Saturday , November 17 2018
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Article

Article

၁၃ နှစ်သားက အဖွားကို သေနတ်ဖြင့် ပစ်သတ်

အီတလီနိုင်ငံမှာ အသက် ၆၇ နှစ်အရွယ် အဖွားအိုတစ်ယောက်ဟာ မြေးဖြစ်သူရဲ့ သေနတ်နဲ့ ပစ်သတ်ခြင်းကို ခံလိုက်ရပါတယ်။ သေနတ်ဟာ တရားခံရဲ့ ဖခင်ဖြစ်သူ လိုင်စင်နဲ့ ကိုင်ဆောင်တဲ့ အမဲလိုက်ရိုင်ဖယ် ဖြစ်ကြောင်း သိရပါတယ်။ ဖြစ်ပွားခဲ့တဲ့ ကြေကွဲဖွယ်ဖြစ်ရပ်ဟာ အီတလီ၊ ဘတ်စီလီကာတာဒေသ၊ တီအာနာမှာ ဖြစ်ပွားခဲ့ပါတယ်။ တရားခံကလေးငယ်ရဲ့ဖခင်ဖြစ်သူဟာ အမဲလိုက်ခရီးစဉ်မှ ပြန်လာစဉ် ကလေးငယ်က သေနတ်ကိုယူငင် လက်တည့်စမ်းရာမှ ဖြစ်ပွားခဲ့ပါတယ်။ကလေးငယ်ရဲ့ အသက်မှာ ၁၃ နှစ် ဖြစ်ကြောင်းကို ဒေသတွင်း La Gazzetta del Mezzogiorno နေ့စဉ်သတင်းစာမှ သူ့ရဲ့ ၀ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။ အဖွားဖြစ်သူမှာ သေနတ်ထိမှန်ပြီးပြီးခြင်း သေဆုံးသွားခဲ့ပါတယ်။

Read More »

ဆင်းရဲခြင်းမှ လွတ်မြောက်ဖို့အတွက် အကောင်းဆုံး နည်းလမ်း ၅ ခု

၁။ အလုပ်တစ်ခုခုတော့ ရှိရမယ် သင် ဆင်းရဲနေတယ် ဆိုရင် နံပါတ် ၁ အနေနဲ့ အလုပ်တစ်ခုခုကို ရအောင် ရှာပါ။ ငွေကြေး နည်းတာ များတာကို မေ့ထားပြီး အလုပ်တစ်ခု ရအောင် ရှာပြီး သေသေချာချာ အလုပ်လုပ်ပါ။ ၂။ ငွေစု ပါ မိမိ အလုပ်လုပ်လို့ ရတဲ့ ငွေကို မသုံးဘဲနဲ့ စုဖြစ်အောင် စုပါ။ များများ မစုနိုင်ရင်လည်း လုံးဝ အားမငယ်ပါနဲ့။ စုနိုင်သလောက် စုပါ။ အချိန်ကြာလာရင် အရင်းအနှီးတစ်ခု ဖြစ်လာပါလိမ့်မယ်။ ၃။ မပျင်းပါနဲ့ ဆင်းရဲခြင်းကနေ လွတ်ဖို့ ပျင်းနေရင်တော့ ဆင်းရဲတွင်းထဲ နစ်နေအုံးမှာပါ။ အချိန်ရှိခိုက် အလုပ်လုပ်ပါ။ အလုပ်တစ်ခုထဲ …

Read More »

