Saturday , November 17 2018
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Kyaw Lin

Kyaw Lin

ကြက်သွန်ဖြူရဲ့ အံ့ဖွယ် အစွမ်းသတ္တိ ၁၃ ခု

ကြက်သွန်ဖြူဟာ ဆိုလျှင် ဟင်းခတ် အမွှေးအကြိုင် များထဲမှ တစ်အခု အပါအဝင် ဖြစ်ပါတယ်။ ကြက်သွန်ဖြူကို စားသုံးခြင်းအားဖြင့် ဘယ်လို ရောဂါတွေကို ပျောက်ကင်းနိုင်တယ် ဆိုတာကို ရေးသားလိုက် ရပါတယ်။ ၁။ သွေးတိုးရောဂါ ပျောက်ကင်းစေနိုင် ပါတယ်။ ၂။ တုပ်ကွေးရောဂါဖြစ်ပါက ဟင်းချိုထဲတွင် ကြက်သွန်ဖြူများများ ထည့်ပြီး သောက်ပါ။ ၃။ ကူးစက်ရောဂါများ အတွက်လည်း ကောင်းမွန်ပါတယ်။ ၄။ ကိုလက်စရောကို လျော့ကျစေပါတယ်။ ၅။ အနာဖြစ်ပါက ကြက်သွန်ဖြူစားပေးပါ။ ၆။ လိင်အင်္ဂါရောဂါ အတွက်လည်း အထူးပင် ကောင်းမွန်ပါတယ်။ ၇။ ကင်ဆာရောဂါ အတွက်လည်း ကောင်းမွန်ပါတယ်။ ၈။ သွေးလည်ပတ်မှု အတွက်လည်း ကောင်းမွန်ပါတယ်။ ၉။ …

Read More »

လူဆိုတာ ကိုယ့်သမိုင်းကို ရေးကြတာပါပဲ ကိုယ်ရေးတဲ့သမိုင်းမှာ သမိုင်းကြောင်း လှလှလေး ကျန်ချင်တယ်ဆိုတဲ့ စိုးပြည့်သဇင်

အနုပညာ လောကကို အပြင်လူတွေ ဝေဖန်ကြတယ် ရင်ရှုပ် ရုပ်ရှင်လို့ ပြောကြတယ်။ တချို့ အနုပညာသမားတွေဆို ရုပ်ရှင်ကို ခုတုံးလုပ်ပြီးရင် စပွန်ဆာပဲ ရှာနေတဲ့သူရှိသလို တချို့ အနုပညာသမားတွေဆို ကိုယ်ချစ်တဲ့အနုပညာကိုပဲ  ရိုးရိုးသားသားလေးနဲ့ကြိုးစားနေကြတဲ့သူတွေလည်းရှိပါတယ်။ အဲ့ဒီထဲကမှ ရိုးရိုးသားသားလေးနဲ့ကြိုးစားနေတဲ့အနုပညာကြယ်ပွင့်လေး တပွင့်ဖြစ်တဲ့သရုပ်ဆောင် အကယ်ဒမီစိုးပြည့်သဇင်ကို ကိုယ့်နာမည်ကောင်း တခုဖြစ် ခုလိုရပ်နည်နေနိုင်ဖို့ကိုယ့်ကိုယ်ကို ဘယ်လိုကောင်းအောင်ထိန်သိမ်းနေထိုင်ခဲ့လဲ ဆိုတာ မေးကြည့်တော့ “လူဆိုတာကိုယ့်သမိုင်းကိုရေးကြတာပါပဲ ကိုယ်ရေးတဲ့သမိုင်းမှာ သမိုင်းကြောင်းလှလှလေးကျန်ချင်တယ်။ ဒါစိုးပြည့် အနုပညာလောကထဲကို မဝင်ခင် အချိန်ထဲက စိုးပြည့်ရဲ့ခံယူချက်ပါ။ စိုးပြည့်ကြောင့်စိုးပြည့်ကိုချစ်တဲ့သူတွေ မိဘဆွေမျိုးတွေ မိဘမောင်နှမတွေ စိုးပြည့်ကိုချစ်ခင်တဲ့စိတ်နဲ့အားပေးနေကြတဲ့ fan တွေ မျက်နှာ မငယ်စေချင်ပါဘူး။ နောက်တခုစိုးပြည့်ကစိုးပြည့်ရဲ့မိန်းကလေးတယောက်ရဲ့ ရှိသင့်ရှိထိုက်တဲ့ဂုဏ်သိက္ခာကို အရမ်းတန်ဖိုးထားလို့ပါ။ ကိုယ်ကိုတိုင်ကလည်း Celebrity သာဖြစ်တာ …

