Tuesday , June 19 2018
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Knowledge

Knowledge

အမေက အဝတ်လျော်သည် မုဆိုးမ ဖြစ်ပေမယ့် သားကို ဘွဲ့ရအောင် ပြုစုပျိုးထောင်ပေးနိုင်ခဲ့

ပညာရေးဟာ လူတိုင်းအတွက် အလွန်မှ အရေးကြီးပါတယ်။ မိသားစုတိုင်းမှာ လိုအပ်ချက်တွေ အခက်ခဲတွေ ပညာရေးအတွက် မထောက်ပံ့နိုင်မှုတွေတော့ ရှိတာပေါ့နော်။ ထိုင်းနိုင်ငံက အမေဖြစ်သူကတော့ အဝတ်လျော်တဲ့ အလုပ်ကို လုပ်ကိုင်းရင်းကနေပဲ သားဖြစ်သူရဲ့ ပညားရေးကို ဆုံးခမ်းတိုင်သည် အထိ ပြုစုပျိုးထောင် ပေးနိုင်ခဲ့ပါတယ်။ လင်ယောင်္ကျား မရှိတဲ့ အပြင်ဆင်းရဲပေမယ့် သားကို ပညာတတ်စေချင်တာ အမေတစ်ယောက်ရဲ့ ပြင်းပြတဲ့ ဆန္ဒတစ်ခုလည်း ဖြစ်ပါတယ်။ ခုဆိုရင်တော့ သားဖြစ်သူလည်း အမေဖြစ်စေချင်တဲ့ ဘွဲ့ရတစ်ယောက် ဖြစ်သွားခဲ့ပြီး အမေကတော့ ပျော်ရွှင်နေပါတယ်။ သူတို့ သားအမ နှစ်ယောက်ကိုတော့ အများက အားကျလောက် စေခဲ့ပြီး အတုယူစရာ မိခင်တစ်ယောက်ရဲ့ ကြိုးစားမှုလည်း ဖြစ်ပါတယ်။

Read More »

သူ့ကို ကြွေးလိုက်တဲ့ ကြက်ကြော်ကို မစားဘဲ ခွေးပေါက်လေးတွေဆီ သယ်သွားတဲ့ ခွေးမကြီး

ခွေးမကြီးလည်း ဗိုက်ဆာနေပါတယ်။ ဒါပေမယ့် တိရစ္ဆာန် တစ်ကောင်ရဲ့ မိခင်မေတ္တာရဲ့ ကြီးမားပုံကတော့ အတော်လေး ရင်နင့်ဖွယ်ပါ။ အမျိုးသား တစ်ယောက်ဟာ ကြက်ကြော်စားနေတုန်း အနားမှာ လာမျှော်နေတဲ့ ခွေးမကြီးကို ကြွေးခဲ့ပါတယ်။ သူကြွေးပြီးပြီးချင်းမှာပဲ အဲဒီ ခွေးမကြီးဟာ ချက်ချင်း အဝေးကို ထွက်ပြေးခဲ့ပါတယ်။ ခဏအကြာတော့ သူ့ဆီကို ပြန်လာပြန်ပါတယ်။ ဒါနဲ့ သူစားနေတဲ့ ကြက်ကြော်ကို ပေးလိုက်ပြီး ခွေးမကြီးနောက်ကနေ နောက်ယောင်ခံပြီး လိုက်သွားခဲ့ပါတယ်။ နောက်ဆုံးတော့ ခွေးပေါက်လေးတွေ အများကြီး အစာငတ်နေတာကို တွေ့ရပါတော့တယ်။ တိရစ္ဆာန်တွေမှာလည်း မိခင်မေတ္တာကြီးမား ပါလား ဆိုတာကိုတော့ ဒီဖြစ်ရပ်လေးကတော့ ပြသလိုက်ပါတယ်။

Read More »

