Tuesday , June 19 2018
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Entertainment

Entertainment

လူဆိုတာ ကိုယ့်သမိုင်းကို ရေးကြတာပါပဲ ကိုယ်ရေးတဲ့သမိုင်းမှာ သမိုင်းကြောင်း လှလှလေး ကျန်ချင်တယ်ဆိုတဲ့ စိုးပြည့်သဇင်

အနုပညာ လောကကို အပြင်လူတွေ ဝေဖန်ကြတယ် ရင်ရှုပ် ရုပ်ရှင်လို့ ပြောကြတယ်။ တချို့ အနုပညာသမားတွေဆို ရုပ်ရှင်ကို ခုတုံးလုပ်ပြီးရင် စပွန်ဆာပဲ ရှာနေတဲ့သူရှိသလို တချို့ အနုပညာသမားတွေဆို ကိုယ်ချစ်တဲ့အနုပညာကိုပဲ  ရိုးရိုးသားသားလေးနဲ့ကြိုးစားနေကြတဲ့သူတွေလည်းရှိပါတယ်။ အဲ့ဒီထဲကမှ ရိုးရိုးသားသားလေးနဲ့ကြိုးစားနေတဲ့အနုပညာကြယ်ပွင့်လေး တပွင့်ဖြစ်တဲ့သရုပ်ဆောင် အကယ်ဒမီစိုးပြည့်သဇင်ကို ကိုယ့်နာမည်ကောင်း တခုဖြစ် ခုလိုရပ်နည်နေနိုင်ဖို့ကိုယ့်ကိုယ်ကို ဘယ်လိုကောင်းအောင်ထိန်သိမ်းနေထိုင်ခဲ့လဲ ဆိုတာ မေးကြည့်တော့ “လူဆိုတာကိုယ့်သမိုင်းကိုရေးကြတာပါပဲ ကိုယ်ရေးတဲ့သမိုင်းမှာ သမိုင်းကြောင်းလှလှလေးကျန်ချင်တယ်။ ဒါစိုးပြည့် အနုပညာလောကထဲကို မဝင်ခင် အချိန်ထဲက စိုးပြည့်ရဲ့ခံယူချက်ပါ။ စိုးပြည့်ကြောင့်စိုးပြည့်ကိုချစ်တဲ့သူတွေ မိဘဆွေမျိုးတွေ မိဘမောင်နှမတွေ စိုးပြည့်ကိုချစ်ခင်တဲ့စိတ်နဲ့အားပေးနေကြတဲ့ fan တွေ မျက်နှာ မငယ်စေချင်ပါဘူး။ နောက်တခုစိုးပြည့်ကစိုးပြည့်ရဲ့မိန်းကလေးတယောက်ရဲ့ ရှိသင့်ရှိထိုက်တဲ့ဂုဏ်သိက္ခာကို အရမ်းတန်ဖိုးထားလို့ပါ။ ကိုယ်ကိုတိုင်ကလည်း Celebrity သာဖြစ်တာ …

Read More »

ဟာသကားတွေရိုက်တဲ့ မင်းသား အသစ်တွေ ပျက်လုံးတစ်ခု ပျက်လိုက်ရင် ကြောင်အမ်းအမ်း ဖြစ်သွားတတ် တယ်လို့ လူရွှင်တော် ကြာစိ ဆို

လူရွှင်တော်လောကကနေပြီး ဟာသသရုပ်ဆောင်ဘက်ကို ၀င်ရောက်လာတာ နှစ်ကြာနေပြီဖြစ်တဲ့ ဟာသသရုပ်ဆောင် ကြာစိ က မင်းသားသစ်တွေ ဟာသကားတွေ ရိုက်နေပေမဲ့ ပျက်လုံးတစ်ခု ပျက်လိုက်ရင် ကြောင်အမ်းအမ်းဖြစ်သွားကြတာ ရှိတယ်လို့ ပွင့်လင်းစွာပြောလာပါတယ်။ “ဇာတ်ပို့သရုပ်ဆောင်အဖြစ်ရော။ဟာသသရုပ်ဆောင်အဖြစ်ရော သရုပ်ဆောင်ရတဲ့အချိန်မှာ ကိုယ့်ကြောင့် မင်းသားတွေ ဇာတ်အရှိန်တက်သွားလို့ တက်သွားကြတာတွေရှိသလို ကိုယ့်ကြောင့် သေသွားတာလည်း ရှိပါတယ်။ဒီတော့ ကားတွေရိုက်ရင် တချို့သော မင်းသားသစ်တွေက ဟာသပညာကို မသိတော့ တစ်ခါတလေက ကိုယ်က ဟာသပျက်လုံး ထလုပ်လိုက်တာမျိုးကို သူတို့က ဒါကိုဟာသလို့ သဘောမပေါက်ဘဲ နားမလည်ကြတော့ ကိုယ့်ဟာသကြောင့် သူ့အတွက် ကောင်းသွားရတာကို သူမသိတာ ဒီတော့ ကိုယ်လုပ်ပေးလိုက်ရတာက အလကားဖြစ်သွားတယ်။တချို့မင်းသားတွေကျတော့ တော်တော့်ကိုအဆင်ပြေတာ။ကိုယ်က နည်းနည်းလေးလှုပ်လိုက်တာနဲ့ သူတို့ဘက်ကပြန်ပြီး အကန်တွေကိုလာတယ်။သူတို့ဘက်က ပြန်ကန်တယ် ဆိုတော့ …

