Tuesday , September 25 2018
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / News

News

ခင်ပွန်းက ကွာရှင်းဖို့လုပ်လို့ ကလေးတွေကို ဓားနဲ့ထိုးသတ်ပစ်လိုက်တဲ့ မိခင်

အမေရိကန်ပြည်ထောင်စု၊ အင်ဒီယားနားပြည်နယ်မှ အမျိုးသမီးတစ်ယောက်က ကလေးတွေကို ဓားနဲ့ထိုးခဲ့တဲ့အတွက် အပြစ်ရှိကြောင်း ၀န်ခံလိုက်ပြီလို့ Daily Mail သတင်းမှာ ဖော်ပြထားပါတယ်။ ဘရန်ဒီဝါလီ လို့ အမည်ရတဲ့ အသက် ၃၁ နှစ်အရွယ် အမျိုးသမီးဟာ သူမရဲ့ ကလေးနှစ်ယောက်ကို ဓားနဲ့သေသည်အထိ အကြိမ်ကြိမ်ထိုးသတ်ခဲ့သူပါ။ သူမက ခင်ပွန်းဖြစ်သူက ကွာရှင်းရန် ဆောင်ရွက်နေတာကြောင့် ကလေးတွေကို ဓားနဲ့ထိုးရခြင်း ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကို ပြောကြခဲ့ပါတယ်။ ရဲမှတ်တမ်းများအရ သူမက တိုက်ခိုက်ရေးဓားမြှောင်ကို သုံးလျက် အသက် သုံးနှစ်အရွယ် ချာလီ နဲ့ အသက် ခုနှစ်နှစ်အရွယ် တိုင်လာ တို့ကို ထိုးသတ်ခဲ့ကြောင်း သိရပါတယ်။ သူမရဲ့ ခင်ပွန်းဖြစ်သူ ဂျတ်ဆင်ဝါလီ က အခင်းဖြစ်ပွားစဉ် …

Read More »

တစ်ပတ်လျှင် ယောက်ျားတစ်ယောက်နှုန်း မင်္ဂလာဆောင်ပြီး မင်္ဂလာစရိတ် လိမ်လည် ထွက်ပြေးနေသော အမျိုးသမီး

ထိုင်းရဲတပ်ဖွဲ့က အမျိုးသားများကို လှည့်လည်မင်္ဂလာဆောင်လျက် တစ်ကြိမ်လျှင် ဒေါ်လာ ၆၀၀၀ မှ ဒေါ်လာ ၁၅၀၀၀ ပမာဏရှိသော မင်္ဂလာကြေးများကို ယူငင်ထွက်ပြေးနေသူ အမျိုးသမီးကို အပူတပြင်း ရှာဖွေလျက်ရှိပါတယ်။ လက်ရှိအချိန်မှာ တိုင်ကြားထားသည့် အမျိုးသား (၁၃) ဦးအထိ ရှိနေပြီဖြစ်ပြီး သူတို့က အဆိုပါ အမျိုးသမီးကို မင်္ဂလာကြေး ထုတ်ပေးခဲ့ကြသူတွေ ဖြစ်ပါတယ်။အဆိုပါ အမျိုးသမီးရဲ့ ဓလေ့အရ သတို့သမီးက သတို့သားကို တင်တောင်းရပြီး၊ ထိုသို့ ဓလေ့အတိုင်း တင်တောင်းနိုင်ရန် အမျိုးသားများက ကြိုထုတ်ပေးထားတဲ့ ငွေများကို လိမ်လည် ထွက်ပြေးသွားခဲ့တာလည်း ဖြစ်ပါတယ်။ အမျိုးသမီးရဲ့ သားကောင်ဖြစ်ခဲ့ရသူ တစ်ဦးကတော့ အသက် ၃၂ နှစ် အရွယ် ပရာဆမ် တိုင်ရာမြန် …

Read More »

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခုချိန် အဖြစ်ချင်ဆုံး ဆန္ဒက ဘာများလဲ ?