ကမ္ဘာ့ ပထမဆုံး လက်မပါတဲ့ အမျိုးသမီး လေယာဉ်မူး Jessica Cox

မွေးရာပါ လက်ပါတဲ့ မိန်းကလေး တစ်ယောက်ရဲ့ ရည်မှန်းချက်က လေယာဉ်မှုး ဖြစ်ချင်တာပါ။ Jessica Cox ဆိုတဲ့ အမေရိကန်က အမျိုးသမီးဟာ မွေးရာပါ လက်မပါခဲ့ပေမယ့် အခု ဆိုရင် ကမ္ဘာ့ပထမဆုံး လေယာဉ်မှုး တစ်ယောက်အဖြစ်အသိအမှတ် ပြုခြင်းကို ခံလိုက်ရပါပြီ။ သူမဟာ အမေရိကန်နိုင်ငံ Arizona တက္ကသိုလ်ကနေ ဘွဲ့ရရှိခဲ့ပြီး ဝါသနာပါတဲ့ လေယာဉ်မှုး ဘဝကို ရောက်အောင် ကြိုးစားခဲ့သူပါ။ လက်မရှိပေမယ့် အများသူတွေလိုပဲ ရေကူး၊ မြင်းစီး၊ မိတ်ကပ်လိမ်း၊ ဟင်းချက် စသည်ဖြင့် သူမဟာ အကုန်လုံး လုပ်နိုင်ပါတယ်။ လက်တွေ မပါခဲ့ပေမယ့် သူမ ဘဝကို စိတ်ဓာတ်မကျခဲ့ပါဘူး။ ရည်မှန်းချက်တွေ ဆီကိုပဲ ဦးတည်လျောက်လမ်းခဲ့တဲ့ သူပါ။ …

Read More »

မိန်းမတစ်ယောက်ရဲ့ ဘဝကို ဖျက်ဆီးနိုင်တဲ့ ယောင်္ကျား ၄ မျိုး

၁။ သစ္စာမရှိတဲ့ သူမျိုး သစ္စာမရှိတဲ့ ယောင်္ကျားမျိုးကို လက်မထပ်မိအောင် ဂရုစိုက်ပါ။ သစ္စာမရှိတဲ့ ယောင်္ကျားမျိုးက သင့်ဘဝကို ဖျက်ဆီးပြစ်နိုင်သလို သင့်ကိုလည်း တစ်သက်လုံး စိတ်းဒုက္ခရောက်စေပါလိမ့်မယ်။ ၂။ ဟန်ဆောင်ကောင်းတဲ့ ယောင်္ကျား တစ်စုံတစ်ခုကို ဖုံးကွယ်တတ်ပြီး ဟန်ဆောင်ကောင်းလွန်းတဲ့ ယောင်္ကျားမျိုးတွေကို သတိထားပါ။ သင့် မသိအောင် အမှားတွေ လုပ်ထားပြီး ဟန်ဆောင်ကောင်းစွာ သင့် အနားမှာ ရှိနေပါလိမ့်မယ်။ ၃။ အရက်သေစာနဲ့ မူးယစ်တွေကို စွဲလန်းနေသူ အရက်သေစာနဲ့ မူးယစ်တွေကို နှစ်နှစ်ခြိုက်ခြိုက် စွဲလန်းနေတဲ့ ယောင်္ကျားမျိုးကို ဝေးဝေးကနေ ရှောင်ပါ။ သူတို့ဟာ သင့် ထက်ပိုပြီး ထိုအရာတွေကို နှစ်သက်တဲ့ အတွက် စိတ်ဆင်းရဲ ရနိုင်ပါတယ်။ ၄။ …

Read More »

လက်တစ်ဖက်ကို ၈ ကီလိုဂရမ်လောက် ကြီးမားပြီး ကလေးတွေက သူ့ကို မြင်ရင် ကြောက်နေရတဲ့ ကလေး

လက်တစ်ဖက်ကို ၈ ကီလိုဂရမ်ဆိုတော့ အတော်လေး ကြီးမားတယ်လို့ ဆိုနိုင်ပါတယ်။ အိန္ဒိယမှ ၈ နှစ်အရွယ် Kaleem ဆိုတဲ့ ကလေးမှာ မသိနိုင်တဲ့ ရောဂါကြောင့် လက်နှစ်ဖက်လုံး အဆမတန် ကြီးမားနေပါတယ်။ သူ့ကို မြင်ရင် အခြားကလေးတွေက ကြောက်ရွံနေကြပြီး ကျောင်းကို သူသွားရင် သူ့အနားကို မကပ်ရဲကြပါဘူး။ ဒါကြောင့် ကလေးဟာ အခုဆိုရင် ကျောင်းကို မသွားတော့ဘူးလို့ ဆိုပါတယ်။ သူရဲ့လက်နှစ်ဖက် ခုလို ကြီးမားနေတာကို ရိုးရိုးဆေးရုံမှာပဲ ကုသနေပေမယ့် မပျောက်ကင်းသေးပါဘူး။ စားတာ သောက်တာ နေတာ ထိုင်တာ အတွက် အခက်အခဲ ဖြစ်နေပါတယ်။ သူ့ရောဂါကို ကုသနိုင်ဖို့ အကူအညီ လိုအပ်နေပါတယ်။ သူဟာ ခုလို …

Read More »

