Tuesday , June 19 2018
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Food

Food

၅ ပေါင်ကျော်ရှိတဲ့ ကမ္ဘာ့အကြီးဆုံး ထောပတ်သီး

ဒီရာသီက ထောပတ်သီး လှိုင်လှိုင်ပေါတဲ့ ရာသီမို့လို့ ဈေး ဒါမှမဟုတ် လူစည်ကားတဲ့နေရာတွေမှာ ထောပတ်သီးတွေ ရောင်းချနေတာ တွေ့ရမှာပါ။ေ ထာပတ်သီးတစ်လုံး ဘယ်လောက်ကြီးလဲဆိုတာ လူတိုင်း ကောင်းကောင်းသိကြပါတယ်။ အလွန်ဆုံးရှိမှ နှစ်ပေါင်လောက်ပါပဲ။ ဒါပေမဲ့ ကမ္ဘာ့အကြီးဆုံး ထောပတ်သီးကတော့ ၅ ပေါင်နဲ့ ၃.၆ အောင်စ ရှိပါသတဲ့။ အဲဒီထောပတ်သီးကို ဟာဝိုင်အီကျွန်းမှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးက တွေ့ရှိခဲ့တာပါ။ ၀မ်လို့ အမည်ရတဲ့ ဒီအမျိုးသမီးဟာ နိုဝင်ဘာလ ၂၆ ရက်နေ့က ကီလာကီကူ ပင်လယ်အော် ဒေသက စာသင်ကျောင်းအနီးမှာ လမ်းလျှောက်နေတုန်း ဒီထောပတ်သီးကြီးကို တွေ့ခဲ့တာပါ။ အဲဒါနဲ့ ဂင်းနက်စ်စံချိန်တင်နိုင်ဖို့ မျက်မြင်သက်သေတွေ ခေါ်ပြီး ထောပတ်သီးကို ချိန်ခဲ့ကြတာပါ။ ထောပတ်သီးကို ချိန်ပြီးတဲ့နောက် …

Read More »

ဆာလောင်နေတဲ့ ကျောင်းနေကလေးတွေအတွက် အခမဲ့မုန့်ဈေးတန်း ဖွင့်လှစ်

ဆာလောင်နေတဲ့ ကျောင်းနေကလေးငယ်တွေကို လတ်ဆတ်တဲ့ စားစရာတွေ အခမဲ့ပေးဖို့ရည်ရွယ်ပြီး လန်ဒန်မြို့Stanhope မူလတန်းကျောင်းမှာ ပထမဆုံး အခမဲ့မုန့်ဈေးတန်း ဖွင့်လှစ်ပေးခဲ့ပါတယ်။ ကလေးတွေအနေနဲ့ အခမဲ့မုန့်ဈေးတန်းက မုန့်ကို အိမ်ယူသွားပြီးမှ စားလို့လည်း ရပါတယ်။ ဒါဟာ The Independent နဲ့ London Evening Standard သတင်းဌာနတွေရဲ့ ခရစ္စမတ်ကာလ ပန်ကြားမှုအစီအစဉ် (Help a Hungry Child)ကနေ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။ လန်ဒန်မြို့မှာ အစားအစာ လောက်လောက်ငင မစားရတဲ့ ကလေးငယ် ၇၀၀၀၀ နီးပါးရှိပြီး သူတို့တွေဟာ ဆာလောင်မွတ်သိပ်စွာနဲ့ အိပ်ယာဝင်နေရပါတယ်။ Help a Hungry Child အစီအစဉ်မှာ ရရှိလာတဲ့ အလှူငွေတွေကို The …

Read More »