မိမိရဲ့ အားလပ်ချိန်တွေကို ဘယ်လို အကျိုးရှိအောင် အသုံးချမလဲ

လူတိုင်း လူတိုင်းမှာ အားလပ်ချိန် ဆိုတာ ရှိပါတယ်။ အဲဒီ အားလပ်ချိန်လေးတွေကို ကောင်းမွန်အောင် အသုံးချခြင်းဖြင့် ဘဝမှာ အကျိုးကျေးဇူးတွေ ရရှိစေပါလိမ့်မယ်။ ၁။ ဝါသနာ ပါတာ လုပ်ပါ မိမိရဲ့ အားလပ်တဲ့ နေ့ အားလပ်တဲ့ အချိန်မှာ စာဖတ်တာ၊ ရေကူးတာ၊ ပန်းချီဆွဲတာ စသဖြင့် မိမိ ဝါသနာ ပါတဲ့ အရာလေးတွေကို ရွေးချယ် လုပ်ပေးခြင်းဖြင့် မိမိရဲ့ စိတ်ကို ပျော်ရွှင်စေပါလိမ့်မယ်။ ၂။ မတွေ့ဖြစ်တဲ့ မိတ်ဆွေ သူငယ်ချင်း ဆွေမျိုးတွေနဲ့ တွေ့ပါ လူဆိုတာ တစ်ယောက်တည်း နေလို့ မရပါဘူး။ မတွေ့ဖြစ်တဲ့ မိတ်ဆွေတွေ သူငယ်ချင်းတွေ၊ ဆွေမျိုးတွေ အတွက်လည်း အချိန် …

Read More »

တကယ်လို့ သင်ဟာ မိဘ တစ်ယောက် ဖြစ်လာခဲ့ရင်

! တကယ်လို့ သင်ဟာ မိဘ တစ်ယောက် ဖြစ်လာခဲ့ရင် သင့်ရဲ့ သားသမီးကို လူတော် တစ်ယောက် ဖြစ်အောင် ပျိုးထောင်ပါ ဒါပေမယ့် လူတော် လူဆိုးတော့ မဖြစ်ပါစေနဲ့။ – ! တကယ်လို့ သင်ဟာ မိဘ တစ်ယောက် ဖြစ်လာခဲ့ရင် သင့်ရဲ့ သားသမီးအတွေ အပေါ်မှာ ချစ်ပါ ဒါပေမယ့် အလိုမလိုက်မိပါစေနဲ့။ – ! တကယ်လို့ သင်ဟာ မိဘတစ်ယောက် ဖြစ်လာခဲ့ရင် သင့်ရဲ့ သားသမီးတွေကို ပညာတတ်အောင် သင်ပေးပါ ဒါပေမယ့် အတတ်ပညာနဲ့ အသိပညာကို ခွဲခြားတတ်ပါစေ။ – ! တကယ်လို့ သင်ဟာ မိဘတစ်ယောက် ဖြစ်လာခဲ့ရင် သင့်ရဲ့ …

Read More »

အပျိုကြီး မလုပ်သင့်တဲ့ လူ ၅ မျိုး

၁။ တစ်ယောက်တည်း မနေတတ်တဲ့ သူမျိုး မိမိဟာ အမြဲဆိုသလို တစ်ယောက်တည်း နေရာတာကို မနှစ်ခြိုက်ဘဲ တစုံတစ်ယောက် လိုအပ်နေတဲ့ စိတ်တွေ ရှိနေရင်တော့ အပျိုကြီး မလုပ်တာ အကောင်းပါ။ ဒါကြောင့် ချစ်တဲ့ သူတစ်ယောက်တော့ ဘဝအတွက် ရှာထားဖို့ လိုပါတယ်။ ၂။ အထီးကျန်တာကို မုန်းသူ မိမိဟာ အထီးကျန်ခြင်း ဆိုတဲ့ အရာကို မုန်းတီးတယ် ဆိုရင်တော့ အပျိုကြီး လုပ်ဖို့ မသင့်ပါဘူး။ ပျော်ရွှင်စရာ ကောင်းတဲ့ မိသားစုကို ဖန်တီးသင့်ပါတယ်။ ၃။ အားငယ်တတ်သူ မိမိဟာ အမြဲတန်း စိတ်အားငယ် တတ်လို့ အကူအညီလိုရင်တော့ အပျိုကြီး အဖြစ် ဘဝမှာ မရပ်တည်တာ အကောင်းဆုံးပါ။ …

Read More »