Read More »

အတည်တကျ လက်တွဲဖော် တွေ့လာပြီဆိုရင် ပရိတ်သတ်ကို ပြောမှာပါ ဆိုတဲ့ အိချောပို

ပုပ္ပါးမှာ ” အကိတ် “ဆိုတဲ့ကားကို ကိုမင်းမော်ကွန်းနဲ့ ရိုက်ရမဲ့အခန်းပါလို့ ပုပ္ပါး သွားရိုက်ခဲ့တယ်လို့ ပြောပြလာတဲ့ ပရိသတ် အချစ်တော် စူစူ(ခ)အိချောပိုကို မိန်းကလေး တစ်ယောက်ရဲ့ ခန္ဓာကိုယ်လှပမှုကို ယောက်ကျားလေးတွေက “အကိတ်”လို့ပြောလာတဲ့ မပေါ် စိတ်ခံစားမှုကို မေးကြည့်တော့ “အိချောကတော့ ဘယ်လိုမှ မနေပါဘူး ဒါက ခေတ်စကား fb မှာလည်း လူငယ်တွေပြောဆိုသုံးနေတဲ့ ခေတ်စကားပေါ့။ အိချောကတော့ ရုပ်ဘဲဖြစ်ဖြစ် ခန္ဓာကိုယ်ဘဲဖြစ်ဖြစ် ကိုယ့်ကိုပေးလာတာကို လက်ခံတယ်။ ဒီဘက် ခေတ်မှာတော့ ပြု့ပြင်ယူလို့ ရနေပေမယ့် အိချောကတော့ အဲ့လိုပြု့ပြင်ယူရမှာ ကြောက်တယ်။ မလုပ်ရဲဘူး လှသည်ဖြစ်စေ မလှသည်ဖြစ်စေ ဒီလောက်နဲ့ပရိတ်သတ်က လက်ခံထားတယ်ဆို အဲ့ဒါနဲ့ဘဲရှေ့ဆက်ဖို့ ရှိပါတယ်”လို့သူမကပြောပါတယ်။ အလှူ တစ်ခုမှာ …

Read More »

မြို့ပေါ်က မြန်မာသံတွေ အားမပေးတာကြောင့် ထမင်းကျွေးနေတဲ့ နယ်ဘက်ကို အားကိုးနေရတယ်လို့ ဗညားဟန် ရင်ဖွင့်လာ

ခေတ်မီလာတဲ့ခေတ် အခြေအနေကိုကြုံဆုံ နေရတဲ့ မြန်မာသံအဆိုတော်များ အနေနဲ့မြန်မာသံဂီတများကို မြို့နေလူတန်းစားများ အားပေးမှုမရှိကြခြင်းကြောင့် ထမင်းကျွေးနေတဲ့ တောနေပရိသတ်များကိုသာ အားကိုး နေရ တယ်လို့ မြန်မာသံအဆိုတော် ဗညားဟန်က ပွင့်လင်းစွာဖြင့်ရင်ဖွင့်လာပါတယ်။ “မြို့ပေါ်ထက်စာရင် ကိုဗညားတို့ မြန်မာသံအဆိုတော်တွေဟာ နယ်ဘက်ကို အားကိုး အားထားပြုနေရပါ တယ်။ အဲဒါက အမှန်အကန်ပါပဲ။မြို့ပေါ်မှာက မြန်မာသံတွေ အတွက် မရတော့တာကံပါပဲ။နယ်တွေမှာ က ကိုယ်တွေ မြန်မာသံ အတွက် အားကိုးစရာတစ်ခု ပါပဲ။မြို့ပေါ်မှာလည်းမြန်မာသံကို ကြိုက်ကြတဲ့သူတွေရှိမှာပါပဲ။ အနည်းအကျဉ်းပေါ့။ မြန်မာသံ အနုပညာရှင်တွေ အနေနဲ့ အားကိုအားထား လောက်အောင်ကို မြို့ အနေနဲ့ မရှိတာပါ။ ထမင်းကျွေးနေတာက မြန်မာသံအဆိုတော်တွေ၊ အနုပညာရှင်တွေကို နယ် ပရိသတ်တွေကပဲ ကျွေး နေတာပါ။ …