အိမ်ခြေယာမဲ့ကို အစားအစာဝယ်ကျွေးတဲ့ကျောင်းသား ပြန်ရလိုက်တဲ့အရာ

ဒီဖြစ်ရပ်ကတော့ တူသောအကျိုးပေးတယ်ဆိုတဲ့ စကားကို ပုံဖော်ခဲ့သလိုပါပဲ။ ၀မ်လို အမည်ရတဲ့ ကျောင်းသားတစ်ယောက်ဟာ တက္ကသိုလ်နားက ခုံးကျော်တံတားကို ဖြတ်လျှောက်သွားချိန်မှာ ခပ်ပါးပါး အ၀တ်အစားတွေ ၀တ်ထားတဲ့ အိမ်ခြေယာမဲ့ အမျိုးသားတစ်ဦးကို တွေ့ပြီး သနားစိတ်ယိုဖိတ်သွားခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ စားစရာကို အွန်လိုင်းကနေ မှာယူကြတာများလို့ ၀မ်ကလည်း အိမ်ခြေယာမဲ့အတွက် အွန်လိုင်းကနေ စားစရာတွေ မှာပေးခဲ့ပါတယ်။ ကူမင်းသိပ္ပံနဲ့ နည်းပညာတက္ကသိုလ်ကျောင်းသား ၀မ်ဟာ အိမ်ခြေယာမဲ့အတွက် ၀က်သားပြား၊ အသားပါတဲ့ တိုဖူးခေါက်ဆွဲ၊ ရွှေဖရုံသီးဟင်း စတဲ့ စားစရာတွေ မှာပေးခဲ့ပြီး တက္ကသိုလ်ကျောင်းရှေ့ ခုံးကျော်တံတားပေါ်က အိမ်ခြေယာမဲ့ကို ပို့ပေးပါလို့ မှာခဲ့တာပါ။ ပြီးတော့ သူ့ကို အစားအစာတွေ ပို့ပြီးပြီးချင်း ပြန်ဆက်သွယ်ပါလို့ စားသောက်ဆိုင်ကို မှာခဲ့ပါသေးတယ်။ ၀မ်ရဲ့ …

Read More »

ထမင်းမြိန်စေတဲ့ ချဉ်ပေါင်ကြော် တစ်ပွဲ

ချဉ်ပေါင်ကြော်ကိုတော့ တော်တော်များများ ကြိုက်ကြပြီး ထမင်းစားတဲ့ အခါမှာ အရံဟင်း အဖြစ်သုံးလေ့ ရှိပါတယ်။ ချဉ်ပေါင်ကြော်တဲ့ အခါမှာ မျစ်၊ ငရုပ်သီးထောင့်၊ မိမိကြိုက်တဲ့ ဟာလေးတွေကို ထည့်ကြော်လို့ ရပါတယ်။ အစိုကြော် ရှိသလို အခြောက်ကြော်လည်း ရှိပါတယ်။ ချဉ်ပေါင်ကြော်ဟာ ထမင်းမြိန်စေတဲ့ ဟင်းတစ်ပွဲ ဆိုလည်း မှားမယ် မထင်ပါဘူး။ ချဉ်တဲ့ အရသာ ရှိတယ်ဆိုပေမယ့် စားရသူ အဖို့တော့ လျာထဲမှာ လွန်စွာ နှစ်သက်စေပါလိမ့်မယ်။ ခရီးသွားတဲ့ အခါ ကြာရှည်ခံ အစားအစာ တစ်ခု အဖြစ်လည်း သုံးလေ့ ရှိပါတယ်။ ရှေးယခင်ကတည်းက နာမည်ကြော် အစားအသောက် တစ်မျိုး ဖြစ်ပြီး ကုန်ကျစရိတ်လည်း သက်သာစေတဲ့ ဟင်းတစ်မျိုးပါ။ …

Read More »

ဖရဲသီးဖျော်ရည်သောက်ပြီး ဝိတ်ချမယ်

တကယ်ကောင်းမွန်တဲ့ နည်းလမ်းကောင်းလေး တစ်ခုဖြစ်ပါတယ်။ ဖရဲသီးမှာ ရေဓာတ်များစွာပါဝင်လို့ ခန္ဓာကိုယ်အတွက် ဘေးထွက်ဆိုကျိုး မရှိစေပါဘူး။ ဖရဲသီးကို ဖျော်ရည်လုပ်ကာ နေ့လယ် ထမင်းမစားခင်နှင့် မနက်စာ မစားခင် အချိန်တွေမှာ သောက်ပေးပါက ဝိတ်ကျစေနိုင် ပါတယ်။ သောက်ရမယ့် ပမာဏကတော့ အတိအကျ သတ်မှတ် မထားပါဘူး။ များများသောက်လျင် မြန်မြန်ဝိတ်ကျစေနိုင် ပါတယ်။ ဖရဲသီဟာ ရေဓာတ်များစွာ ပါဝင်လို့ စားသမျှ အစားအစာတွေကို အဆီတွေ မဖြစ်စေဘဲ ဆီထဲသို့ ပါသွားစေမှာ ဖြစ်ပါတယ်။ ပစ်တိုင်းထောင်