Read More »

ဟာသကားတွေရိုက်တဲ့ မင်းသား အသစ်တွေ ပျက်လုံးတစ်ခု ပျက်လိုက်ရင် ကြောင်အမ်းအမ်း ဖြစ်သွားတတ် တယ်လို့ လူရွှင်တော် ကြာစိ ဆို

လူရွှင်တော်လောကကနေပြီး ဟာသသရုပ်ဆောင်ဘက်ကို ၀င်ရောက်လာတာ နှစ်ကြာနေပြီဖြစ်တဲ့ ဟာသသရုပ်ဆောင် ကြာစိ က မင်းသားသစ်တွေ ဟာသကားတွေ ရိုက်နေပေမဲ့ ပျက်လုံးတစ်ခု ပျက်လိုက်ရင် ကြောင်အမ်းအမ်းဖြစ်သွားကြတာ ရှိတယ်လို့ ပွင့်လင်းစွာပြောလာပါတယ်။ “ဇာတ်ပို့သရုပ်ဆောင်အဖြစ်ရော။ဟာသသရုပ်ဆောင်အဖြစ်ရော သရုပ်ဆောင်ရတဲ့အချိန်မှာ ကိုယ့်ကြောင့် မင်းသားတွေ ဇာတ်အရှိန်တက်သွားလို့ တက်သွားကြတာတွေရှိသလို ကိုယ့်ကြောင့် သေသွားတာလည်း ရှိပါတယ်။ဒီတော့ ကားတွေရိုက်ရင် တချို့သော မင်းသားသစ်တွေက ဟာသပညာကို မသိတော့ တစ်ခါတလေက ကိုယ်က ဟာသပျက်လုံး ထလုပ်လိုက်တာမျိုးကို သူတို့က ဒါကိုဟာသလို့ သဘောမပေါက်ဘဲ နားမလည်ကြတော့ ကိုယ့်ဟာသကြောင့် သူ့အတွက် ကောင်းသွားရတာကို သူမသိတာ ဒီတော့ ကိုယ်လုပ်ပေးလိုက်ရတာက အလကားဖြစ်သွားတယ်။တချို့မင်းသားတွေကျတော့ တော်တော့်ကိုအဆင်ပြေတာ။ကိုယ်က နည်းနည်းလေးလှုပ်လိုက်တာနဲ့ သူတို့ဘက်ကပြန်ပြီး အကန်တွေကိုလာတယ်။သူတို့ဘက်က ပြန်ကန်တယ် ဆိုတော့ …

Read More »

အတည်တကျ လက်တွဲဖော် တွေ့လာပြီဆိုရင် ပရိတ်သတ်ကို ပြောမှာပါ ဆိုတဲ့ အိချောပို

ပုပ္ပါးမှာ ” အကိတ် “ဆိုတဲ့ကားကို ကိုမင်းမော်ကွန်းနဲ့ ရိုက်ရမဲ့အခန်းပါလို့ ပုပ္ပါး သွားရိုက်ခဲ့တယ်လို့ ပြောပြလာတဲ့ ပရိသတ် အချစ်တော် စူစူ(ခ)အိချောပိုကို မိန်းကလေး တစ်ယောက်ရဲ့ ခန္ဓာကိုယ်လှပမှုကို ယောက်ကျားလေးတွေက “အကိတ်”လို့ပြောလာတဲ့ မပေါ် စိတ်ခံစားမှုကို မေးကြည့်တော့ “အိချောကတော့ ဘယ်လိုမှ မနေပါဘူး ဒါက ခေတ်စကား fb မှာလည်း လူငယ်တွေပြောဆိုသုံးနေတဲ့ ခေတ်စကားပေါ့။ အိချောကတော့ ရုပ်ဘဲဖြစ်ဖြစ် ခန္ဓာကိုယ်ဘဲဖြစ်ဖြစ် ကိုယ့်ကိုပေးလာတာကို လက်ခံတယ်။ ဒီဘက် ခေတ်မှာတော့ ပြု့ပြင်ယူလို့ ရနေပေမယ့် အိချောကတော့ အဲ့လိုပြု့ပြင်ယူရမှာ ကြောက်တယ်။ မလုပ်ရဲဘူး လှသည်ဖြစ်စေ မလှသည်ဖြစ်စေ ဒီလောက်နဲ့ပရိတ်သတ်က လက်ခံထားတယ်ဆို အဲ့ဒါနဲ့ဘဲရှေ့ဆက်ဖို့ ရှိပါတယ်”လို့သူမကပြောပါတယ်။ အလှူ တစ်ခုမှာ …