မိန်းမတစ်ယောက်ရဲ့ ဘဝကို ဖျက်ဆီးနိုင်တဲ့ ယောင်္ကျား ၄ မျိုး

၁။ သစ္စာမရှိတဲ့ သူမျိုး သစ္စာမရှိတဲ့ ယောင်္ကျားမျိုးကို လက်မထပ်မိအောင် ဂရုစိုက်ပါ။ သစ္စာမရှိတဲ့ ယောင်္ကျားမျိုးက သင့်ဘဝကို ဖျက်ဆီးပြစ်နိုင်သလို သင့်ကိုလည်း တစ်သက်လုံး စိတ်းဒုက္ခရောက်စေပါလိမ့်မယ်။ ၂။ ဟန်ဆောင်ကောင်းတဲ့ ယောင်္ကျား တစ်စုံတစ်ခုကို ဖုံးကွယ်တတ်ပြီး ဟန်ဆောင်ကောင်းလွန်းတဲ့ ယောင်္ကျားမျိုးတွေကို သတိထားပါ။ သင့် မသိအောင် အမှားတွေ လုပ်ထားပြီး ဟန်ဆောင်ကောင်းစွာ သင့် အနားမှာ ရှိနေပါလိမ့်မယ်။ ၃။ အရက်သေစာနဲ့ မူးယစ်တွေကို စွဲလန်းနေသူ အရက်သေစာနဲ့ မူးယစ်တွေကို နှစ်နှစ်ခြိုက်ခြိုက် စွဲလန်းနေတဲ့ ယောင်္ကျားမျိုးကို ဝေးဝေးကနေ ရှောင်ပါ။ သူတို့ဟာ သင့် ထက်ပိုပြီး ထိုအရာတွေကို နှစ်သက်တဲ့ အတွက် စိတ်ဆင်းရဲ ရနိုင်ပါတယ်။ ၄။ …

Read More »

မိဘတွေကို ဖုန်းဆက်ဖို့ မေ့နေတတ်တယ်

မိဘနဲ့ အဝေးမှာ နေတဲ့ သူတွေဟာ တစ်ခါတစ်ခေါ မိဘတွေ ဆီကို ဖုန်းဆက်ဖို့ မေ့နေတတ်ပါတယ်။ အလုပ်ရှုပ် နေတာကြောင့်ရယ်၊ အပျော်တွေ ကြောင့်ရယ်၊ စိတ်ညစ်မှုကြောင့်ရယ် ဆိုပြီး မိဘတွေဆီကို ဖုန်းခေါ်ဖို့ မေ့နေတတ်ပါတယ်။ မိဘတွေကတော့ ငါ့သား ငါ့သမီးလေး နေများကောင်းရဲ့လားဆိုပြီး အချိန်တိုင်း တွေးတောနေပေမယ့် သားသမီးတွေကတော့ သတိတောင် နေတိုင်းရချင်မှ ရမှာပါ။ ဒါကြောင့် မိဘတွေကို နေ့တိုင်း ဖြစ်နိုင်ရင် ဖုန်းခေါ်ဖို့ မမေ့ပါနဲ့။ သူတို့က သင့်ဆီက ဖုန်းလေးကို မျှော်နေတာပါ။ သူတို့ ဖုန်းဆက်ရင်လည်း သားသမီးအတွက် အနှောင့်အယှက် ဖြစ်မှာ စိုးတယ်လေ။ မိဘတွေကို ပြစ်မထားပါနဲ့ ဖုန်းလေးနဲ့တော့ အလွမ်းသယ်ပေးပါ။

Read More »

ကိုယ့်ကိုယ် တကယ်ခင်တဲ့ မိတ်ဆွေကောင်းရှိရင် လက်လွတ်မခံပါနဲ့

လောကမှာ ငွေမရှိရင် ငွေပြန်ရှာလို့ ရတယ် ရွှေမရှိရင် ရွှေပြန်ရှာလို့ ရတယ်။ မိတ်ဆွေကောင်း တစ်ယောက် ဆုံးရှုံးသွားပြီ ဆိုရင်တော့ ပြန်ရှာလို့ မရနိုင်တော့ပါဘူး။ မိတ်ဆွေကောင်း ဆိုတာ တစ်ခါတစ်လေ ကိုယ့်အပေါ်မှာ အပြောကြမ်းချင် ကြမ်းမယ် တစ်ချို့ကိစ္စတွေ နားလည်နိုင်ချင်မှ နားလည်နိုင်မယ်။ ဒါပေမယ့် ကိုယ့်ကိုယ် ကောင်းစေချင်တဲ့ စိတ်တော့ သူမှာ အမြဲရှိနေပါလိမ့်မယ်။ ဒါကြောင့် မိတ်ဆွေကောင်း တစ်ယောက်ရဲ့ ကိုယ့်အပေါ် ခံစားချက်ကို နားလည်းနိုင်ပါစေ။ ကိုယ့်ကိုယ် တကယ်ခင်တဲ့ သူတွေ အများကြီး သင့်မှာ ရှိနေတယ် ဆိုရင်တော့ သင်ဟာ တကယ်ကို ကံကောင်းပါပြီ။ သူတို့တွေကို သင့်အနားကနေ ထွက်ခွာမသွားအောင် ကြိုးစားပါ။ ဘယ်တော့မှ လက်လွတ်မခံပါနဲ့။