Read More »

နံနက်ခင်းမှာ ကြက်ဥစားရင်

ကြက်ဥကို အခြားသော အချိန်တွေမှာ စားခြင်းထက် နံနက်ခင်းမှာ နံနက်စာအဖြစ် စားခြင်းဟာ အောက်ဖော်ပြပါ အကျိုးကျေးဇူးများ ရရှိနိုင်ပါတယ်။ ၁။ နွားနို့ ပေါင်မုန့် မီးကင် စတာတွေနဲ့ ကြက်ဥကို စိတ်ကြိုက် တွဲဖက်စားခြင်းဖြင့် ခန္ဓာကိုယ်အတွက် အာဟာရဓာတ် ကြွယ်ဝစေပါတယ်။ ၂။ ကြက်ဥကို နံနက်ခင်းမှာ စားခြင်းဖြင့် အဝ မလွန်အောင် ကာကွယ်နိုင်ခြင်းနှင့် ဝိတ်ကျစေခြင်း စတဲ့ အကျိုး ကျေးဇူးတွေကို ရရှိနိုင်ပါတယ်။ ၃။ ကြက်ဥဟာ ပရိုတိန်းဓာတ် များစွာပါဝင်တဲ့ အစားအစာဖြစ်လို့ ဝိတ်မနေသူများ နံနက်ခင်းမှာ စားခြင်းဖြင့် ပိုမိုထွားကြိုင်းသော ကြွက်သားများကို ပိုင်ဆိုင်စေနိုင်မှာ ဖြစ်ပါတယ်။ ၄။ ကြက်ဥဟာ အခြားသော အစားအစာတွေလို ဈေးမကြီးလို့ …

Read More »

ခရမ်းချဉ်သီး ငပိချက်

ခရမ်းချဉ်သီး ငပိချက်ကို ဆီပြန်ပြန် ချက်ထားမယ်ဆိုရင် ရက်ရှည်ခံ အစား အစာအဖြစ် စားသုံးနိုင်ပါတယ်။ ခရမ်းချဉ်သီး ငပိချက် ဆိုပေမယ့်လည်း မိမိ ကြိုက်နှစ်သက်ရာ အသားများနှင့် ရောစပ်ကာ ချက်ပြုတ်နိုင်ပါတယ်။ ဥပမာ – အမဲသား၊ ဝက်သား၊ ငါးခြောက် စတာတွေနဲ့ အရသာ ရှိအောင် ရောစပ်ပြီး ချက်နိုင်ပါတယ်။ တစ်ချို့ကတော့ ငရမ်းချဉ်သီး ငပိချက်ထဲမှာ ငရုတ်သီးကို အတောင့်လိုက် ထည့်ပြီး ချက်ကြသလို တစ်ချို့ကတော့ မထည့်ပါဘူး။ သို့သော် ငပိချက် ချက်တဲ့ အခါမှာ ခရမ်းချဉ်သီးတွေကို ကြေအောင် ဂရုစိုက်ပြီး ချက်မယ် ဆိုရင် ပိုမိုပြီး စားကောင်းမှာ ဖြစ်ပါတယ်။ နံနံပင် ကြိုက်သူတွေ ကတော့ …

Read More »