Read More »

အသားအရေ ထိန်းသိမ်းချင်သူများ အတွက် သတင်းကောင်းတစ်ခု ဝေမျှလိုက်ပါတယ်

ကဲ …. မိတ်ဆွေတို့ရေ – SPOILER ALERT ၊ SPOILER ALERTနော် 😮 – အများကြီးတော့ မပြောတော့ဘူး Infinity War ကြည့်ပြီးတဲ့အခါ သဘောပေါက် လာတာတော့ Thanos အသားအရေ ပန်းရောင် သန်းလာပြီး ကြည်လင်လာတယ်😜 – ဘာကြောင့်လည်း ဆိုပြီး စုံစမ်းကြည့်လိုက်တော့မှ Crystal Tomato သောက်လို့ပါတဲ့ 😉 – Crystal Tomato ရဲ့ အကျိုးကျေးဇူးတွေကတော့ – – ၁။ နေရောင်ခြည် UVA နဲ့ UVB ကိုစုပ်ယူပေးနိုင်ခြင်း။ ၂။ နေလောင်ဒါဏ်တွေကို ပြန်ပြုပြင်ပေးခြင်း။ ၃။ Super Anti-oxidant …

Read More »

မြို့ပေါ်က မြန်မာသံတွေ အားမပေးတာကြောင့် ထမင်းကျွေးနေတဲ့ နယ်ဘက်ကို အားကိုးနေရတယ်လို့ ဗညားဟန် ရင်ဖွင့်လာ

ခေတ်မီလာတဲ့ခေတ် အခြေအနေကိုကြုံဆုံ နေရတဲ့ မြန်မာသံအဆိုတော်များ အနေနဲ့မြန်မာသံဂီတများကို မြို့နေလူတန်းစားများ အားပေးမှုမရှိကြခြင်းကြောင့် ထမင်းကျွေးနေတဲ့ တောနေပရိသတ်များကိုသာ အားကိုး နေရ တယ်လို့ မြန်မာသံအဆိုတော် ဗညားဟန်က ပွင့်လင်းစွာဖြင့်ရင်ဖွင့်လာပါတယ်။ “မြို့ပေါ်ထက်စာရင် ကိုဗညားတို့ မြန်မာသံအဆိုတော်တွေဟာ နယ်ဘက်ကို အားကိုး အားထားပြုနေရပါ တယ်။ အဲဒါက အမှန်အကန်ပါပဲ။မြို့ပေါ်မှာက မြန်မာသံတွေ အတွက် မရတော့တာကံပါပဲ။နယ်တွေမှာ က ကိုယ်တွေ မြန်မာသံ အတွက် အားကိုးစရာတစ်ခု ပါပဲ။မြို့ပေါ်မှာလည်းမြန်မာသံကို ကြိုက်ကြတဲ့သူတွေရှိမှာပါပဲ။ အနည်းအကျဉ်းပေါ့။ မြန်မာသံ အနုပညာရှင်တွေ အနေနဲ့ အားကိုအားထား လောက်အောင်ကို မြို့ အနေနဲ့ မရှိတာပါ။ ထမင်းကျွေးနေတာက မြန်မာသံအဆိုတော်တွေ၊ အနုပညာရှင်တွေကို နယ် ပရိသတ်တွေကပဲ ကျွေး နေတာပါ။ …

Read More »