ငြိမ်းချမ်းရေး စကားဝိုင်း၊ မြောင်းမြမြို့ (၁၀-၄-၂၀၁၈) မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲဒီစကားဝိုင်းမှာ ခုချိန်မှာ အမေစုရဲ့ အဖြစ်ချင်ဆုံး ဆန္ဒကို သိခွင့်ရရင် ပြောပါလို့ ကိုမြတ်မင်းသူက မေးခွန်း မေးခဲ့ပါတယ်။ ထိုမေးခွန်းအတွက် ” ဒေါ်အောင်ဆန်းစုကြည်က တစ်ယောက်ခြင်း တစ်ယောက်ခြင်း တာဝန်သိစိတ် ” ပြည့်ဝစေချင်ပါတယ်လို့ ပြောခဲ့ပါတယ်။ ဓာတ်ပုံ – AP

Read More »

၁၃ နှစ်သားက အဖွားကို သေနတ်ဖြင့် ပစ်သတ်

အီတလီနိုင်ငံမှာ အသက် ၆၇ နှစ်အရွယ် အဖွားအိုတစ်ယောက်ဟာ မြေးဖြစ်သူရဲ့ သေနတ်နဲ့ ပစ်သတ်ခြင်းကို ခံလိုက်ရပါတယ်။ သေနတ်ဟာ တရားခံရဲ့ ဖခင်ဖြစ်သူ လိုင်စင်နဲ့ ကိုင်ဆောင်တဲ့ အမဲလိုက်ရိုင်ဖယ် ဖြစ်ကြောင်း သိရပါတယ်။ ဖြစ်ပွားခဲ့တဲ့ ကြေကွဲဖွယ်ဖြစ်ရပ်ဟာ အီတလီ၊ ဘတ်စီလီကာတာဒေသ၊ တီအာနာမှာ ဖြစ်ပွားခဲ့ပါတယ်။ တရားခံကလေးငယ်ရဲ့ဖခင်ဖြစ်သူဟာ အမဲလိုက်ခရီးစဉ်မှ ပြန်လာစဉ် ကလေးငယ်က သေနတ်ကိုယူငင် လက်တည့်စမ်းရာမှ ဖြစ်ပွားခဲ့ပါတယ်။ကလေးငယ်ရဲ့ အသက်မှာ ၁၃ နှစ် ဖြစ်ကြောင်းကို ဒေသတွင်း La Gazzetta del Mezzogiorno နေ့စဉ်သတင်းစာမှ သူ့ရဲ့ ၀ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။ အဖွားဖြစ်သူမှာ သေနတ်ထိမှန်ပြီးပြီးခြင်း သေဆုံးသွားခဲ့ပါတယ်။

Read More »

တိုက်ခန်းတစ်ခုအတွင်း ပိတ်မိနေတဲ့ ကြောင် ၉၄ ကောင်ကို အရေးပေါ် ကယ်ထုတ်

“ သူတို့တွေမှာ မစင်နဲ့ သေးနံ့တွေ စွဲကပ်နေတယ်။သူတို့ ခန္ဓာကိုယ်တွေ ဟာ သေးတွေနဲ့ ပေကျံနေပြီး အမွှေးတွေကလည်း မစင်တွေနဲ့ စေးကပ်နေ ပါတယ်။ဒဏ်ရာရတဲ့ ကြောင်တွေကလည်း အများကြီးပါ။အချို့ကြောင်တွေ က မျက်လုံးတွေ ကျွတ်ထွက်နေပါတယ်။ ပြီးတော့ ကြောင်တော်တော်များ များက ဖျားနာနေကြတယ်။အားလုံးက ပါးစပ်မှာ အမြှုပ်တွေ ထွက်နေကြပါ တယ် ”. . . လို့ ကြောင်စောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။ စင်ကာပူနိုင်ငံ၊ ဆန်ကန် မှာ ရှိတဲ့ တိုက်ခန်းတစ်ခုအတွင်းမှ ကြောင် ၉၄ ကောင်ကို ကြောင်ပြုစုစောင့်ရှောက်ရေးအသင်း မှ တာဝန်ရှိသူများ က ၀င်ရောက် ကယ်ဆယ်ခဲ့ရပါတယ်။ကြောင်လေးတွေဟာ အင်မတန်ဆိုးရွားတဲ့ အနေအထိုင် အစားအသောက်နဲ့ …

Read More »