ရုပ်ဆိုးလွန်းလို့ လှောင်ပြောင်တာတွေ မခံနိုင်တော့တဲ့အဆုံး ပလပ်စတစ်ဆာကျုရီလုပ်ပြီး ချမ်းသာတဲ့သူနဲ့ လက်ထပ်နိုင်ခဲ့

ရုပ်ဆိုးဖူးမှ ရုပ်ဆိုးတဲ့ ခံစားချက်ကို နားလည်နိုင်မှာပါ။ ရုပ်ချောသူတွေကတော့ ရုပ်ဆိုးခြင်းရဲ့ ခံစားချက်ကို ဘယ်နားလည်နိုင်ပါ့မလဲနော်။ ဗီယက်နမ်နိုင်ငံမှ အသက် ၂၂ နှစ်အရွယ် မိန်းမကလေးဟာ ဘွဲ့ရပြီးပြီးခြင်းမှာလည်း ပလပ်စတစ်ဆာကျူရီ လုပ်ခဲ့ပါတယ်။ ကျောင်းတက်နေစဉ် ကာလတစ်လျောက်လုံး သူများတွေရဲ့ လှောင်ပြောင်တာကို မကြာခဏဆိုသလို ခံစားခဲ့ရပါတယ်။ ဒါကြောင့် နာကျဉ်းမုန်းတီးတဲ့ စိတ်နဲ့ ဘွဲ့ရပြီးပြီးခြင်းမှာပဲ ခုလို ပြုလုပ်ခဲ့တာပါ။ ထို့နောက်မှာတော့ ချမ်းသာတဲ့ အမျိုးသား တစ်ယောက် သူမကို ချစ်ခွင့်ပန်ခဲ့ပြီး ၆ လအကြာမှာတော့ သူတို့နှစ်ဦး လက်ထပ်ခဲ့ကြပါတယ်။ ခုလိုရင် ကောင်မလေးဟာ အများက အားကျစရာကောင်းတဲ့ အလှပိုင်ရှင် တစ်ယောက် ဖြစ်နေပါပြီ။

Read More »

မိခင်ပျောက်နေပြီး လမ်းမပေါ်မှာ သွားလာရမဲ့နေတဲ့ ခွေးလေးကို စောင့်ရှောက်ထားတဲ့ မျောက်

အဲဒီခွေးလေးဟာ အများပြည်သူ သွားရာလမ်းမှာ လမ်းပျောက်နေပြီး ကယ်သူမဲ့ ဖြစ်နေတဲ့ အချိန်မှာပဲ မျောက်ကြီးက ကယ်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်လေးကတော့ အိန္ဒိယနိုင်ငံမှာ ဖြစ်ခဲ့တာ့ဖြစ်ပြီး တိရစ္ဆာန်တစ်ကောင်ရဲ့ ချစ်ခြင်း မေတ္တာကိုလည်း ပြသရာ ရောက်ပါနေပါတယ်။ ထူးခြားတာကတော့ မျောက်ကြီးဟာ အဲဒီသူကယ်ခဲ့တဲ့ ခွေးလေးကို သွားလေရာကို ခေါ်သွားတယ်၊ အစာကြွေး၊ ရေတိုက်ပြီး ယုယုယယ မွေးမြူးထားပါတယ်။ နောက်ပြီး အဲဒီခွေးလေးကို ရန်မူလာတဲ့ ခွေးကြီးတွေကိုလည်း ပြန်လည် တိုက်ခိုက်ပေးခဲ့ပါတယ်။ မျောက်ကြီးရဲ့ ပြုစု ယုယမှုဟာ လူတစ်ယောက် ကလေးကို ပြုစုသလိုပဲ ချစ်ခြင်းမေတ္တာ ကြီးမားလှပါတယ်။

Read More »

