Tuesday , June 19 2018
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Featured / မောင်းသူမဲ့ယာဉ်အသုံးပြုပြီး ပင်လယ်ထဲမှာ ဒုက္ခရောက်နေတဲ့ ဆယ်ကျော်သက် ၂ ဦးကို ကယ်တင်နိုင်ခဲ့

မောင်းသူမဲ့ယာဉ်အသုံးပြုပြီး ပင်လယ်ထဲမှာ ဒုက္ခရောက်နေတဲ့ ဆယ်ကျော်သက် ၂ ဦးကို ကယ်တင်နိုင်ခဲ့

ကမ်းခြေစောင့်တပ်ဖွဲ့က မောင်းသူမဲ့ယာဉ်ကို အသုံးပြုဖို့ လေ့ကျင့်နေတုန်း ပင်လယ်ထဲက ဆယ်ကျော်သက် ၂ ဦးကို ကယ်တင်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့က သြစတြေးလျနိုင်ငံ နယူးဆောက်ဝေးလ် ပြည်နယ်က Lennox Head ပင်လယ်ကမ်းခြေရွာမှာ မောင်းသူမဲ့ယာဉ်က ကမ္ဘာ့ပထမဆုံး အသက်ကယ်ဆယ်မှု လုပ်နိုင်ခဲ့တာပါ။ ကမ်းခြေကိုလာတဲ့သူတွေက ကမ်းခြေနဲ့ ပေ ၂၃၀၀ အကွာက လှိုင်းလုံးကြီးတွေထဲမှာ ကောင်လေး ၂ ယောက် ဒုက္ခရောက်နေတာကို တွေ့ရှိခဲ့ပါတယ်။

အဲဒီနောက်မှာ ကမ်းခြေစောင့် တပ်ဖွဲ့က Little Ripper လို့ အမည်ရတဲ့ မောင်းသူမဲ့ယာဉ်ကို လွှတ်တင်ခဲ့ပြီး မောင်းသူမဲ့ယာဉ်ပေါ်ကနေ လေမှုတ်ကယ်ဆယ်ရေးဖောင် ပစ်ချပေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ကောင်လေး ၂ ယောက် ကမ်းခြေကို အန္တရာယ်ကင်းကင်း ပြန်ရောက်လာခဲ့တာပါ။ ပုံမှန်အတိုင်း ဒီလိုအခြေအနေကြုံရင် ကယ်ဆယ်ရေးလုပ်ဖို့ အတွက် ၆ မိနစ်ကြာမြင့်မှာဖြစ်ပေမယ့် မောင်းသူမဲ့ယာဉ် အသုံးပြုပြီး ကယ်ဆယ်ရေးလုပ်တာ စက္ကန့် ၇၀ ပဲ ကြာမြင့်ခဲ့ပါတယ်။

Check Also

ကမ္ဘာ့ ပထမဆုံး လက်မပါတဲ့ အမျိုးသမီး လေယာဉ်မူး Jessica Cox

မွေးရာပါ လက်ပါတဲ့ မိန်းကလေး တစ်ယောက်ရဲ့ ရည်မှန်းချက်က လေယာဉ်မှုး ဖြစ်ချင်တာပါ။ Jessica Cox ဆိုတဲ့ အမေရိကန်က အမျိုးသမီးဟာ မွေးရာပါ လက်မပါခဲ့ပေမယ့် အခု …

Leave a Reply

Your email address will not be published. Required fields are marked *