Read More »

အလုပ်တွေများလာတာကြောင့် သင်္ကြန်တွင်း ချစ်သူနဲ့ မလည်ဖြစ်တဲ့ ကျော်ကျော်

အနုပညာ အလုပ်တွေ များပြားလာခြင်းကြောင့် သင်္ကြန်တွင်း ချစ်သူနဲ့ မလည်ဖြစ်တော့ ဘူးဆိုပြီး သရုပ်ဆောင် ကျော်ကျော်က ဆိုလာပါတယ်။ “သင်္ကြန်မှာ ကဲချင်တဲ့ စိတ်တော့ ရှိပါတယ်။ဒါပေမဲ့ အလုပ်တွေ များလာတဲ့ အတွက်ကြောင့် ရော၊အသက်အရွယ်လည်းရလာတာကြောင့် ရော မကဲဖြစ်ပါဘူး။ ဒီအလုပ်တွေဘက်ကိုပဲဦးစားပေးတာ ပေါ့ဗျာ။ကောင်မလေးနဲ့မလည်ဖြစ်တာကလေ။ ငယ်ငယ်တုန်းက တော့စဉ်းစားမိရင်စဉ်းစားမိမှာပေါ့။လည်တာ ကိုလေ။ ဖြစ်ကောင်းဖြစ်လိမ့်မယ်။ တစ်ခါမှ တော့ ချစ်သူနဲ့ မကဲဖူးသေးဘူး။ အခုထိပဲ။တဖြည်းဖြည်းနဲ့ကိုယ်က တာဝန်တွေများလာတဲ့ အတွက်ကြောင့် အလုပ်တွေလည်း များလာတာကြောင့်မကဲနိုင်တော့တာပေါ့”လို့ဆိုပါတယ်။ သင်္ကြန်တွင်းမှာတော့ကျွန်းတောလမ်းမဏ္ဍာပ်၊သာကေတမဏ္ဍာပ်အပါအ၀င် ရန်ကုန်မြို့တော်ဝန်မဏ္ဍာပ်တို့တွင်ပရိသတ်များနှင့်တိုက်ရိုက်ထိတွေ့ဖျော် ဖြေခဲ့တယ်လို့ဆိုပါတယ်။ သင်္ကြန်ပြီးသွားပါက ဒါရိုက်တာညိုမင်းလွင် ရိုက်ကူးမဲ့”လေဒီစီအိုင်ဒီ” ဇာတ်လမ်းတွဲတွင် ပါဝင်သရုပ်ဆောင်မယ်လို့သိရတဲ့ အပြင် အောင်ပြည် အင်တာတိန့်မန့်ကရိုက်ကူးပြီးဒါရိုက်တာ ဦးအောင်သြဘာရိုက်ကူးမဲ့ “ဇနီးချောများ”ဇာတ်ကားမှာ နာမည်ရ မင်းသားမင်းသမီးများနဲ့ …

Read More »

နိုင်ငံခြားကားနဲ့ မြန်မာကားငွေသုံးသည့် အနေအထားတွင် မယှဉ်နိုင်ပေမယ့် သရုပ်ဆောင်မှုမှာ ကွာခြားမှုမရှိဘူးလို့ မင်းသွေးဆို