တစ်ပတ်မှာ တစ်ကြိမ် ပီဇာစားခြင်းဟာ လည်ချောင်းကင်ဆာကို ကာကွယ်စေနိုင်

အီတလီနိုင်ငံမှ လေ့လာသူတွေက ပီဇာနဲ့ ပတ်သက်ပြီး သတင်းတစ်ခုကို ထုတ်ပြန်ထားပါတယ်။ အဲဒါကတော့ ပီဇာကို တစ်ပတ်မှာ တစ်ကြိမ် စားပေးခြင်းဟာ ကင်ဆာရောဂါကို ကာကွယ်နိုင်တဲ့ အပြင် ကင်ဆာ ဖြစ်စေမယ့် ဆဲလ်တွေကို ချေဖျက်ပေးနိုင်ကြောင်း သိရပါတယ်။ အထူးသဖြင့် လည်ချောင်းကင်ဆာအတွက် အထူးပင် ကောင်းမွန်တယ်လို့ လေ့လာသူများက ဆိုပါတယ်။ အကြောင်းကတော့ ပီဇာမှာ ပါတဲ့ ခရမ်းချဉ်သီးဟာ ကင်ဆာကို ကာကွယ်နိုင်တဲ့ ဂုတ်သတ္တိတွေ ရှိနေခြင်းကြောင့် သူတို့က ပြောပါတယ်။ အဆိုပါ လေ့လာမှုကို တစ်ချို့က လက်မခံ ကြပေမယ့် ပီဇာကြိုက်နှစ်သက်သူများကတော့ လက်ခံကြပါတယ်။

Read More »

မျက်မမြင် ဇနီးသည်အတွက် ဧရာမပန်းရောင် ပန်းခင်ကြီးကို ၂ နှစ်အတွင်း စိုက်ပျိုးပေးခဲ့တဲ့ ခင်ပွန်း

အဲဒီပန်းရောင် ဧရာမ ပန်းခင်းကြီးကတော့ ကမ္ဘာပေါ်မှာ အလှဆုံး ပန်းခင်းကြီးလို့ ဆိုနိုင်ပါတယ်။ ဘာလို့လဲ ဆိုတော့ အချစ်တွေနဲ့ ပြည့်နှက်နေလို့ ပါ။ဂျပန်နိုင်ငံမှ Toshiyuki အဘိုးဟာ မျက်မမြင်ဖြစ်ပြီး အထီးကျန်နေတဲ့ ဇနီးကို ပျော်ရွှင်အောင် ပန်းရောင် ဧရာမ ပန်းခင်းကြီးကို ၂ နှစ်အတွင်း ဖန်တီးပေးခဲ့ပါတယ်။ အဲဒီပန်းခင်းကြီးဟာမျက်မမြင်ဇနီး အတွက် အဖိုးမဖြတ်နိုင် ဖြစ်စေတဲ့ ခင်ပွန်းသည်ရဲ့ လက်ဆောင် တစ်ခုလည်း ဖြစ်ပါတယ်။ခုဆိုရင် ထိုပန်းခင်းကြီးကို လာရောက်လည် ပတ်သူတွေ အများအပြား ရှိနေကြပါပြီ။ အဖိုးကတော့ မျက်စိမမြင်တော့တဲ့ ဇနီးကို ချစ်ခြင်းတွေ အပြည့်နဲ့ ပန်းရောင် ပန်းတွေကိုပဲ ရွေးချယ်ပြီး စိုက်ပျိုးပေးထားပါတယ်။ အဘွားတစ်ယောက်ကတော့ မျက်စိမမြင်ရပေမယ့် လတ်ဆတ်တဲ့ လေပြေလေညှင်း …

Read More »

လက်ထပ်ပြီး ၃ ရက်သာ ပေါင်းခဲ့ရပေမယ့် နှစ်ပေါင်း ၆၀ ကြာသည်အထိ သစ္စာရှိခဲ့တဲ့ လင်မယား

ဒီဖြစ်ရပ်လေးကတော့ ချစ်သူ လင်မယားတွေ အကြား တကယ့်ကို အတုယူစရာလေး ဖြစ်ပါတယ်။ ရှရှားမှ ချစ်သူ ၂ ယောက်ဟာ လက်ထပ်ပြီး ၃ ရက်သာ အတူနေထိုင်ခဲ့ရပြီး နှစ်ပေါင်း ၆၀ တိုင်အောင် ဝေးကွားခဲ့ပါတယ်။ အကြောင်းကတော့ အမျိုးသားဟာ စစ်သားတစ်ယောက် ဖြစ်ပြီး စစ်ပွဲအတွက် မထွက်ခွာမှီ ၃ ရက် အလိုမှာ သူတို့ နှစ်ဦးဟာ လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။ ပြီးတော့ သူတို့နှစ်ဦးဟာ နှစ်ပေါင်း ၆၀ လောက် မတွေ့ဖြစ်ကြတော့ပါဘူး။ တစ်ယောက်ကို တစ်ယောက် ဘယ်လိုက်ရှာလို့ ရှာရမှန်းလည်း မသိဖြစ်ခဲ့တာလို့ ပြောပါတယ်။ နောက်ဆုံးတော့ သူတို့နှစ်ယောက် လက်ထပ်ခဲ့တဲ့ မြို့မှာ တိုက်ဆိုင်စွာ ပြန်လည်ဆုံတွေ့ခဲ့ပါတယ်။ …

Read More »