ကိုယ်ဝန်ဆောင် သခင်ကို ဓားနဲ့ အကြိမ်ကြိမ်အထိုးခံပြီး ကာကွယ်ပေးခဲ့တဲ့ ခွေးလေး

သြစတြေးလျနိုင်ငံ၊ ပါ့သ်မှာ ကိုယ်ဝန်ဆောင်သခင်ကို ကာကွယ်ရင်း အိမ်မွေးခွေးတစ်ကောင် ဓားထိုးခံရတဲ့ သတင်းကို  Daily Mail သတင်းမှာ ဖော်ပြထားပါတယ်။ ဘူးလက် လို့ အမည်ပေးတဲ့ အဆိုပါခွေးကို အသက် ၃၉ နှစ်အရွယ်  အမျိုးသားတစ်ဦးက ခေါင်း၊ ပုခုံးနဲ့ ရင်ဘတ်မှာ စုစုပေါင်း သုံးချက်လောက် ဓားနဲ့ ထိုးသွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒဏ်ရာများရရှိထားတဲ့ ခွေးက အခင်းဖြစ်ပွားရာ အိမ်မှ အနီးဝန်းကျင် သစ်ပင်ကို ပြေးထွက်သွားပြီး နံနက် ၂ နာရီလောက်မှာ လဲပြိုကျသွားကြောင်း သိရပါတယ်။ တိုက်ခိုက်သူက ဓားနှစ်လက်ကို ကိုင်ဆောင်၍ ကိုယ်ဝန်ဆောင်အမျိုးသမီးကို ခြိမ်းခြောက်နေစဉ် ခွေးက ရုတ်တရက်ပြေးဝင် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အသက် …

Read More »

ပုရွက်ဆိတ်တွေ ရှိနေတဲ့ အမှိုက်ပုံးထဲမှာ စွန့်ပြစ်ခဲ့ပေမယ့် အသက်မသေတဲ့ မွေးကင်းစ မိန်းကလေး

ဒီလို အဖြစ်အပျက် မျိုးဟာ နိုင်ငံတိုင်းမှာ ဖြစ်နေကြ အဖြစ်အပျက်တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ အိန္ဒိယနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်လေးကတော့ တကယ့်ကို အံ့အားသင့်စရာပါ။ မွေးကင်းစ ကလေး မိန်းကလေးကို ပုရွက်ဆိတ်တွေ ရှိနေတဲ့ အမှိုက်ပုံးထဲမှာ မိဘတွေက စွန့်ပြစ်ခဲ့ကြပါတယ်။ ဒါပေမယ့် အဒီကလေးဟာ လုံးဝ မသေပဲ အသက်ရှင်နေခဲ့ပါတယ်။ ပုရွက်ဆိတ်တွေလည်း ရှိနေခဲ့ပေမယ့် ကလေး အသက် မသေခဲ့ပါဘူး။ သူမကို အမှိုက်ကောက်တဲ့ သူနှစ်ဦးကနေ တွေ့ရှိခဲ့ပြီး ရဲကို အကြောင်းကြားခဲ့ပြီး ချက်ချင်း ဆေးရုံကို တင်နိုင်ခဲ့ပါတယ်။ ခုတော့ သူမဟာ စိတ်ချစွာ အသက်ရှင်နေခဲ့ပါပြီ။ ရဲတွေကတော့ ကလေးကို စွန့်ပြစ်ခဲ့တဲ့ မိဘတွေကို လိုက်ရှာနေပြီး အရေယူဖို့လည်း ရှိပါတယ်။

Read More »

အမေ့ခေါင်း မနာအောင် သားရဲ့ လက်ပေါ်မှာ အိပ်စက်ပါနော်

တစ်ချို့သော သားသမီးတွေမှာ မိဘအတွက် အမြဲတွေးတော ထားတာတွေ ရှိတယ်။ အဆင်မပြေတဲ့ မိသားစုမှ မွေးတဲ့ ကလေးတွေ ဆိုရင် ပိုပြီး မိဘအတွက် ရည်မှန်းချက် ရှိပါလိမ့်မယ်။ တရုတ်နိုင်ငံမှ ရထားတစ်စင်းပေါ်မှာ အမေ့ခေါင်း နာမှာ စိုးလို့ သားဖြစ်သူက လက်နဲ့ခံပေးထားပါတယ်။ တစ်နေကုန် အလုပ်ပင်ပန်းနေတဲ့ အမေတစ်ယောက် ရထားပေါ်မှာ အိပ်ပျော်နေတာကို သားဖြစ်သူက ကြည့်ပြီး သူ့ရဲလက်ကို ခေါင်းအုံးအဖြစ် ပြုလုပ်ပေးခဲ့တာပါ။ ဒီအဖြစ်အပျက်ကို ဘေးလူတွေက ကြည့်ပြီး မိဘအပေါ်မှာ သိတတ်တဲ့သားလေး အဖြစ် သူ့ကို အသိအမှတ်ပြုခဲ့ကြပါတယ်။

