Tuesday , September 25 2018
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Lifestyle

Lifestyle

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခုချိန် အဖြစ်ချင်ဆုံး ဆန္ဒက ဘာများလဲ ?

ငြိမ်းချမ်းရေး စကားဝိုင်း၊ မြောင်းမြမြို့ (၁၀-၄-၂၀၁၈) မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲဒီစကားဝိုင်းမှာ ခုချိန်မှာ အမေစုရဲ့ အဖြစ်ချင်ဆုံး ဆန္ဒကို သိခွင့်ရရင် ပြောပါလို့ ကိုမြတ်မင်းသူက မေးခွန်း မေးခဲ့ပါတယ်။ ထိုမေးခွန်းအတွက် ” ဒေါ်အောင်ဆန်းစုကြည်က တစ်ယောက်ခြင်း တစ်ယောက်ခြင်း တာဝန်သိစိတ် ” ပြည့်ဝစေချင်ပါတယ်လို့ ပြောခဲ့ပါတယ်။ ဓာတ်ပုံ – AP

Read More »

ဆင်းရဲခြင်းမှ လွတ်မြောက်ဖို့အတွက် အကောင်းဆုံး နည်းလမ်း ၅ ခု

၁။ အလုပ်တစ်ခုခုတော့ ရှိရမယ် သင် ဆင်းရဲနေတယ် ဆိုရင် နံပါတ် ၁ အနေနဲ့ အလုပ်တစ်ခုခုကို ရအောင် ရှာပါ။ ငွေကြေး နည်းတာ များတာကို မေ့ထားပြီး အလုပ်တစ်ခု ရအောင် ရှာပြီး သေသေချာချာ အလုပ်လုပ်ပါ။ ၂။ ငွေစု ပါ မိမိ အလုပ်လုပ်လို့ ရတဲ့ ငွေကို မသုံးဘဲနဲ့ စုဖြစ်အောင် စုပါ။ များများ မစုနိုင်ရင်လည်း လုံးဝ အားမငယ်ပါနဲ့။ စုနိုင်သလောက် စုပါ။ အချိန်ကြာလာရင် အရင်းအနှီးတစ်ခု ဖြစ်လာပါလိမ့်မယ်။ ၃။ မပျင်းပါနဲ့ ဆင်းရဲခြင်းကနေ လွတ်ဖို့ ပျင်းနေရင်တော့ ဆင်းရဲတွင်းထဲ နစ်နေအုံးမှာပါ။ အချိန်ရှိခိုက် အလုပ်လုပ်ပါ။ အလုပ်တစ်ခုထဲ …

Read More »

အမေက အဝတ်လျော်သည် မုဆိုးမ ဖြစ်ပေမယ့် သားကို ဘွဲ့ရအောင် ပြုစုပျိုးထောင်ပေးနိုင်ခဲ့

ပညာရေးဟာ လူတိုင်းအတွက် အလွန်မှ အရေးကြီးပါတယ်။ မိသားစုတိုင်းမှာ လိုအပ်ချက်တွေ အခက်ခဲတွေ ပညာရေးအတွက် မထောက်ပံ့နိုင်မှုတွေတော့ ရှိတာပေါ့နော်။ ထိုင်းနိုင်ငံက အမေဖြစ်သူကတော့ အဝတ်လျော်တဲ့ အလုပ်ကို လုပ်ကိုင်းရင်းကနေပဲ သားဖြစ်သူရဲ့ ပညားရေးကို ဆုံးခမ်းတိုင်သည် အထိ ပြုစုပျိုးထောင် ပေးနိုင်ခဲ့ပါတယ်။ လင်ယောင်္ကျား မရှိတဲ့ အပြင်ဆင်းရဲပေမယ့် သားကို ပညာတတ်စေချင်တာ အမေတစ်ယောက်ရဲ့ ပြင်းပြတဲ့ ဆန္ဒတစ်ခုလည်း ဖြစ်ပါတယ်။ ခုဆိုရင်တော့ သားဖြစ်သူလည်း အမေဖြစ်စေချင်တဲ့ ဘွဲ့ရတစ်ယောက် ဖြစ်သွားခဲ့ပြီး အမေကတော့ ပျော်ရွှင်နေပါတယ်။ သူတို့ သားအမ နှစ်ယောက်ကိုတော့ အများက အားကျလောက် စေခဲ့ပြီး အတုယူစရာ မိခင်တစ်ယောက်ရဲ့ ကြိုးစားမှုလည်း ဖြစ်ပါတယ်။