နိုင်ငံခြားကားနဲ့မြန်မာကားဇာတ်ကားများငွေကြေးသုံးစွဲမှုအနေအထားတွင် မယှဉ်နိုင်ပေမဲ့သရုပ်ဆောင်မှု များတွင် ကွာခြားမှုသိပ်မရှိလို့မင်းသွေးကပြောပြပါတယ်။ “ပြည်ပနိုင်ငံတွေမှာက ပြင်ဆင်မှုတွေ အများကြီးပါပဲ။ဘေးနာမှာ ကူညီပေးမဲ့သူတွေ ကအများကြီးပါပဲ။မြန်မာ နိုင်ငံမှာကသရုပ်ဆောင်တွေ အကုန်လုပ်ကြရပါတယ်။ဘက်ပေါင်းစုံကိုစဉ်းစားကြရတာ။သူတို့မှာက အာရုံစိုက်ရတာကသရုပ်ဆောင်မှုတစ်ခုတည်း။နောက်ပြီးဇာတ်ကားမှာသုံးမဲ့အသုံးစရိတ်တွေဘတ်ဂျက်တွေ ကအစအများကြီးပဲကွာဟနေတယ်။ဘတ်ဂျက်အနေအထားမှာ မြန်မာနိုင်ငံနဲ့နိုင်ငံခြားကားတွေအများကြီးကွာခြားတာပေါ့။ဘတ်ဂျက်အနေအထားမှာ နိုင်ငံခြားကိုမြန်မာနိုင်ငံကလုံးဝယှဉ်လို့မရတာသေချာ ပါတယ်။ အနုပညာရှင်တွေရဲ့သရုပ်ဆောင်မှု၊အားထုတ်မှုတွေကတော့ဒီကတော်တဲ့တတ်တဲ့သူတွေနဲ့ယှဉ်ကြည့် လိုက်ရင် အနုပညာအရမကွာပါဘူး။သရုပ်ဆောင်အရအများကြီးကောင်းတဲ့သူတွေရှိပါတယ်”လို့ပြောပါတယ်။ သရုပ်ဆောင်မင်းသွေး အနေဖြင့်ဇာတ်ကားရိုက်ကူးမှုမှာ ယခင်ကနဲ့မတူဘဲ စည်းစနစ်တကျ အရည်အသွေးကောင်းတဲ့ဇာတ်ကားများကိုသာ၂၀၁၈ခုနှစ်မှစတင်ကာကြိုးစားရိုက်ကူးနေတယ်လို့ဆိုပါတယ်။ မြင့်မိုရ်ကိုကို

Read More »

ဇာတ်ကားတစ်ကား လက်ခံရင် ဇာတ်လမ်းကိုကြည့်တယ် ဒါရိုက်တာနဲ့ ကိုယ့် ကာရိုက်တာကိုကြည့်ပြီး လက်ခံတယ်ဆိုတဲ့ သက်မွန်မြင့်

လက်တစ်လောမှာ “ဥပါယ်တံမျဉ်”ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပရိတ်အားပေးမှု ရရှိနေတဲ့ သရုပ်ဆောင်တွေထဲမှာ အကယ်ဒမီ သက်မွန်မြင့်လည်း ပါရှိပါတယ်။ လက်တစ်လောမှာ “စားကျက်”ဇာတ်ကား ရိုက်ကူးနေတယ်ဆိုတာကြောင့် သက်မွန်ရဲ့ဇာတ်ကားတွေ ရိုက်ကူးမှု ကတော့ တစ်လတစ်ကားလောက် ဆက်နေတယ်။ အခုကတော့ ပုပ္ပါးမှာလည်း ဇာတ်ကားတစ်ကား ရိုက်ဖြစ်တယ်။ အောင်ပန်းမှာ ကိုဘုဏ်းသိုက်က ဒါရိုက်တာ အနေနဲ့ စားကျက်ရုပ်ရှင် ဇာတ်ကားကြီးကို ကိုနိုင်းနိုင်းရယ်၊ ဘုဏ်းသိုက်လည်း ပါဝင်သရုပ်ဆောင်မယ်။ မတ်၂၅ ရက်နေ့က စရိုက်ကြတာပါ။ သင်္ကြန်ပြီးရင် ကိုစတီးလ်(ဒွေးမေတ္တာ)၊ကိုနိုင်းနိုင်း၊ ထွန်းကိုကို တို့နဲ့ဇာတ်ကားတစ်ကား ရိုက်ဖို့လည်း ရှိပါတယ်လို့ ပြောပြလာတဲ့ သရုပ်ဆောင်သက်မွန်မြင့်ကို စားကျက်ထဲက ကာရိုက်တာ အကြောင်းမေးကြည့်တော့ သက်မွန်က ဒီဇာတ်ကားမှာတော့ သိုးတွေကို ထိန်းကျောင်းတဲ့သား တစ်ယောက်ရဲ့ အမေမုဆိုးမနေရာက သရုပ်ဆောင်ရမှာပါ။ …

Read More »