Read More »

မိတ်လိုက်နေသော ဧရာမ စပါးကြီးမြွေနှစ်ကောင်ကို ဖမ်းမိ

မလေးရှားနိုင်ငံမှာ ဧရာမ စပါးကြီးမြွေကြီးတစ်ကောင်နဲ့ နောက်ထပ် ပေ ၂၀ အရှည်ရှိတဲ့ မြွေမကြီးတစ်ကောင်နဲ့ မိတ်လိုက်နေစဉ် ဖမ်းဆီးရရှိခဲ့ကြောင်း Mirror က ဖေဖော်ဝါရီ ၁၃ မှာ ဖော်ပြထားပါတယ်။ ဒေသခံတွေက မလေးရှားနိုင်ငံ ဘော်နီယိုကျွန်းမှာ အဆိုပါမြွေကြီးနှစ်ကောင်ကို ၀ိုင်းဝန်းဖမ်းဆီးခဲ့ကြတာ ဖြစ်ပါတယ်။ ဒေသခံများက လဲကျနေသော သစ်ပင်တစ်ခုအတွင်းမှ ထူးဆန်းသောအသံများ ထွက်ပေါ်လာ၍ စစ်ဆေးကြည့်ရာမှာ ဆာရ၀ပ်ဒေသ အစွန်အဖျားပိုင်းမှာ အရသာရှိသော တန်ဖိုးကြီးအစားအစာအဖြစ် သတ်မှတ်ခံထားရတဲ့ စပါးကြီးမြွေကြီးများ ဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။ ရွာသားများက သစ်ပင်ရဲ့ အခေါက်ခွံကို လွှစက်များနဲ့ ဖြတ်တောက်ခွာခဲ့ကြပြီးနောက် လူပေါင်းများစွာက ဧရာမ မြွေကြီးနှစ်ကောင်ကို ဆွဲထုတ်လျက် အသေပစ်သတ်ခဲ့ကြပါတယ်။ အဆိုပါမြွေကြီးနှစ်ကောင်ကို ထရပ်ကားနဲ့ သယ်ဆောင်သွားခဲ့ကြပြီး ညစာချက်ပြုတ် …

Read More »

အိပ်စရာ အခက်အခဲ ရှိနေတဲ့ မိသားစုနဲ့ ကလေးတွေအတွက် ကွပ်ပျစ်ပြုလုပ်ပေးခဲ့တဲ့ ရဲဝန်ထမ်းတွေ

မြင်းခြံမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် နိုင်ဝင်းထွန်းနှင့် နယ်ထိန်း တပ်ဖွဲ့ဝင်များသည် ၂၉-၇-၂၀၁၆ ရက်နေ့ ၁၄း၀၀ အချိန်၌ မြင်းခြံမြို့ အမှတ် ၁၉ ရပ်ကွက် နယ်မြေ ၃ နေ ကိုမောင်စန်း မတင်တင်ဝင်းတို့နေအိမ်တွင် HOME VISIT ဆောင်ရွက်ခဲ့ပါတယ်။ ၄င်းနေအိမ်တွင် မိသားစု ၇ ဦးရှိပြီး ကလေးများမှာ အိပ်ရန်ကွပ်ပျစ်မရှိပဲ မြေကြီးပေါ်တွင်ဖျာခင်း အိပ်နေသည်ကိုတွေ့ရှိရ သဖြင့် ကျန်းမာရေးထိခိုက်မည်စိုး၍ ကလေးငယ်များ အိပ်ရန် ကွပ်ပျစ်ပြုလုပ် ပေးခဲ့ကြောင်း သိရပါတယ်။ ဒီသတင်းကတော့ အွန်လိုင်းပေါ်တွင် အများပြောစရာတစ်ခု အဖြစ်ရှိနေပြီး ခုလို ကူညီပေးခဲ့တဲ့ ရဲဝန်ထမ်းတွေ အတွက်လည်း ဂုဏ်ယူနေကြပါတယ်။ သတင်း- ကိုကိုအောင်

Read More »