Read More »

မျက်မမြင် ခင်ပွန်းနဲ့ လမ်းမသွားနိုင်တဲ့ ဇနီးတို့ရဲ့ ပျော်ရွှင်စရာ ဘဝဖြတ်သန်းမှု

ကမ္ဘာပေါ်က လူတိုင်း လူတိုင်းမှာ လိုအပ်ချက်ဆိုတာ ရှိကြပါတယ်။ မိမိမှာ ပြည့်စုံတယ် ဆိုတာ ရှိမှာ မဟုတ်သလို တစ်ခုမဟုတ် တစ်ခုကတော့ လိုအပ်နေမှာပါပဲ။ အသက် ၆၃ နှစ်အရွယ် မျက်မမြင် ခင်ပွန်းဟာ လမ်းမလျောက်နိုင်တဲ့ ဇနီးကို ထမ်းပြီး တောင်ယာ လုပ်ငန်းခွင်ကို သွားရပါတယ်။ ပြန်ရင်လည်း ဇနီးသည်ကို ကျောမှာပိုးပြီး အိမ်ကို ပြန်ပါတယ်။ ဇနီးသည်ကတော့ အသက် ၅၃ နှစ်ရှိပြီ ဖြစ်ပြီး လမ်းမလျောက်နိုင်တာ ၂၉ နှစ်ရှိပါပြီ။ သူတို့နှစ်ယောက်ဟာ တရုတ်ပြည်ရဲ့ ရွာလေး တစ်ရွာမှာ နေထိုင်ကြပြီး တစ်ယောက်မရှိလို့ မဖြစ်တဲ့ မသန်စွမ်းသူ လင်မယား နှစ်ယောက်ပေါ့။ တစ်ယောက်ရဲ့ လိုအပ်ချက်ကို တစ်ယောက်က …

Read More »

အပျိုကြီး မလုပ်သင့်တဲ့ လူ ၅ မျိုး

၁။ တစ်ယောက်တည်း မနေတတ်တဲ့ သူမျိုး မိမိဟာ အမြဲဆိုသလို တစ်ယောက်တည်း နေရာတာကို မနှစ်ခြိုက်ဘဲ တစုံတစ်ယောက် လိုအပ်နေတဲ့ စိတ်တွေ ရှိနေရင်တော့ အပျိုကြီး မလုပ်တာ အကောင်းပါ။ ဒါကြောင့် ချစ်တဲ့ သူတစ်ယောက်တော့ ဘဝအတွက် ရှာထားဖို့ လိုပါတယ်။ ၂။ အထီးကျန်တာကို မုန်းသူ မိမိဟာ အထီးကျန်ခြင်း ဆိုတဲ့ အရာကို မုန်းတီးတယ် ဆိုရင်တော့ အပျိုကြီး လုပ်ဖို့ မသင့်ပါဘူး။ ပျော်ရွှင်စရာ ကောင်းတဲ့ မိသားစုကို ဖန်တီးသင့်ပါတယ်။ ၃။ အားငယ်တတ်သူ မိမိဟာ အမြဲတန်း စိတ်အားငယ် တတ်လို့ အကူအညီလိုရင်တော့ အပျိုကြီး အဖြစ် ဘဝမှာ မရပ်တည်တာ အကောင်းဆုံးပါ။ …

Read More »