ကိုယ်ဝန်ဆောင် မိခင်များ နဂါးမောက်သီး စားပေးပါ

ကိုယ်ဝန်ဆောင် မိခင်တွေအတွက် နဂါးမောက်သီးဟာ အထူးပင် ကောင်းမွန်ပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ် နဂါးမောက်သီးကို မှီဝဲမယ်ဆိုရင် ကလေးမွေးဖွားမှု အတွက်များစွာ အထောက် အကူပြုပေးနိုင် ပါတယ်။ ဒါ့အပြင် မိခင် အတွက်သာမကဘဲ ကလေး အတွက်ပါ ကောင်းမွန်စေ ပါတယ်။ ထိုအသီးက ကလေးရဲ့ သွားတွေ၊ အရိုးတွေကို ကြီးထွားဖို့ အတွက် ကူညီပေးနိုင်ပါတယ်။ ကလေးရဲ့ အရေပြားနဲ့ မျက်လုံး စတင်ဖြစ်ပေါ်လာဖို့ သာမက အစာခြေစနစ် ကိုလည်း အထောက်အပံ့ ပေးပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်များ နဂါးမောက် သီးကို မှီဝဲပေးစေ လိုပါတယ်။ ပစ်တိုင်းထောင်

Read More »

အရသာ အထူးပြည့်စုံတဲ့ ပဲကြာဇံသုပ်

ပဲကြာဇံသုပ်လို့ကြားလိုက်တာနဲ့ စားဖူးတဲ့ သူတွေက နှစ်သက်ကြပါလိမ့်မယ်။ ရေနွေးဖျောထားတဲ့ ပဲကြာဇံ ပေါ်မှာ ငရုတ်ဆီချက်၊ ၊ပဲမှုန့် ၊ အာလူး၊ သံပုရာသီး၊ ငပိ၊ နံနံပင် စတာတို့နဲ့ သမအောင် နယ်ပြီး သုပ်၍ စားရသော အသုပ်တစ်မျိုးပင် ဖြစ်ပါတယ်။   ငရုပ်သီး ကြိုက်သူများကတော့ ငရုတ်သီးကို ပါးပါးလေးတွေ လှီးပြီးထည့်နိုင်ပါတယ်။ တစ်ချို့ကလည်း အတောင့်လိုက် ထည့်စားကြတာတွေလည်း ရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် သုပ်တဲ့ ပုံခြင်းတော့ တူမှာမဟုတ်လို့ အရသာချင်းလည်း အနည်းငယ်တော့ ကွဲပြားပါလိမ့်မယ်။ ကြိုက်နှစ်သက်တဲ့ သူတွေကတော့ ပဲကြာဇံသုပ်ကို ခဏခဏ စားဖြစ်စေမယ့် အသုပ်တစ်မျိုး ဖြစ်ပါတယ်။ မိသားစု အလုပ်ပိတ်ရက်မှာ ဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ …

Read More »

ကြက်ဟင်းခါးသီး ကြိုက်သူများ အတွက်

ခါးသော်လည်း ဆေးစွမ်းထက်တဲ့ အထဲမှာ တစ်ခု အပါအဝင်ဖြစ်တဲ့ ကြက်ဟင်းခါးသီးပါ။ အများစုကတော့ ချက်စားကြတယ်၊ ကြော်စားကြတယ်။ တစ်ချို့တစ်လေကတော့ ပြုတ်ပြီး စားကြပါတယ်။ နောက်တစ်ခုက ကြက်ဟင်းခါးသီးရဲ့ အရည်ကို သောက်သုံးကြပါတယ်။ ဟင်းခါးသီးဟာ ကာလ ဝမ်းရောဂါ အတွက် ကောင်းမွန်ပါတယ်။ ဒါ့အပြင် အရက်နာ ကျခြင်းနှင့် လိပ်ခေါင်း ရောဂါများကို သက်သာစေနိုင်ပါတယ်။ အစာမကြေခြင်း ပြဿနာတွေကို ဖြေရှင်းနိုင်တဲ့ အပြင် အသက်ရှုလမ်းကြောင်း ကူးစက် ရောဂါများ အတွက်ပါ ကောင်းစေနိုင်ပါတယ်။ နှလုံးရောဂါ ပြဿနာတွေ၊ ဆီးချို ရောဂါတွေ၊ အာရုံကြော နှင့်ဆိုင်သော ရောဂါတွေ အစရှိတဲ့ ရောဂါ ဝေဒနာများ အတွက် ဟင်းတစ်ခွက် ဆိုလည်း မှားမယ် …

Read More »