ခင်ပွန်းက ကွာရှင်းဖို့လုပ်လို့ ကလေးတွေကို ဓားနဲ့ထိုးသတ်ပစ်လိုက်တဲ့ မိခင်

အမေရိကန်ပြည်ထောင်စု၊ အင်ဒီယားနားပြည်နယ်မှ အမျိုးသမီးတစ်ယောက်က ကလေးတွေကို ဓားနဲ့ထိုးခဲ့တဲ့အတွက် အပြစ်ရှိကြောင်း ၀န်ခံလိုက်ပြီလို့ Daily Mail သတင်းမှာ ဖော်ပြထားပါတယ်။ ဘရန်ဒီဝါလီ လို့ အမည်ရတဲ့ အသက် ၃၁ နှစ်အရွယ် အမျိုးသမီးဟာ သူမရဲ့ ကလေးနှစ်ယောက်ကို ဓားနဲ့သေသည်အထိ အကြိမ်ကြိမ်ထိုးသတ်ခဲ့သူပါ။ သူမက ခင်ပွန်းဖြစ်သူက ကွာရှင်းရန် ဆောင်ရွက်နေတာကြောင့် ကလေးတွေကို ဓားနဲ့ထိုးရခြင်း ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကို ပြောကြခဲ့ပါတယ်။ ရဲမှတ်တမ်းများအရ သူမက တိုက်ခိုက်ရေးဓားမြှောင်ကို သုံးလျက် အသက် သုံးနှစ်အရွယ် ချာလီ နဲ့ အသက် ခုနှစ်နှစ်အရွယ် တိုင်လာ တို့ကို ထိုးသတ်ခဲ့ကြောင်း သိရပါတယ်။ သူမရဲ့ ခင်ပွန်းဖြစ်သူ ဂျတ်ဆင်ဝါလီ က အခင်းဖြစ်ပွားစဉ် …

Read More »

စွမ်းဆောင်ရည် မပြည့်သည့် ခင်ပွန်းကို ဇနီးသည်က ရုံးတော်သို့တိုင်ကြား

နိုင်ဂျီးရီးယားနိုင်ငံ Akwa Ibom ပြည်နယ်အထက်ဆင့် တရားရုံးမှာ ကြုံတောင့်ကြုံခဲ အမှုတစ်ခုကို ဖြေရှင်းပေးနေရပြီး အဲဒါကတော့ စွမ်းဆောင်ရည် မပြည့်တဲ့ခင်ပွန်းသည်ကို ဇနီးဖြစ်သူက တရားစွဲထားခြင်းပါ။ အသက် ၂၅ နှစ်အရွယ် စီးပွားရေးစီမံခန့်ခွဲမှုဘာသာရပ်နဲ့ဘွဲ့ရထားသူ Helen Bassey Umoh က သူ့ယောက်ျားဟာ လိုအပ်တဲ့ အရည်အချင်းတွေထက် စိတ်ပျက်ဖွယ် ကောင်းလောက်အောင် လျော့နည်း နေကြောင်း၊ စက္ကန့်ပိုင်းမျှလောက်တောင် မစွမ်းဆောင်နိုင်တာကြောင့် အမျိုးသား တစ်ယောက်ဟုပင် သတ်မှတ်ရခက်ကြောင်း တိုင်တန်းလာတာကြောင့် တရားသူကြီးများ အတွက် အခက်ကြုံနေရပါတယ်။ ပြီးခဲ့တဲ့ဧပြီလက လက်ထပ်ခဲ့တဲ့ Helen ရဲ့တိုင်ကြားချက်ကတော့ ခင်ပွန်းဖြစ်သူဟာ သူမကို ဒီအခြေအနေတွေကြိုတင်သတိပေးရ မယ့်အရေးကို ပျက်ကွက်ခဲ့တယ်လို့လည်းဆိုပါတယ်။ “ဒီလက်ထပ်ထိမ်းမြားခြင်းက ဘယ်လိုကလေးကိုမှမွေးဖွားနိုင်မှာ မဟုတ်သလို ကျမတို့နှစ်ယောက်အကြားမှာလည်း …

Read More »