မိန်းမတစ်ယောက်ရဲ့ ဘဝကို ဖျက်ဆီးနိုင်တဲ့ ယောင်္ကျား ၄ မျိုး

၁။ သစ္စာမရှိတဲ့ သူမျိုး သစ္စာမရှိတဲ့ ယောင်္ကျားမျိုးကို လက်မထပ်မိအောင် ဂရုစိုက်ပါ။ သစ္စာမရှိတဲ့ ယောင်္ကျားမျိုးက သင့်ဘဝကို ဖျက်ဆီးပြစ်နိုင်သလို သင့်ကိုလည်း တစ်သက်လုံး စိတ်းဒုက္ခရောက်စေပါလိမ့်မယ်။ ၂။ ဟန်ဆောင်ကောင်းတဲ့ ယောင်္ကျား တစ်စုံတစ်ခုကို ဖုံးကွယ်တတ်ပြီး ဟန်ဆောင်ကောင်းလွန်းတဲ့ ယောင်္ကျားမျိုးတွေကို သတိထားပါ။ သင့် မသိအောင် အမှားတွေ လုပ်ထားပြီး ဟန်ဆောင်ကောင်းစွာ သင့် အနားမှာ ရှိနေပါလိမ့်မယ်။ ၃။ အရက်သေစာနဲ့ မူးယစ်တွေကို စွဲလန်းနေသူ အရက်သေစာနဲ့ မူးယစ်တွေကို နှစ်နှစ်ခြိုက်ခြိုက် စွဲလန်းနေတဲ့ ယောင်္ကျားမျိုးကို ဝေးဝေးကနေ ရှောင်ပါ။ သူတို့ဟာ သင့် ထက်ပိုပြီး ထိုအရာတွေကို နှစ်သက်တဲ့ အတွက် စိတ်ဆင်းရဲ ရနိုင်ပါတယ်။ ၄။ …

Read More »

မိဘတွေကို ဖုန်းဆက်ဖို့ မေ့နေတတ်တယ်

မိဘနဲ့ အဝေးမှာ နေတဲ့ သူတွေဟာ တစ်ခါတစ်ခေါ မိဘတွေ ဆီကို ဖုန်းဆက်ဖို့ မေ့နေတတ်ပါတယ်။ အလုပ်ရှုပ် နေတာကြောင့်ရယ်၊ အပျော်တွေ ကြောင့်ရယ်၊ စိတ်ညစ်မှုကြောင့်ရယ် ဆိုပြီး မိဘတွေဆီကို ဖုန်းခေါ်ဖို့ မေ့နေတတ်ပါတယ်။ မိဘတွေကတော့ ငါ့သား ငါ့သမီးလေး နေများကောင်းရဲ့လားဆိုပြီး အချိန်တိုင်း တွေးတောနေပေမယ့် သားသမီးတွေကတော့ သတိတောင် နေတိုင်းရချင်မှ ရမှာပါ။ ဒါကြောင့် မိဘတွေကို နေ့တိုင်း ဖြစ်နိုင်ရင် ဖုန်းခေါ်ဖို့ မမေ့ပါနဲ့။ သူတို့က သင့်ဆီက ဖုန်းလေးကို မျှော်နေတာပါ။ သူတို့ ဖုန်းဆက်ရင်လည်း သားသမီးအတွက် အနှောင့်အယှက် ဖြစ်မှာ စိုးတယ်လေ။ မိဘတွေကို ပြစ်မထားပါနဲ့ ဖုန်းလေးနဲ့တော့ အလွမ်းသယ်ပေးပါ။

Read More »

ကိုယ့်ကိုယ် တကယ်ခင်တဲ့ မိတ်ဆွေကောင်းရှိရင် လက်လွတ်မခံပါနဲ့

လောကမှာ ငွေမရှိရင် ငွေပြန်ရှာလို့ ရတယ် ရွှေမရှိရင် ရွှေပြန်ရှာလို့ ရတယ်။ မိတ်ဆွေကောင်း တစ်ယောက် ဆုံးရှုံးသွားပြီ ဆိုရင်တော့ ပြန်ရှာလို့ မရနိုင်တော့ပါဘူး။ မိတ်ဆွေကောင်း ဆိုတာ တစ်ခါတစ်လေ ကိုယ့်အပေါ်မှာ အပြောကြမ်းချင် ကြမ်းမယ် တစ်ချို့ကိစ္စတွေ နားလည်နိုင်ချင်မှ နားလည်နိုင်မယ်။ ဒါပေမယ့် ကိုယ့်ကိုယ် ကောင်းစေချင်တဲ့ စိတ်တော့ သူမှာ အမြဲရှိနေပါလိမ့်မယ်။ ဒါကြောင့် မိတ်ဆွေကောင်း တစ်ယောက်ရဲ့ ကိုယ့်အပေါ် ခံစားချက်ကို နားလည်းနိုင်ပါစေ။ ကိုယ့်ကိုယ် တကယ်ခင်တဲ့ သူတွေ အများကြီး သင့်မှာ ရှိနေတယ် ဆိုရင်တော့ သင်ဟာ တကယ်ကို ကံကောင်းပါပြီ။ သူတို့တွေကို သင့်အနားကနေ ထွက်ခွာမသွားအောင် ကြိုးစားပါ။ ဘယ်တော့မှ လက်လွတ်မခံပါနဲ့။