Read More »

မိန်းမနဲ့ တွေ့ရဖို့ အိန္ဒိကနေ ဆွီဒန်အထိ စက်ဘီးနဲ့ ၄ လ အကြာသွားခဲ့တဲ့ အမျိုးသား

အချစ်က အရာရာကို ကျော်ဖြတ်နိုင်တယ်။ တောတောင်တွေ၊ ပင်လယ်တွေ၊ နိုင်ငံတွေ၊ မီးတွေကို အချစ်သာ ရှိရင် ကျော်ဖြတ်နိုင်ပါတယ်။ ဒီလို စကားလုံးတွေကို တစ်ချို့က ယုံချင်မှ ယုံပါလိမ့်မယ်။ ဒါပေမယ့် အိန္ဒိယက အမျိုးသားကတော့ အချစ်အတွက်နဲ့ တကယ်ကိုပဲ နိုင်ငံတွေ တောတောင်တွေ ပင်လယ်တွေကို ကျော်ဖြတ်ခဲ့ပါတယ်။ သူတို့ နှစ်ယောက် နယူးဒေလီမှ ကျောင်းအတူတူ တက်ခဲ့ကြပြီး ကျောင်းမပြီးခင်မှာပဲ နှစ်ယောက် သဘောတူ လက်ထပ်ခဲ့ကြပါတယ်။ ထိုအချိန်မှာ ကောင်မလေးဟာ သူမရဲ့ နေရပ်ဖြစ်တဲ့ ဆွီဒန်ကို ပြန်ဖို့ အကြောင်း ဖန်လာတော့ နေရပ်ကို ပြန်သွားခဲ့ပါတယ်။ သူမ ပြန်လာခဲ့မယ်လို့ ပြောခဲ့ပေမယ့် အခြေအနေတွေကြောင့် အိန္ဒိယကို ပြန်ရောက်မလာခဲပါဘူး။ ဒါကြောင့် …

Read More »

ဆိုးသွမ်းတဲ့ သူဌေးများကြောင့် ဝန်ထမ်းတွေမှာ ရုပ်ပိုင်ဆိုင်ရာ ကောင်းနေပေမယ့် စိတ်ပိုင်းဆိုင်ရာကို ထိခိုင်စေနိုင်

ဝန်ထမ်းတွေကတော့ ဒီလေ့လာမှုတွေကို သဘောကျနှစ်သက်နိုင်ပါတယ်။ အဲဒါကတော့ ဆိုးသွမ်းတဲ့ သူဌေးကြောင့် ဝန်ထမ်းတွေဟာ စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များက ဆိုပါတယ်။ တစ်ချို့ သူဌေးတွေဟာ ဝန်ထမ်းများကို ဆူပူကြိမ်မောင်း ပြောဆိုတာတွေ ရှိတတ်ကြပါတယ်။ ဒီအတွက် ဝန်းထမ်းတွေရဲ့ စိတ်ထဲမှာတော့ တစ်ခုခုကို ခံစားရနိုင်သလို ၊ စိတ်ပိုင်းဆိုင်ရာမှာလည်း နာကျင်မှုတွေ ရရှိစေနိုင်ပါတယ်။ ဒီလေ့လာမှုတွေဟာ ဝန်ထမ်းပေါင်းများစွာကို လေ့လာကြည့်ခဲ့ပြီး ဆိုးတဲ့ သူဌေးကြောင့် စိတ်ပိုင်းဆိုင်ရာ ဝန်ထမ်းတွေ ထိခိုက်စေတယ်လို့ အတည်ပြု ပြောဆိုထားပါတယ်။

Read More »