Tuesday , September 25 2018
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Featured / ၅ ပေါင်ကျော်ရှိတဲ့ ကမ္ဘာ့အကြီးဆုံး ထောပတ်သီး

၅ ပေါင်ကျော်ရှိတဲ့ ကမ္ဘာ့အကြီးဆုံး ထောပတ်သီး

ဒီရာသီက ထောပတ်သီး လှိုင်လှိုင်ပေါတဲ့ ရာသီမို့လို့ ဈေး ဒါမှမဟုတ် လူစည်ကားတဲ့နေရာတွေမှာ ထောပတ်သီးတွေ ရောင်းချနေတာ တွေ့ရမှာပါ။ေ ထာပတ်သီးတစ်လုံး ဘယ်လောက်ကြီးလဲဆိုတာ လူတိုင်း ကောင်းကောင်းသိကြပါတယ်။ အလွန်ဆုံးရှိမှ နှစ်ပေါင်လောက်ပါပဲ။ ဒါပေမဲ့ ကမ္ဘာ့အကြီးဆုံး ထောပတ်သီးကတော့ ၅ ပေါင်နဲ့ ၃.၆ အောင်စ ရှိပါသတဲ့။

အဲဒီထောပတ်သီးကို ဟာဝိုင်အီကျွန်းမှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးက တွေ့ရှိခဲ့တာပါ။ ၀မ်လို့ အမည်ရတဲ့ ဒီအမျိုးသမီးဟာ နိုဝင်ဘာလ ၂၆ ရက်နေ့က ကီလာကီကူ ပင်လယ်အော် ဒေသက စာသင်ကျောင်းအနီးမှာ လမ်းလျှောက်နေတုန်း ဒီထောပတ်သီးကြီးကို တွေ့ခဲ့တာပါ။

အဲဒါနဲ့ ဂင်းနက်စ်စံချိန်တင်နိုင်ဖို့ မျက်မြင်သက်သေတွေ ခေါ်ပြီး ထောပတ်သီးကို ချိန်ခဲ့ကြတာပါ။ ထောပတ်သီးကို ချိန်ပြီးတဲ့နောက် အောင်ပွဲခံတဲ့အနေနဲ့ ထောပတ်သီး ခွဲစားခဲ့ကြပါတယ်။

ထောပတ်သီးအရသာက အီစိမ့်နေလို့ လူ ၁၀ ယောက်စားတာကြောင့် ထောပတ်သီး တစ်စိတ် ကုန်အောင်မစားနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

Check Also

ကမ္ဘာ့ ပထမဆုံး လက်မပါတဲ့ အမျိုးသမီး လေယာဉ်မူး Jessica Cox

မွေးရာပါ လက်ပါတဲ့ မိန်းကလေး တစ်ယောက်ရဲ့ ရည်မှန်းချက်က လေယာဉ်မှုး ဖြစ်ချင်တာပါ။ Jessica Cox ဆိုတဲ့ အမေရိကန်က အမျိုးသမီးဟာ မွေးရာပါ လက်မပါခဲ့ပေမယ့် အခု …

Leave a Reply

Your email address will not be published. Required fields are marked *