Read More »

ရုပ်ဆိုးလွန်းလို့ လှောင်ပြောင်တာတွေ မခံနိုင်တော့တဲ့အဆုံး မျက်နှာခွဲစိတ်ပြီး ချမ်းသာတဲ့သူနဲ့ လက်ထပ်နိုင်ခဲ့

ရုပ်ဆိုးဖူးမှ ရုပ်ဆိုးတဲ့ ခံစားချက်ကို နားလည်နိုင်မှာပါ။ ရုပ်ချောသူတွေကတော့ ရုပ်ဆိုးခြင်းရဲ့ ခံစားချက်ကို ဘယ်နားလည်နိုင်ပါ့မလဲနော်။   ဗီယက်နမ်နိုင်ငံမှ အသက် ၂၂ နှစ်အရွယ် မိန်းမကလေးဟာ ဘွဲ့ရပြီးပြီးခြင်းမှာလည်း ပလပ်စတစ်ဆာကျူရီ လုပ်ခဲ့ပါတယ်။ ကျောင်းတက်နေစဉ် ကာလတစ်လျောက်လုံး သူများတွေရဲ့ လှောင်ပြောင်တာကို မကြာခဏဆိုသလို ခံစားခဲ့ရပါတယ်။ ဒါကြောင့် နာကျဉ်းမုန်းတီးတဲ့ စိတ်နဲ့ ဘွဲ့ရပြီးပြီးခြင်းမှာပဲ ခုလို ပြုလုပ်ခဲ့တာပါ။ ထို့နောက်မှာတော့ ချမ်းသာတဲ့ အမျိုးသား တစ်ယောက် သူမကို ချစ်ခွင့်ပန်ခဲ့ပြီး ၆ လအကြာမှာတော့ သူတို့နှစ်ဦး လက်ထပ်ခဲ့ကြပါတယ်။ ခုလိုရင် ကောင်မလေးဟာ အများက အားကျစရာကောင်းတဲ့ အလှပိုင်ရှင် တစ်ယောက် ဖြစ်နေပါပြီ။

Read More »

အဘိုးဟာ ကင်ဆာရောဂါနဲ့ ရက်အနည်းငယ်အတွင်း သေရတော့ပေမယ့် ချစ်သူကောင်မလေးကို လက်ထပ်သွားခဲ့

အသက် ၆၃ နှစ်အရွယ် ကင်ဆာ ဝေဒနာသည်ရဲ့နောက်ဆုံးဆန္ဒကတော့ အသက် ၄၅ နှစ်အရွယ် သူ့ချစ်သူနဲ့ လက်ထပ်ဖို့ပဲ ဖြစ်ပါတယ်။ သူဟာ ကင်ဆာဝေဒနာကြောင့် ရက်အနည်းငယ် အတွင်း သေဆုံးတော့မှာ ဖြစ်ပေမယ့် သူ့ရဲ့နောက်ဆုံး ဆန္ဒကို အားလုံးက ဖြည့်ဆည်းပေးချင် ကြပါတယ်။ ဒါကြောင့် ဆေးရုံပေါ်က ကုတင်မှာပဲ မင်္ဂလာပွဲလေးကို ပြုလုပ်ပေးခဲ့ ကြပါတယ်။ မိတ်ဆွေ သူငယ်ချင်းတွေအားလုံး တက်ရောက်ခဲ့ပြီး မင်္ဂလာပွဲကတော့ ပြီးဆုံးသွားခဲ့ပြီ။ အသက် ၆၄ နစ်အရွယ် အဘိုးကတော့ နောက်ဆုံး ဆန္ဒလေး ပြီးပြည့်စုံသွားလို့ ပျော်နေပါတော့တယ်။  

Read More »