အလုပ်တွေများလာတာကြောင့် သင်္ကြန်တွင်း ချစ်သူနဲ့ မလည်ဖြစ်တဲ့ ကျော်ကျော်

အနုပညာ အလုပ်တွေ များပြားလာခြင်းကြောင့် သင်္ကြန်တွင်း ချစ်သူနဲ့ မလည်ဖြစ်တော့ ဘူးဆိုပြီး သရုပ်ဆောင် ကျော်ကျော်က ဆိုလာပါတယ်။ “သင်္ကြန်မှာ ကဲချင်တဲ့ စိတ်တော့ ရှိပါတယ်။ဒါပေမဲ့ အလုပ်တွေ များလာတဲ့ အတွက်ကြောင့် ရော၊အသက်အရွယ်လည်းရလာတာကြောင့် ရော မကဲဖြစ်ပါဘူး။ ဒီအလုပ်တွေဘက်ကိုပဲဦးစားပေးတာ ပေါ့ဗျာ။ကောင်မလေးနဲ့မလည်ဖြစ်တာကလေ။ ငယ်ငယ်တုန်းက တော့စဉ်းစားမိရင်စဉ်းစားမိမှာပေါ့။လည်တာ ကိုလေ။ ဖြစ်ကောင်းဖြစ်လိမ့်မယ်။ တစ်ခါမှ တော့ ချစ်သူနဲ့ မကဲဖူးသေးဘူး။ အခုထိပဲ။တဖြည်းဖြည်းနဲ့ကိုယ်က တာဝန်တွေများလာတဲ့ အတွက်ကြောင့် အလုပ်တွေလည်း များလာတာကြောင့်မကဲနိုင်တော့တာပေါ့”လို့ဆိုပါတယ်။ သင်္ကြန်တွင်းမှာတော့ကျွန်းတောလမ်းမဏ္ဍာပ်၊သာကေတမဏ္ဍာပ်အပါအ၀င် ရန်ကုန်မြို့တော်ဝန်မဏ္ဍာပ်တို့တွင်ပရိသတ်များနှင့်တိုက်ရိုက်ထိတွေ့ဖျော် ဖြေခဲ့တယ်လို့ဆိုပါတယ်။ သင်္ကြန်ပြီးသွားပါက ဒါရိုက်တာညိုမင်းလွင် ရိုက်ကူးမဲ့”လေဒီစီအိုင်ဒီ” ဇာတ်လမ်းတွဲတွင် ပါဝင်သရုပ်ဆောင်မယ်လို့သိရတဲ့ အပြင် အောင်ပြည် အင်တာတိန့်မန့်ကရိုက်ကူးပြီးဒါရိုက်တာ ဦးအောင်သြဘာရိုက်ကူးမဲ့ “ဇနီးချောများ”ဇာတ်ကားမှာ နာမည်ရ မင်းသားမင်းသမီးများနဲ့ …

Read More »

တစ်ပတ်လျှင် ယောက်ျားတစ်ယောက်နှုန်း မင်္ဂလာဆောင်ပြီး မင်္ဂလာစရိတ် လိမ်လည် ထွက်ပြေးနေသော အမျိုးသမီး

ထိုင်းရဲတပ်ဖွဲ့က အမျိုးသားများကို လှည့်လည်မင်္ဂလာဆောင်လျက် တစ်ကြိမ်လျှင် ဒေါ်လာ ၆၀၀၀ မှ ဒေါ်လာ ၁၅၀၀၀ ပမာဏရှိသော မင်္ဂလာကြေးများကို ယူငင်ထွက်ပြေးနေသူ အမျိုးသမီးကို အပူတပြင်း ရှာဖွေလျက်ရှိပါတယ်။ လက်ရှိအချိန်မှာ တိုင်ကြားထားသည့် အမျိုးသား (၁၃) ဦးအထိ ရှိနေပြီဖြစ်ပြီး သူတို့က အဆိုပါ အမျိုးသမီးကို မင်္ဂလာကြေး ထုတ်ပေးခဲ့ကြသူတွေ ဖြစ်ပါတယ်။အဆိုပါ အမျိုးသမီးရဲ့ ဓလေ့အရ သတို့သမီးက သတို့သားကို တင်တောင်းရပြီး၊ ထိုသို့ ဓလေ့အတိုင်း တင်တောင်းနိုင်ရန် အမျိုးသားများက ကြိုထုတ်ပေးထားတဲ့ ငွေများကို လိမ်လည် ထွက်ပြေးသွားခဲ့တာလည်း ဖြစ်ပါတယ်။ အမျိုးသမီးရဲ့ သားကောင်ဖြစ်ခဲ့ရသူ တစ်ဦးကတော့ အသက် ၃၂ နှစ် အရွယ် ပရာဆမ် တိုင်ရာမြန် …

Read More »