ပရိသတ်တွေနဲ့ နေပြည်တော် သင်္ကြန်မဏ္ဍပ်မှာ တွေ့ဆုံမယ့် ဆုပန်ထွာ

သားတစ်ယောက်ရရှိပြီး မိသားစုဘ၀ကို အေးချမ်းသာယာစွာဖြတ်သန်းနေတဲ့ သရုပ်ဆောင် ဆုပန်ထွာက လာမဲ့သင်္ကြန်ကာလအတွင်းမှာ နေပြည်တော်မှာ သူမချစ်တဲ့ပရိသတ်တွေ နဲ့တွေ့ဆုံ သွားမယ်လို့ သိရပါတယ်။ “မပန်ပရိသတ်တွေက နေပြည်တော်မှာလည်း ရှိတဲ့ အတွက်ကြောင့်မို့လို့ မပန် နေပြည်တော် မဏ္ဍာပ်က ငှားရမ်းတာကိုလက်ခံလိုက်တာပါ။ အားလုံးပျော်ရွှင်စွာနဲ့သင်္ကြန် ကိုဖြတ်သန်းစေ ချင်ပါတယ်။ အေးအေးချမ်းချမ်းနဲ့ မြန်မာ့နှစ်သစ် သင်္ကြန်ကို ပျော်ရွှင်စွာနဲ့ဖြတ်သန်းပြီး နေပြည်တော် မှာ ပန်ပန် ချစ် တဲ့ပရိသတ်တွေ နဲ့အတူ သီချင်းတွေဆိုရင်းဖြတ်သန်း သွားမှာပါ” လို့ဆိုပါတယ်။ သင်္ကြန်အတွင်းနေပြည်တော်ရှိကာကွယ်ရေးဦးစီးချုပ်ရေကစားမဏ္ဍပ်တွင် ပရိသတ်များကို ဖျော်ဖြေမှာဖြစ်ပြီး နှစ်ဆန်းတစ်ရက်တွင်တော့ လှူဒါန်းမှုများအတွက် မစဉ်းစားရသေးဘူး လို့ ဆိုပါတယ်။ ယခင်နှစ်များက လှူဒါန်းတတ်တဲ့အပြင် ရပ်ကွက်အတွင်းက အိမ်နီးနားချင်းများကိုဖိတ်ခေါ်ကာ အလှူဒါနကို ပြုခဲ့တယ်လို့ဆိုပါတယ်။ သင်္ကြန်ပြီးသွားပါကလာရောက်ကမ်းလှမ်းထားတဲ့ …

Read More »

ဇနီးသည်ရဲ့ ဆံကေသာထက်မှာ ပိတောက်ပန်းလေးတွေ ပန်ပေးခဲ့တဲ့ ဦးထွန်းလွင်

မိုးလေးဝသ ပညာရှင် ဦးထွန်းလွင်က သူရဲ့  ကိုယ်ပိုင် ဖေ့ဘွတ်စာမျက်နှာထက်တွင် ခုလို ရေးသားထားပါတယ်။ ” မဟာသင်္ကြန် ၂၀၁၈ ဆံကေသာမြညှာတွင် မောင်ကိုယ်တိုင်ခူးကာပင် ခိုင်ရွှေဝါ ပိတောက်တွေကို ပန်ပေးမယ်ခင်……။ မောင်ထွန်းလွင်(မိုးလေ၀သ) ‘ လို့ ဆိုထားပါတယ်။ သူရဲ့ ပို့စ်အောက်မှာ ကွန်မန့်ပေးသူတွေ အများကြီး ရှိခဲ့ပြီး အားကျနေတဲ့ သူတွေလည်း ပါပါတယ်။

Read More »

နှင်းဆီနယ်နမိတ်ပွဲမှ ရသော အလှူငွေ သိန်း ၆၅၀ အား ဒေါ်အောင်ဆန်းစုကြည်ထံ ပေးအပ်လှူဒါန်း

ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေး ရန်ပုံငွေအဖြစ် နှင်းဆီနယ်နိမိတ် အငြိမ့်ပွဲမှရရှိခဲ့သော အလှူငွေ သိန်း (၆၅၀) ကို နှင်းဆီအဖွဲ့သားတွေက ယနေ့ ဧပြီ ၅ ရက်မှာ နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) တွင် အခမ်းအနားဖြင့် သွားရောက်လှူဒါန်း ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ ယင်းအလှူငွေပေးအပ်ပွဲ အခမ်းအနားသို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်ခဲ့ပြီး နှင်းဆီအဖွဲ့သားများဖြစ်သည့် ဒါရိုက်တာ မောင်မျိုးမင်း အပါအ၀င် သရုပ်ဆောင် နေတိုး၊ မင်းမော်ကွန်း၊ ကျော်ကျော်ဗိုလ်၊ ဖူးစုံ၊ မိုးယုစံ တို့နှင့် အနုပညာရှင်များက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထံသို့ ပေးအပ်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီ …

Read More »