးကျော် အနေဖြင့် အနုပညာလောကနဲ့ ပတ်သက်ပြီး ခံစားရတဲ့ ခံစားချက်များရှိပြီး အနာမရှိဘဲ အောင်မြင်မှုမရဘူးလို့ ဆိုခဲ့တဲ့အပြင် အနုပညာတွေကိုလည်း အများကြီးပေးခဲ့တဲ့သူအဖြစ် လက်ခံတယ်လို့ ဆိုပါတယ်။သူ့အနေနဲ့ နာကျင်မှုတွေကို သယ်ယူနေရတယ်ဆိုတာ မကောင်းဘူးလို့ ဆိုခဲ့ပြီး သူဝေးကွာနေတဲ့ သူ့အနုပညာတွေကိုတော့ ပရိသတ်တွေက သတိရနေကြမှာပါလို့ ဆိုခဲ့ပါတယ်။

မြင့်မိုရ်ကိုကို
ပစ်တိုင်းထောင်၏ မိတ်ဖက်မီဒီယာ ဖြစ်သော opinionleadersnews မှ ပြန်လည် မျှဝေပေးပါသည်။

Image may contain: 1 person, standing and sunglasses

Check Also

မြို့ပေါ်က မြန်မာသံတွေ အားမပေးတာကြောင့် ထမင်းကျွေးနေတဲ့ နယ်ဘက်ကို အားကိုးနေရတယ်လို့ ဗညားဟန် ရင်ဖွင့်လာ

ခေတ်မီလာတဲ့ခေတ် အခြေအနေကိုကြုံဆုံ နေရတဲ့ မြန်မာသံအဆိုတော်များ အနေနဲ့မြန်မာသံဂီတများကို မြို့နေလူတန်းစားများ အားပေးမှုမရှိကြခြင်းကြောင့် ထမင်းကျွေးနေတဲ့ တောနေပရိသတ်များကိုသာ အားကိုး နေရ တယ်လို့ မြန်မာသံအဆိုတော် ဗညားဟန်က ပွင့်လင်းစွာဖြင့်ရင်ဖွင့်လာပါတယ်။ …

Leave a Reply

Your email address will not be published. Required fields are marked *