Tuesday , June 19 2018
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Featured / Youtube မှာ ပိုက်​ဆံရှာ​နေတဲ့သူ​တွေကို တင်းကြပ်​တဲ့စည်းမျဉ်း​တွေချမှတ်​လိုက်​တဲ့ Youtube

Youtube မှာ ပိုက်​ဆံရှာ​နေတဲ့သူ​တွေကို တင်းကြပ်​တဲ့စည်းမျဉ်း​တွေချမှတ်​လိုက်​တဲ့ Youtube

Youtube ဟာ သူ့ Platform ​ပေါ်မှာ ပိုက်​ဆံရှာ​နေတဲ့သူ​တွေအတွက်​ပိုမိုတင်းကြပ်​တဲ့ စည်းမျဉ်း​တွေကို လတ်​တ​လောမှာ ချမှတ်​လိုက်​ပါတယ်​။ ဒါဟာ Youtube သုံးစွဲသူ​တွေနဲ့ ​ကြော်​ညာသူ​တွေကြားဖြစ်​​ပေါ်​နေတဲ့ ပြဿများကို​ဖြေရှင်းရန်​အတွက်​ လုပ်​​ဆောင်​ခဲ့တာ ဖြစ်​တယ်​လို့ Google က​ကြေညာခဲ့ပါတယ်​။

ဒီစည်းမျဉ်းမှာဆိုရင်​ Channels အသစ်​​တွေဟာ Youtube မှာ ပိုက်​ဆံ​ပေးတဲ့ Program ဖြစ်​တဲ့ YouTube Partner Program (YPP) ကိုဝင်​​ရောက်​မှတ်​ပုံတင်​ဖို့အတွက်​ subscribers အ​ယောက်​ ၁၀၀၀ နဲ့ View Time နာရီ ၄၀၀၀ ရှိဖို့လိုအပ်​မှာ ဖြစ်​ပါတယ်​။ အရင်​ကဆိုရင်​ Youtube က ပိုက်​ဆံ​ပေးတဲ့ YouTube Partner Program (YPP) ကိုမှတ်​ပုံတင်​ဖို့အတွက်​ Channel ​တွေအ​နေနဲ့ View ​ပေါင်း ၁၀၀၀၀ ရှိရုံနဲ့သာဝင်​ခွင့်​ရခဲ့တာ ဖြစ်​ပါတယ်​။ လက်​ရှိမှာ ချမှတ်​လိုက်​တဲ့ ဒီစည်းမျဉ်းကို ၂၀၁၈ ​ဖေ​ဖော်​ဝါရီ ၂၀ ရက်​​နေ့မှာ စတင်​ကျင့်​သုံးမှာ ဖြစ်ပါတယ်​။

ဒီစည်းမျဉ်း​ကြောင့်​ လက်​ရှိအချိန်​ Youtube မှာ ​ဗီဒီယို ​တွေဖန်​တီးပြီး ပိုက်​ဆံရ​နေကြသူအများစုဟာ ပိုက်​ဆံရ​တော့မှာ မဟုတ်​တာ​ကြောင့်​ ဒီစံချိန်​နဲ့ကိုက်​ညီဖို့ ကြိုးစား​နေကြတယ်​ လို့သိရပါတယ်​။

“ဒီစည်းမျဉ်းဟာ အခုမှ စလုပ်​မယ့်​ သူ​တွေအတွက်​​တော့ ခက်​ခဲတဲ့ စည်းမျဉ်းတစ်​ခုဖြစ်​​ပေမဲ့ ကျိုး​ကြောင်းဆီ​လျော်​တဲ့ လုပ်​​ဆောင်​ချက်​တစ်​ခုလည်းဖြစ်​ပါတယ်​။ ဘာ​ကြောင့်​လဲဆို​တော့ ဒီကြည့်​ရှုသူဦး​ရေ​တွေဟာ ကိုယ်​ဖန်​တီးထားတဲ့ ​ဗီဒီယိုက ​အရည်​အချင်းပြည့်​မှီတယ်​ဆိုတဲ့ စံနှုန်းတစ်​ခုပါပဲ။” လို့ Just Kidding ဗီဒီယို ဖြန့်​ချီ​ရေးမှ Joe jo ကဆိုပါတယ်​။


ဒါ့အပြင့်​ Google ဟာ community strikes, spam, and other abuse flags စတဲ့ သုံးစွဲသူ​တွေက တိုင်​ကြားတဲ့အရာ​တွေကိုလည်း အ​လေးအနက်​ထားလုပ်​​ဆောင်​သွားမှာဖြစ်​ပြီးstrikes သုံးကြိမ်​အပြခံရတယ်​ဆိုရင်
YPP အစီအစဉ်​မှ ဖယ်​ထုတ်​သွားမှာ ဖြစ်​ပါတယ်​။

Slash (ပစ်​တိုင်း​ထောင်​)

Ref : Nextshark

Check Also

ရုပ်ဆိုးလွန်းလို့ လှောင်ပြောင်တာတွေ မခံနိုင်တော့တဲ့အဆုံး မျက်နှာခွဲစိတ်ပြီး ချမ်းသာတဲ့သူနဲ့ လက်ထပ်နိုင်ခဲ့

ရုပ်ဆိုးဖူးမှ ရုပ်ဆိုးတဲ့ ခံစားချက်ကို နားလည်နိုင်မှာပါ။ ရုပ်ချောသူတွေကတော့ ရုပ်ဆိုးခြင်းရဲ့ ခံစားချက်ကို ဘယ်နားလည်နိုင်ပါ့မလဲနော်။   ဗီယက်နမ်နိုင်ငံမှ အသက် ၂၂ နှစ်အရွယ် မိန်းမကလေးဟာ ဘွဲ့ရပြီးပြီးခြင်းမှာလည်း …

Leave a Reply

Your email address will not be published. Required fields are marked *