Tuesday , September 25 2018
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Featured / ရုပ်​​ရည်​​ချော​မောလှပလွန်း​နေ​ပေမဲ့ ပန်းရံ​ ကြိုးကြိုးစားစားလုပ်​ကိုင်​​နေတဲ့ ​ကောင်​မ​လေး

ရုပ်​​ရည်​​ချော​မောလှပလွန်း​နေ​ပေမဲ့ ပန်းရံ​ ကြိုးကြိုးစားစားလုပ်​ကိုင်​​နေတဲ့ ​ကောင်​မ​လေး

ဆောက်​လုပ်​​ရေး လုပ်​ငန်းခွင်​​တွေမှာ အမျိုးသမီး​တွေ အလုပ်​ကြမ်းလုပ်​​နေတဲ့ မြင်​ကွင်းဟာ ကျွန်​​တော်​တို့ မြန်​မာနိုင်​ငံမှာ အရင်​က​ပေါများခဲ့​ပေမဲ့ အခုအချိန်​မှာ​တော့ နည်းနည်းရှားပါးလာတဲ့ မြင်​ကွင်းတစ်​ခုဖြစ်​လာပါပြီ။ ​ဆောက်​လုပ်​​ရေးလုပ်​ငန်းခွင်​​တွေမှာလည်း မိန်းက​လေး​တွေ သိပ်​မလုပ်​ကြ​တော့ပါဘူး။

ဒါ​ကြောင့်​ပဲ လတ်​တ​လောမှာ ​ဆောက်​လုပ်​​ရေးလုပ်​ငန်းခွင်​မှာကြိုးကိုးစားစား အလုပ်​လုပ်​​နေတဲ့ ​ကောင်​မ​​ချော​လေးတစ်​​ယောက်​ဟာ အင်​တာနက်​စာမျက်​နှာ​တွေ​ပေါ်မှာ ​ရေပန်းစားခဲ့ပါတယ်​။

သူမရဲ့ နာမည်​ဟာ ​ဇောင်​အို မဲ့ (Xiao Mei) လို့​ခေါ်ပြီး ​ဆောက်​လုပ်​​ရေးလုပ်​ငန်းခွင်​မှာ ​ယောက်ျား​လေး​တွေနဲ့ တန်းတူ အလုပ်​လုပ်​​နေခဲ့တာ ဖြစ်​ပါတယ်​။ လူများက​တော့ သူမကို တကယ်​လက်​​တွေ့ဘဝက Wonder woman လို့​ခေါ်ဆို​နေကြပြီး သူမရဲ့ ရုပ်​ရည်​​ချော​မောမှုနဲ့ ​ယောက်​ကျား​လေး​တွေနီးပါး အုတ်​ခဲ​တွေကို သယ်​​နေတဲ့ ပုံ​တွေဟာလည်း Wonder woman လို့လည်း ​ခေါ်ချင်​စရာပါပဲ။

ပထမတုန်းက သူမကို ​ဆောက်​လုပ်​​ရေးလုပ်​ငန်းခွင်​မှာ လူများက ကူညီလုပ်​ကိုင်​​ပေးခဲ့​ပေမဲ့ သူမဟာ ​ယောက်ျား​လေးများနီးတူ သန်​စွမ်းသူတစ်​​ယောက်​ဖြစ်​တာ​ကြောင့်​ အခုလို ​ဆောက်​လုပ်​​ရေး လုပ်​ငန်းခွင်​မှာ ဆက်လက်​​လုပ်​ကိုင်​​နေခဲ့တာ ဖြစ်​ပါတယ်။

She's so badass.

Posted by Nextshark on Thursday, June 29, 2017

ဇောင်​အိုမဲ့တစ်​​ယောက်​ ဘိလပ်​​မြေအိတ်​​တွေနဲ့ အုတ်​ခဲ​တွေ သယ်​​နေတဲ့ ဗီဒီယိုဖိုင်​ဟာ ဆိုရှယ်​ မီဒီယာ​တွေမှာ ပျံ့နှံ့ခဲ့ပြီး အင်​တာနက်​ အသုံးပြုသူ အများစုက​တော့ ​ဇောင်​အိုမဲ့တစ်​​ယောက်​ မိန်းက​လေး​တွေလုပ်​တဲ့ အလုပ်​မျိုး​တွေမှာ အလုပ်​ရသွားဖို့ ကူညီရှာ​ဖွေ​ပေး​နေကြတယ်​ လို့သိရပါတယ်​။

Slash (ပစ်​တိုင်း​ထောင်​)

Ref : Rachfeed

Check Also

ဆင်းရဲသားအဘိုးက တန်ဖိုးကြီး BMW ကားကို ထိခိုက်မိသည့်အတွက် လျော်ပေးမည်ဖြစ်ကြောင်း စာရေးပြီးထားခဲ့

လူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် စိတ်ဓာတ်ခြင်း မတူညီကြပါဘူး။ ငွေ ရှိတာ မရှိတာနဲ့ မဆိုင်ပါဘူး။ စိတ်ဓာတ် ကောင်းဖို့က ပထမ ငွေရှိဖို့က ဒုတိယပါ။ တရုတ်ပြည်မှာ …

Leave a Reply

Your email address will not be published. Required fields are marked *